Wednesday, January 8, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂါနာနိုင်ငံသံအမတ်ကြီး အာကူရာ ဆီကီဝါ အာဟန်ကော်ရာအား လက်ခံတွေ့ဆုံ


နေပြည်တော် ဇန်နဝါရီ ၇
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကွာလာလမ်ပူမြို့အခြေစိုက် မြန်မာ နိုင်ငံဆိုင်ရာ ဂါနာနိုင်ငံသံအမတ်ကြီး အာကူရာ ဆီကီဝါ အာဟန်ကော်ရာ အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေးအမြင်ချင်းဖလှယ်
တွေ့ဆုံစဉ် မြန်မာ-ဂါနာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေး ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြ သည်။
သတင်းစဉ်

No comments:

Post a Comment