Thursday, January 23, 2020

အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံဖွင့်ပွဲအခမ်းအနားကျင်းပ




Image may contain: 4 people, people standing and indoor
ရန်ကုန် ဇန်နဝါရီ ၂၂ 



ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အားကစားနှင့် ကာယပညာဦးစီး ဌာနမှဦးစီး၍ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီနှင့် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသော အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင် မြင့် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ လူမှုရေးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့် ဆေးပညာကို စိတ်ပါဝင်စား ၍ လာရောက်လေ့လာသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ညီလာခံအခမ်းအနား ကို နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက Video ရုပ်သံဖြင့် မိန့်ခွန်းပြောကြားရာတွင် ယခုညီလာခံကြီးကို ကျင်းပခြင်း သည် အားကစားလောကတိုးတက် အောင်မြင်ရန် ဖြစ်သောကြောင့် ဝန်ကြီးဌာနတစ်ခုတည်း သာမက (၄၈)ခုသော အားကစားအဖွဲ့ချုပ် များနှင့် မြန်မာနိုင်ငံအိုလံပစ် ကော်မတီတို့ပါ ပူးပေါင်းဆောင်ရွက်မှ သာ Exercise is Medicine (EIM) ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ EIM ဖြစ်လာခြင်းဖြင့် ကျန်းမာရေး တွင် အလွန်အကျိုးရှိပြီး အားကစား လှုပ်ရှားသူများ၏ နှလုံးသွေးကြော၊ ကြွက်သား၊ အဆုတ်၊ အရိုး စသည်တို့ ကြံ့ခိုင်လာ၍ ကျန်းမာကြံ့ခိုင်သော လူမျိုးအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါ ကြောင်း၊ ဆေးရုံဆေးခန်းများတွင် လူနာ နည်းပါးပြီး ဆရာဝန်ဆရာမများ အနေနှင့် လူနာနည်းပါးသည့်အတွက် အရည်အသွေးပြည့်ဝစွာ ကုသနိုင်ပါ ကြောင်း၊ ယခုအခါတွင် ကိုယ်လက် လှုပ်ရှားဆေးတစ်ပါး EIM ကို တစ်ပြည်လုံး အတိုင်းအတာအရ လုပ်ဆောင်နေပြီဖြစ်ပါကြောင်း။
ယခုညီလာခံကို အားကစား ဆိုင်ရာသိပ္ပံ ပညာနှင့် ဆေးပညာရပ် များ တိုးတက်လာမှုဖြင့် မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်းကို မြင့်မား လာစေရန်၊ အားကစားဆိုင်ရာ တားမြစ်ဆေးဝါးသုံးစွဲမှု ကင်းစင်သော မြန်မာ့အားကစားလောက အဖြစ် ဂုဏ်ယူသိက္ခာရှိစွာ ရပ်တည်နိုင် ရန်၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုများ ပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ညီလာခံကြီးသည် မိမိတို့ မြန်မာလူမျိုးများ လိုအပ်နေသည့် ကွက်လပ်ကို ပြန်လည်ဖြည့်ဆည်းပေး သည့် ညီလာခံဖြစ်ပါကြောင်း၊ ညီလာခံကြီးအပြီးတွင် မြန်မာနိုင်ငံ အားကစားသိပ္ပံနည်းပညာ ပိုမိုဖွံ့ဖြိုး တိုးတက်ပြီး ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ကျန်းမာရေးတွင် လည်း အားကစားသည် ကုထုံးတစ်ရပ် ဖြစ်ပြီး ပြည်သူအားလုံး ပါဝင်သည့့် အားကစားလှုပ်ရှားမှုများ၊ လူထုပါဝင် လာသော အားကစားဆောင်ရွက်မှု များ၊ မြန်မာနိုင်ငံ၏ အနာဂတ်တွင် ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ယခုညီလာခံမှ တွန်းအားတစ်ခုဖြစ် လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာ့ အားကစားလောက၏ Sports Science သည် မည်သည့်အနေ အထားမှ စတင်ပါဝင်ခဲ့ပြီး ယခုအခါ Sports Science သည် မည်သို့သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ် ကြောင်းနှင့် အားကစားလောကကို ဆေးပညာဖြင့် မည်သို့ဆောင်ရွက် ခဲ့ကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ထို့နောက် ညီလာခံအား ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒေါက်တာ ရဲတင့်လွင်နှင့် ဟောပြောပို့ချမည့် နိုင်ငံတကာပညာ ရှင်တို့က အခမ်းအနားကို ဖွင့်လှစ် ပေးကြသည်။
ထို့နောက် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညီလာခံ၌ ခင်းကျင်းပြသထားသော အားကစားဆေးဘက်ဆိုင်ရာ ပြခန်း များကို လှည့်လည်ကြည့်ရှုကြ သည်။
ထို့နောက် ညီလာခံ ဒုတိယ အစီအစဉ်အဖြစ် သရုပ်ပြအစီအစဉ် များစတင်ခဲ့ပြီး နိုင်ငံ ခြောက်နိုင်ငံမှ အသိပညာရှင် ၊ အတတ်ပညာရှင် ၁၄ ဦးအား အားကစားဆိုင်ရာ သိပ္ပံ နည်းကျပညာရပ်များ၊ အားကစား ဆိုင်ရာ ဆေးဘက်ပညာရပ်များကို ၎င်းတို့၏ ကျွမ်းကျင်ရာ ကဏ္ဍ တစ်ခုချင်းအလိုက် ဟောပြော ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment