Monday, January 27, 2020

အိန္ဒိယသမ္မတနိုင်ငံ (၇၁)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကျင်းပ




Image may contain: 12 people, people standing
ရန်ကုန် ဇန်နဝါရီ ၂၆



အိန္ဒိယသမ္မတနိုင်ငံ၏ (၇၁)နှစ် မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်း အမှတ် ၃၅ ရှိ အိန္ဒိယ သမ္မတနိုင်ငံ သံအမတ်ကြီး နေအိမ်ဝင်း ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် အိန္ဒိယ သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ် သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမား နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့က နှုတ်ခွန်းဆက် စကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်နှင့်ဇနီး၊ သံအမတ်ကြီးတို့က တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့ တက် ရောက်လာကြသူများအား သံအမတ် ကြီးက ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဇနီး၊အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment