Thursday, January 23, 2020

ချေးငွေအာမခံအဖွဲ့အစည်း ထူထောင်နိုင်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ငွေကြေးပံ့ပိုးပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




Image may contain: one or more people, people sitting, screen, table and indoor
နေပြည်တော် ဇန်နဝါရီ ၂၂ 



စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ဗဟိုဘဏ်တို့ ပူးတွဲကျင်းပသည့် ချေးငွေအာမခံအဖွဲ့အစည်း ထူထောင်နိုင်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့ ငွေကြေးပံ့ပိုးပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော် M Gallery ဟိုတယ်၌ ကျင်းပရာ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ယနေ့ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် အစိုးရ၏ မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ ချေးငွေ ဝန်ဆောင်မှုပေးရေးနှင့် ထိုင်းနိုင်ငံ ချေးငွေဝန်ဆောင်မှု အဖွဲ့အစည်း၏ စိုက်ပျိုးရေး လုပ်ငန်းများအတွက် SMEs ဆိုင်ရာ ငွေကြေးမူဝါဒများ၊ ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်း များဖြစ်သည့် ချေးငွေချထားခြင်း၊ ကြွေးမြီကောက်ခံခြင်း၊ ရင်းနှီးမြှုပ်နှံ မှုလေ့လာစောင့်ကြည့်ခြင်းနှင့် ချေးငွေ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုများအား သိရှိ နိုင်ပါရန် ကျင်းပပြုလုပ်သော အလုပ်ရုံ ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်း အသေးစားနှင့် အလတ် စားလုပ်ငန်းကဏ္ဍ မြှင့်တင်နိုင်ရန် ဆောင်ရွက်နေသော်လည်း ၎င်းတို့ အတွက် ငွေကြေးရရှိနိုင်မှု ခက်ခဲပါ ကြောင်း၊ သို့ဖြစ်၍ အသေးစား၊ အလတ်စားလုပ်ငန်းကဏ္ဍအတွက် ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်မှသာ မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ တော်အစိုးရသည် “ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP)”၂၀၁၈ - ၂၀၃၀ အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး MSDP ၏ ပန်းတိုင် (၃)၊ မဟာဗျူဟာ (၂) မှာ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ ခြင်းမှတစ်ဆင့် စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ် အကိုင်ဖန်တီးရေးကို အထောက်အကူ ပြုရန် ဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေး ကြီးသည်ကို သိရှိသည့်အားလျော်စွာ ချေးငွေအာမခံ လုပ်ငန်းများအတွက် ချေးငွေအာမခံအဖွဲ့အစည်း တည် ထောင်ရန် အစိုးရမှ စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ Credit Guarantee Corporation (CGC) တည်ထောင် ရခြင်း၏ ရည်ရွယ်ချက်မှာ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းအပါအဝင် SMEs လုပ်ငန်း များ တည်ထောင်နိုင်ရန်အတွက် ချေးငွေ အာမခံဝန်ဆောင်မှုဖြင့် အထောက်အကူပြုနိုင်ရန်နှင့် ငွေရေး ကြေးရေး အဖွဲ့အစည်းများအကြား တွေ့ကြုံလာနိုင်သည့် ကြွေးမြီဆုံးရှုံး နိုင်မှုများကို မျှဝေနိုင်ရန်အတွက် ရည်ရွယ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ထိုင်းနိုင်ငံ ဗဟို ဘဏ်မှ Communication and Corporate Relation Group ၏ Assistant Governor ဖြစ်သူ Mrs. Chantavarn Sucharitakul က ထိုင်းနိုင်ငံ၏ လက်ရှိအောင်မြင်နေ သော Credit Guarantee လုပ်ငန်း များနှင့် SMEs ၊ MSMEs လုပ်ငန်းများ အကြောင်း ပြောကြားခဲ့ပြီး ယခု ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ် ချက်မှာ ထိုင်းနိုင်ငံ ဗဟိုဘဏ်က မြန်မာနိုင်ငံတွင် SMEs ၊ MSMEs နှင့် Credit Guarantee Corporation (CGC) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးကို ရည်ရွယ်၍ ထိုင်းနိုင်ငံ၏ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံ များအား မျှဝေပေးနိုင်ရေးအတွက် လာရောက်ခြင်းဖြစ်ပါကြောင်း ပြော ကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသူများ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး ဆွေးနွေးပွဲအား အစီအစဉ် (၇) ရပ်ဖြင့် ဇန်နဝါရီ ၂၃ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
ဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာ နိုင်ငံဘဏ်များအသင်းနှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ စုစုပေါင်း ကိုယ်စားလှယ် ၁၀၀ ကျော်ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment