Sunday, January 26, 2020

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ပဉ္စမအကြိမ် အသင်းဝင်များစုံညီတွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်



Image may contain: 3 people, people sitting and crowd
ရန်ကုန် ဇန်နဝါရီ ၂၅



မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ပဉ္စမ အကြိမ် အသင်းဝင်များ စုံညီတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုကြပြီး မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများက ပွဲတိုင်းကျော် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကား ပြောကြားရာတွင် မြန်မာ့အားကစားလောက အခြေအနေ အရပ်ရပ် တိုးတက်အောင်မြင်မှုရရှိရန် မည်သို့လုပ်ဆောင် သင့်သည်ကို အကြံပြုစာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ ပြောကြားစေလိုပြီး မိမိတို့ဘက်က ဆရာများ၏ အကြံ ဉာဏ်များကို သေသေချာချာ လေးလေးစားစားဖြင့် အတတ် နိုင်ဆုံး ဆောင်ရွက်ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း။
စွမ်းဆောင်မှုမြှင့်တင်
မကြာမီရက်ပိုင်းအတွင်း အားကစားသိပ္ပံကျောင်း ခြောက်ကျောင်း၏ လုပ်ဆောင်ချက်များကို အသေးစိတ် လေ့လာသုံးသပ်၍ စွမ်းဆောင်မှုမြှင့်တင်လုပ်ဆောင်ရန် လျာထားပါကြောင်း၊ ယခုအခါ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး (EIM) ကို တစ်ပြည်လုံးအတိုင်းအတာအရ လုပ်ဆောင်နေပြီဖြစ်ပါကြောင်း၊ ရပ်ကွက်၊ မြို့နယ် အားကစားကွင်းများ အထူးသဖြင့် အကျဉ်းစခန်းများတွင် လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် အကျဉ်းသားများ အနေဖြင့် အားကစားပြုလုပ်လျှင် ပျော်ရွှင်မှုနှင့် စိတ်ဓာတ် ခံယူချက် ပြောင်းလဲသွားပြီး နိုင်ငံတော်အတွက် အလွန် အကျိုးရှိသည့်ကိစ္စတစ်ရပ် ဖြစ်လာနိုင်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်း များ အသင်းဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာအားကစားလက်ရွေးစင်ဟောင်းများ အသင်းကို ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် 27th Sea Games ပြိုင်ပွဲအပြီးတွင် မြန်မာ့လက်ရွေးစင် ဟောင်းများက စုစည်းတိုင်ပင်၍ မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီ ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အသင်းဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ မြန်မာ့အားကစားတိုးတက် အောင်မြင် စေရေး၊ မြန်မာ့လက်ရွေးစင်ဟောင်းများ ချစ်ခင်ညီညွတ် စွာစုစည်း၍ အချင်းချင်း လူမှုရေးလိုအပ်ချက်များ ကူညီစောင့်ရှောက်ရေးနှင့် နိုင်ငံတော်၏အားကစားဆိုင်ရာ အရေးကိစ္စများတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးစသည့်အချက်များဖြင့် ဖွဲ့စည်း ထားခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်း များအသင်း အတွင်းရေးမှူး ဦးစိုးသိန်းက အသင်း၏ ငါးနှစ်တာဆောင်ရွက်မှုများကို အစီရင်ခံတင်ပြ၍ မြန်မာ့ အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ ဂုဏ်ထူး ဆောင်အသင်းဝင် မြန်မာ့လက်ရွေးစင် အလေးမအားကစား သမားဟောင်း ဦးစိုးဝင်းက ဆုံးမသြဝါဒစကား ပြောကြား သည်။
ဆက်လက်၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်း များအသင်းသို့ အလှူငွေများ လှူဒါန်းကြရာ အားကစား နှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်အသီးသီးနှင့် အလှူရှင်များက အလှူငွေကျပ် စုစုပေါင်း သိန်း ၁၀၀ ကျော် ခန့် လှူဒါန်းရာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အသင်းဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဒုတိယဥက္ကဋ္ဌ ဦးတင်အောင် နှင့် အမှုဆောင်တို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်သည်။
ပေးအပ်လှူဒါန်း
ယင်းနောက် မြန်မာ့အားကစားသမား လက်ရွေးစင် ဟောင်းများအသင်းဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက နှစ်ပတ်လည် မဂ္ဂဇင်းဖြစ်မြောက်ရေး၊ မဂ္ဂဇင်းထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ကြသော ကြော်ငြာရှင်များ၊ ကာတွန်း၊ ဝတ္ထုတိုဆောင်းပါး စာမူရှင်များအား မှတ်တမ်းလွှာနှင့် တကွ အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး အမျိုးသား စာကြည့်တိုက်နှင့် တက္ကသိုလ်များဗဟိုစာကြည့်တိုက်သို့ နှစ်ပတ်လည်မဂ္ဂဇင်းများအား တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှ စာကြည့်တိုက်မှူးထံသို့ ပေးအပ်လှူဒါန်း သည်။
ထို့နောက် မြန်မာ့အားကစားသမားလက်ရွေးစင် ဟောင်းများအသင်းအမှုဆောင် ပြေးခုန်ပစ်လက်ရွေးစင် ဟောင်း ဦးသန့်ဇင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြား၍ တက်ရောက်လာကြသော ဧည့်သည်တော် များနှင့် လက်ရွေးစင်ဟောင်းများအား စုံညီတွေ့ဆုံပွဲ အထိမ်းအမှတ် ကံစမ်းမဲဖောက်ပေးပြီး နေ့လယ်စာနှင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment