Thursday, January 23, 2020

ကမ္ဘာ့ဘဏ်မှချေးငွေဖြင့် ဆောင်ရွက်ရန်ရှိသည့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍဆိုင်ရာစီမံကိန်းတို့အား ဆက်လက်အကောင်အထည် ဖော်နိုင်ရေး ကိစ္စရပ်များဆွေးနွေး




Image may contain: 4 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၂၂



ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ဆိုင်ရာ Country Director Mr. Gevorg Sargsyan အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် ကမ္ဘာ့ဘဏ်မှချေးငွေ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိသည့် ကျန်းမာရေး နှင့် ပညာရေးကဏ္ဍဆိုင်ရာ စီမံကိန်း တို့အား ဆက်လက်အကောင်အထည် ဖော်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်ဖက်ညှိနှိုင်း၍ အတည်ပြုချက် ရယူဆောင်ရွက်ရန် စီစဉ်လျက်ရှိ သည့် လျှပ်စစ်စွမ်းအား ထိရောက် တိုးတက်စေရေးစီမံချက်၊ ကျန်းမာရေး ဆိုင်ရာစီမံချက်နှင့် ငြိမ်းချမ်းသာယာ သော လူထုစီမံချက်တို့နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
ကမ္ဘာ့ဘဏ်မှ ယခုလတွင် ထုတ်ပြန်ခဲ့သည့် မြန်မာစီးပွားရေး လေ့လာမှုအစီရင်ခံစာ (Myanmar Economic Monitor- MEM) တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေး လာမှုနှင့် ပြည်တွင်းရေးရာ ကိစ္စရပ် များရှိနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကြံ့ကြံ့ခံရပ်တည် နိုင်စွမ်းကို ဆက်လက်ပြသလျက်ရှိ ကြောင်း၊ နိုင်ငံ၏ စီးပွားရေး တိုးတက် မှုနှုန်းသည် ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် အားကောင်းလာမှုကြောင့် ၂၀၁၈- ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထား ကြောင်း ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် တာဝန်ရှိပုဂ္ဂိုလ် များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment