Tuesday, January 7, 2020

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မိုးကုတ်မြို့၌ လီဆူးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ နီပေါလ်(ဂေါ်ရခါး)၊ ခိုလုံလီရှော၊ ကိုးကန့်နှင့် မုန်းဝန်းယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် တွေ့ဆုံ


နေပြည်တော် ဇန်နဝါရီ ၆
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရွှေလိပ်ပြာဟိုတယ်အစည်းအဝေးခန်းမ၌ လီဆူးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ နီပေါလ်(ဂေါ်ရခါး)၊ ခိုလုံလီရှော၊ ကိုးကန့်နှင့် မုန်းဝန်းယဉ်ကျေးမှုအဖွဲ့ဝင်များကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးသည်။
သစ္စာစီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ စတင်တာဝန် ယူချိန်မှစ၍ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေး နိုင်ရေးအတွက် သစ္စာစီမံချက်များရေးဆွဲကာ ဖြေလျှော့မှု များဖြင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ယင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကိုအခြေခံ၍ သတ်မှတ်အထောက်အထား စာရွက်စာတမ်းများအရ ဆောင်ရွက်ရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်း ဆိုင်ရာအရ ကြန့်ကြာမှုများလည်း ရှိပါကြောင်း၊ အထောက် အထားမပြည့်စုံမှုများကြောင့် ကြန့်ကြာမှုများအပေါ် ပြည်သူများ အထင်အမြင်လွဲမှားမှုများလည်း ရှိပါကြောင်း၊ ယခု မိုးကုတ်မြို့ရှိ လီဆူးတိုင်းရင်းသားများနှင့်ပတ်သက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ကာလတစ်ခု သတ်မှတ်ကာ စီမံချက်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များက ပူးပေါင်းကူညီဆောင်ရွက်ပေး ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ထို့နောက် ရှမ်းပြည်နယ် လီဆူးတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဂူဆာ၊ မိုးကုတ်မြို့ရှိ လီဆူးစာပေနှင့် ယဉ်ကျေးမှု အဖွဲ့နာယက ဦးယောဆက်နှင့် တာဝန်ရှိသူများက မိုးကုတ် မြို့နယ်အတွင်းရှိ လီဆူးတိုင်းရင်းသားများ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး နိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များအပေါ် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေးနှင့် လုပ်ငန်းများအဆင်ပြေချောမွေ့ စေရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးမည့် အစီအစဉ် များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ရှင်းလင်းပြောကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ခန်းမ၌ နီပေါလ်(ဂေါ်ရခါး)ယဉ်ကျေးမှုအဖွဲ့၊ ခိုလုံလီရှော ယဉ်ကျေးမှုအဖွဲ့၊ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့နှင့် မုန်းဝန်း ယဉ်ကျေးမှုအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များကို တွေ့ဆုံ၍ မိုးကုတ်မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် ပေးမှုများ၊ လုပ်ငန်းစဉ်များအရ လွယ်ကူလျင်မြန်စေရေး အတွက် ဖြေလျှော့ဆောင်ရွက်ပေးမှုများ၊ ဥပဒေလုပ်ထုံး လုပ်နည်းညွှန်ကြားချက်များအပေါ် အခြေခံဆောင်ရွက် ရသည့်အတွက် လိုအပ်သော အထောက်အထားစာရွက် စာတမ်းများ ပြည့်စုံနိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့် အခြေအနေများ၊ သက်ဆိုင်ရာအဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်နှင့် သက်ဆိုင်ရာ ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ များက အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့် သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များအပေါ် ပူးပေါင်းကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို အဖွဲ့အလိုက်ရှင်းလင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဂရုပြုဆောင်ရွက်
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် သပိတ်ကျင်းမြို့နယ် ဖောတောကျေးရွာရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ စစ်ဆေး ရေးအဖွဲ့ရုံးသို့ရောက်ရှိပြီး တာဝန်ကျဝန်ထမ်းများနှင့် တွေ့ဆုံ၍ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများကို ဥပဒေနှင့် အညီ စနစ်တကျဆောင်ရွက်ရေး၊ ကန့်သတ်နယ်မြေများသို့ ခွင့်ပြုချက်မရှိသည့် နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှု မရှိစေရေးအတွက် ဂရုပြုဆောင်ရွက်ကြရေး၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်စပ်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်

No comments:

Post a Comment