Tuesday, January 7, 2020

ကျောက်တန်းမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကမာကလုတ်/ကရင်ချောင်ဓာတ်အားခွဲရုံ ဖွင့်လှစ်

Image may contain: 6 people, people standing and crowd
နေပြည်တော် ဇန်နဝါရီ ၆
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းက အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကမာ ကလုတ်/ကရင်ချောင် ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပသည်။
ဦးစားပေးဆောင်ရွက်လျက်ရှိ
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဘက်ဘက်မှ အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ရာ လမ်းပန်းဆက်သွယ်ရေး လုံခြုံ ချောမွေ့စေရေးနှင့် လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ရရှိစေရေးတို့ကို အဓိကအခန်းကဏ္ဍမှ ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီး ဌာန၏ ရည်မှန်းချက်ဖြစ်သည့် ပြည်သူ များနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင် ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးနိုင် ရေးအတွက် တိုးမြှင့်ဆောင်ရွက်လျက် ရှိရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းအထိနိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံ လုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းအထက်နှင့် ၂၀၃၀ ပြည့်နှစ် တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ လျှပ်စစ်ဓာတ်အားရရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
ယခင်က ကမာကလုတ်ကျေးရွာနှင့် ကရင်ချောင် ကျေးရွာအပါအဝင် ကျောက်တန်းမြို့နယ်နှင့် တံတားမြို့ တို့ရှိ ဇွဲကနာ၊ မင်းဂလွန်း၊ အစဲ၊ နရွဲ ချောင်၊ ခနောင်၊ မြကိုင်း၊ ကုလားတန်း၊ ကွနှီးနှင့် ဇွဲဘာကုန်းတန်းကျေးရွာ ၁၁ ရွာတို့သို့ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ တံတား ဓာတ်အားခွဲရုံမှတစ်ဆင့် ၁၁ ကေဗွီကောင်းကင်ဓာတ်အားလိုင်း ၁၅ ဒသမ ၇ မိုင်ခန့် သွယ်တန်း၍ လည်းကောင်း၊ ကျောက်တန်းမြို့ရှိ မီးပြ၊ ချောင်းဝ၊ ဘော်ဂလွတ်၊ ရွာသစ် ကလေး၊ ပန်းတောနှင့် ဥယျာဉ်ကျေးရွာ ခြောက်ရွာသို့ ၃၃/ ၆၆ ကေဗွီ ၁၀+၃ အမ်ဗွီ‌အေ ကျောက်တန်းဓာတ်အား ခွဲရုံမှတစ်ဆင့်၆၆ ကေဗွီ ကောင်းကင် ဓာတ်အားလိုင်း ၁၃ ဒသမ ၅ မိုင်ခန့် သွယ်တန်း၍လည်းကောင်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပါကြောင်း။
ထိုသို့ဓာတ်အားလိုင်း မိုင်ရှည်လျား စွာဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားရသည့်အတွက် ဓာတ်အားပျောက်ဆုံးမှု များပြားရသည့်အပြင် ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်၍ ဓာတ်အား ပြတ် တောက်သည့်အခါ လိုင်းရှည်လျားမှု ကြောင့် အပြစ်ရှာဖွေရသည့်အချိန် ကြာမြင့်သဖြင့် ဓာတ်အားပြတ်ချိန်ကြာ မြင့်ခြင်းအပြင် ဓာတ်အားပြတ်တောက် မှုအကြိမ်ရေလည်း များလာခြင်းတို့ ကြောင့် ပြည်သူများ လျှပ်စစ်မီးသုံးစွဲ ရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေ ရပါကြောင်း၊ ထို့ကြောင့် ယခု ဓာတ်အား ခွဲရုံအနီးဝန်းကျင်ရှိ ကျောက်တန်းမြို့ နယ်အတွင်း ကျေးရွာနေပြည်သူများအဆင်မပြေမှုများ လျော့နည်းသွား စေရန်အတွက် ဓာတ်အားခွဲရုံကို တိုးချဲ့ တည်ဆောက်ပေးရခြင်းဖြစ်ကြောင်း၊ ယခုလို ဓာတ်အားခွဲရုံများ ဖွင့်လှစ်နိုင် ခြင်းဖြင့် ဓာတ်အားခွဲရုံနှင့် ဆက်စပ်နေ သည့်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ တိုးတက် လာပြီး အလုပ်အကိုင် အခွင့်အလမ်း များ မုချမသွေ တိုးတက်ရရှိလာမည် ဖြစ်ကြောင်း၊ ယခုဓာတ်အားခွဲရုံဖွင့်လှစ် လိုက်ပြီဖြစ်သည့်အတွက် ရှည်လျားစွာ သွယ်တန်းပြီး ဓာတ်အားပေးနေရသည့် ယခင်ဓာတ်အားလိုင်းများမှမဟုတ်ဘဲဓာတ်အားခွဲရုံအသစ်မှ ဓာတ်အား ဖြန့်ဖြူးပေးမည် ဖြစ်သည့်အတွက် ဓာတ်အားလိုင်းတိုသွားပြီး ပိုမိုတည် ငြိမ်၍ စွမ်းအားပြည့်ဝသည့် လျှပ်စစ်ဓာတ်အားရရှိနိုင်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
အမှာစကားပြောကြား
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ဓာတ်အားခွဲရုံဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ အမှာ စကားပြောကြားပြီး ကျောက်တန်းမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့် ကျောက်တန်း မြို့နယ် ကမာကလုတ်ကျေးရွာ ရပ်မိရပ်ဖ ဦးတင်မိုးလွင်တို့က ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားကြသည်။
ယင်းနောက် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီ အေ ကမာကလုတ်/ကရင်ချောင်ဓာတ် အားခွဲရုံမုခ်ဦးကို တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေး မြမြမျိုး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင်နှင့် ဒေါ်သက်သက်မူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ကမာကလုတ်/ကရင် ချောင် ဓာတ်အားခွဲရုံမော်ကွန်း ကမ္ပည်း ကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်ဦးလှ အေးတို့က စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးကြပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားကို တည်ငြိမ်ပြည့်ဝစွာဖြင့် အသုံးပြုနိုင်ရန် အတွက် ဓာတ်အားခွဲရုံများ တိုးချဲ့တည် ဆောက်ခြင်း၊ ဓာတ်အားလိုင်းများကိုအဆင့်မြှင့်တင်ခြင်းတို့အတွက်၂၀၁၆ခုနှစ် ဧပြီလမှ ယနေ့အထိ ပြည်ထောင် စု ဘဏ္ဍာရန်ပုံငွေဖြင့် ငွေကျပ် ၁၇၉ ဒသမ ၆၉ ဘီလီယံခန့်၊ တိုင်းဒေသကြီး အစိုးရဘဏ္ဍာ ရန်ပုံငွေဖြင့်၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်၃၂ ဒသမ ၆ ဘီလီယံခန့် အကုန်ကျခံ၍ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ခုနစ်ရုံ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၆၁ မိုင်ခန့်၊ ၁၁ ကေဗွီဓာတ်အားလိုင်း ၂၆၇ မိုင်ခန့်၊ ဓာတ်အားဖြန့်ဖြုးရေး ထရန် စဖော်မာ ၃၀၂ လုံး၊ ၄၀၀ ဗို့ဓာတ်အား လိုင်း ၂၀၈ မိုင်ခန့် အသစ်တည်ဆောက် ပြီး ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကျောက်တန်း နှင့် တွံတေးမြို့နယ် လေးမြို့နယ်နှင့် ရန် ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံနှင့် အဖျောက် မြို့နယ် လေးမြို့နယ်တို့အတွင်းရှိ ကျေးရွာအချို့ကို ထပ်မံ၍ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသများ လျှပ်စစ် ဓာတ်အား ရရှိရေးအတွက်၂၀၁၆ ခုနှစ် တွင် ကျေးရွာပေါင်း ၁၀၈၅ ရွာမီးလင်း ခဲ့၍ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၆၉ ရွာထပ်မံမီးလင်းခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၆၄ ရာခိုင်နှုန်းခန့်၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ထပ်မံ၍ ၄၉၅ ရွာ လျှပ်စစ်မီးရရှိရန် စီစဉ်ဆောင် ရွက်လျက်ရှိရာ ရာခိုင်နှုန်းအားဖြင့် ၈၇ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်မည်ဖြစ်သည်။
စီစဉ်လျာထား
၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျန်သည့်ကျေးရွာ၂၅၉ ရွာ လျှပ်စစ် ဓာတ်အားရရှိရန်အတွက် ဆောင်ရွက် ပေးရန် စီစဉ်လျာထားပြီး၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကျေးလက်နေ ပြည်သူများ ရာခိုင်နှုန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားရရှိ အောင် ရည်မှန်းချက်ထားစီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment