Thursday, January 23, 2020

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို မျက်ခြည်မပြတ်လေ့လာ ရင်ဆိုင်တုံ့ပြန် ဖြေရှင်း နိုင်အောင် လိုအပ်သည့် ကြိုတင်စီမံမှုများကို ပြင်ဆင်ဆောင်ရွက် ထားကြရမည်ဖြစ်




Image may contain: 2 people, people sitting, wedding and indoor
နေပြည်တော် ဇန်နဝါရီ ၂၂



အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟို ကော်မတီ၏ နဝမအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည် တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ ၌ ကျင်းပရာ ဗဟိုကော်မတီ နာယက၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဝင် ဦးတင်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ လုပ်ငန်းကော်မတီ ( ၆ ) ခုမှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ က အမှာစကားပြောကြားရာတွင် “အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ဗဟိုကော်မတီ” ကို လုပ်ငန်း တာဝန် (၂၆) ရပ် ချမှတ်ကာ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် အဖွဲ့ဝင် (၂၅) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အဖွဲ့ဝင် (၂၈) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လုပ်ငန်းကော်မတီ (၆) ခု နှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီများကိုလည်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း။
အမြန်ပြီးစီးရေးဆောင်ရွက်
“အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ” ၏ (၃) နှစ်ခွဲကျော်ကာလအတွင်း အစည်းအဝေး (၈) ကြိမ် ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် စုစုပေါင်း (၁၀၄) ချက် အနက် ဆောင်ရွက်ပြီး (၅၇) ချက်၊ ဆောင်ရွက်ဆဲ (၄၇) ချက်ရှိပြီး ဆောင်ရွက်ဆဲ (၄၇) ချက်တွင်လည်း ရေရှည်ဆောင်ရွက်ရမည့်အချက် (၁၅) ချက် ပါဝင်သည်ကို တွေ့ရှိရပါ ကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများ သည် မြန်မြန်ပြီးစီးပါက မြန်မြန် အကျိုးရှိမည်ဖြစ်သည့်အတွက် အချိန် ကာလသတ်မှတ်ကာ အမြန်ပြီးစီးရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း။
ထုတ်ပြန်နိုင်ခဲ့
ကော်မတီ၏လုပ်ငန်းဆောင်ရွက် မှုများထဲမှ ထူးခြားအောင်မြင်သည့် ဆောင်ရွက်မှုများအနေဖြင့် မြန်မာ နိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာ ဗျူဟာ (၂၀၁၈-၂၀၃၀) နှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မ လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) တို့ကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ယခု ကဲ့သို့ ထုတ်ပြန်နိုင်ခြင်းသည် သက်ဆိုင်ရာဌာနအသီးသီးအနေဖြင့် နိုင်ငံတော်က ရှေ့ဆက်သွားမည့် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း” ကို အကောင်အထည် ဖော်ရန်အတွက် အခြေခံကျသည့် လမ်းညွှန်ချက်များနှင့် မူဘောင်များ ဖြစ်ပါကြောင်း။
ထို့ပြင် “သမားရိုးကျ စွန့်ပစ် ပစ္စည်း စီမံခန့်ခွဲမှုစနစ်” ကို ကျင့်သုံး နေခြင်းမှ “စွန့်ပစ်ပစ္စည်းများအား ထွက်ရှိမှု လျှော့ချခြင်း၊ ပြန်လည်အသုံး ပြုခြင်းနှင့် အသုံးဝင်ပစ္စည်းများ အဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ် ခြင်း” စသည့် နည်းလမ်းများကို အခြေခံသော “ရေရှည်တည်တံ့ခိုင်မြဲ ပြီး အကျိုးဖြစ်ထွန်းသည့် စွန့်ပစ် ပစ္စည်း စီမံခန့်ခွဲမှုစနစ်” သို့ ပြောင်းလဲ ကျင့်သုံးသွားနိုင်ရေးအတွက် မြန်မာ နိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မ လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အတည်ပြုပြီးဖြစ်သည့်အတွက် မကြာ မီ ထုတ်ပြန်နိုင်တော့မည်ဖြစ်ပါ ကြောင်း။
ထို့အတူ “ပုဂ္ဂလိက ကဏ္ဍက အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုး လာစေရန်၊ သဘာဝသယံဇာတ ထုတ်ယူအသုံးပြုသည့် စီးပွားရေး လုပ်ငန်းများမှ ထွက်ပေါ်လာသည့် ဆိုးကျိုးသက်ရောက်မှုများကို စီမံ ခန့်ခွဲနိုင်ရန်၊ ပုဂ္ဂလိက ကဏ္ဍအတွက် ဘဏ္ဍာရေးဆိုင်ရာ ရေရှည်စဉ်ဆက် မပြတ်ရရှိနိုင်စေရေးအတွက် သေချာ စေရန်နှင့် အဆိုပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက် ကြရမည့် အစိုးရဌာနဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်မှုများ ဖွံ့ဖြိုး လာစေရန်” ရည်ရွယ်ချက်များဖြင့် ရေးဆွဲထားသည့် အမျိုးသားအဆင့် အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှု မဟာဗျူဟာမူဘောင် ကိုလည်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေပြီဖြစ် ပါကြောင်း။
အသိအမှတ်ပြုကြိုဆို
ကော်မတီများ၊ ကြီးကြပ်မှု ကော်မတီများနှင့် သက်ဆိုင်ရာ ဌာန များအနေဖြင့် ဗဟိုကော်မတီက ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့် အတွက် ကြိုးပမ်းဆောင်ရွက်မှုများ ကို အသိအမှတ်ပြုကြိုဆိုပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း များသည် ရေရှည်ဆောင်ရွက်သွားရ မည့် လုပ်ငန်းစဉ်များဖြစ်သည့် အတွက် နှစ်အလိုက် “နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများ” ရေးဆွဲပြီး စဉ်ဆက်မပြတ် အကောင်အထည် ဖော်သွားကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ပါ လုပ်ငန်းစဉ်များနှင့် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံ ခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) ပါ လုပ်ငန်း စဉ်များထဲမှ မိမိတို့လုပ်ငန်းဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် စီမံကိန်းများ ရေးဆွဲပြီး လိုအပ်သည်များကို ကြိုတင်စီမံ ဆောင်ရွက်ထားကြရန် ပြောကြား လိုပါကြောင်း။
စစ်ဆေးကြပ်မတ်
ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် ပြည်သူများ ပူးပေါင်း ပါဝင် ဆောင်ရွက်လာစေရေးအတွက် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များကို ပြည်သူများ သိရှိအောင် ပညာပေးခြင်း၊ အသိပညာ ပြန့်ပွားအောင် ဆောင်ရွက်ခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးမှုများ ဆောင်ရွက်ပေးခြင်းတို့ကို အမြဲမပြတ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာဌာနများနှင့် ကြီးကြပ်မှုကော်မတီအနေဖြင့်လည်း ခွင့်ပြုထားသည့် လုပ်ငန်းများသည် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ” အား လိုက်နာဆောင်ရွက်မှု ရှိ/ မရှိကို စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန်နှင့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင် ရွက်မှု မရှိပါက အဆင့်ဆင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားကြရန် မှာကြားလိုပါကြောင်း။
စီမံခန့်ခွဲမှုအစီအစဉ်များ
သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဦးစားပေးစက်မှု လက်မှုကဏ္ဍ (၉) ခုအောက်ရှိ စက်မှု လုပ်ငန်းများကို “ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုအစီအစဉ်” များ ရေးဆွဲတင်ပြ ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လ ၂၉ ရက်နေ့အထိ အချိန်ကာလ တိုးမြှင့်ပေးခဲ့ရာ မကြာခင် သတ်မှတ် ကာလ ပြည့်တော့မည်ဖြစ်သည့် အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ များအနေဖြင့် မိမိနယ်မြေဒေသ အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းများ ကို သတ်မှတ်ကာလအတွင်း ပတ်ဝန်း ကျင် စီမံခန့်ခွဲမှုအစီအစဉ်များ ရေးဆွဲ တင်ပြနိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ စိစစ်ကြပ်မတ် တွန်းအားပေး ဆောင်ရွက်သွားကြရန် ပြောကြားလို ပါကြောင်း။
ထို့ပြင် တစ်နေ့ထက်တစ်နေ့ ပြောင်းလဲဖြစ်ပေါ်လာနေသည့် ကမ္ဘာ လုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို မျက်ခြည်မပြတ် လေ့လာပြီး ရင်ဆိုင်တုံ့ပြန်ဖြေရှင်း နိုင်အောင် လိုအပ်သည့် ကြိုတင် စီမံမှုများကိုလည်း ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါ ကြောင်း။
ကမ္ဘာလုံးဆိုင်ရာပြဿနာ
မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (၂၀၁၈-၂၀၃၀) နှင့် မြန်မာနိုင်ငံ ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) တို့ကို ထုတ်ပြန်ထားပြီးဖြစ်သလို အမျိုးသား အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာ ဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (၂၀၁၈- ၂၀၃၀) နှင့် အမျိုးသားအဆင့် အစိမ်း ရောင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာမူဘောင် (၂၀၁၈-၂၀၃၀) တို့ကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက် နေပြီဖြစ်သည့်အတွက် ယနေ့ ရာသီ ဥတုပြောင်းလဲမှုနှင့် အဏ္ဏဝါပြင် အတွင်း စွန့်ပစ်အမှိုက်များအပါအဝင် ပလတ်စတစ်အမျိုးမျိုးတို့၏ ညစ်ညမ်း မှုဆိုသည့် ကမ္ဘာလုံးဆိုင်ရာပြဿနာ (၂) ခုကို ဖြေရှင်းနိုင်ရန် လိုအပ်သည့် မူဝါဒနှင့် မူဘောင်တွေ ရှိနေပြီဟု ပြောရမည်ဖြစ်ပါကြောင်း၊ အဆိုပါ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာပြဿနာကို ဖြေရှင်း နိုင်ရန် များစွာအထောက်အကူဖြစ် စေမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားအတွက် ယခု ကဲ့သို့ ဆောင်ရွက်ခွင့်ရနေသည့် အချိန် ကာလတွင် မိမိတို့ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်မှုကော်မတီများ၏ ပေါင်းစပ်ညှိနှိုင်းမှု၊ ကြီးကြပ်ဆောင် ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြစေလိုပါကြောင်း နှင့် ယနေ့အစည်းအဝေးတွင် ကော်မတီ၏ (၃) နှစ်ခွဲကျော်ကာလ အတွင်း ရရှိခဲ့သည့်အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များ အပေါ်တွင် အခြေခံပြီး ကောင်းမွန် သည့် ပတ်ဝန်းကျင်အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ရှေ့ဆက် လက် ဆောင်ရွက်သင့်သည့် လုပ်ငန်း စဉ်များကို ချမှတ်နိုင်ရေး အကြံပြု ဆွေးနွေးသွားကြရန်နှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး ပေးကြရန် ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးလှမောင်သိန်းက ဗဟို ကော်မတီ၏ အဋ္ဌမအကြိမ် အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းကော်မတီများမှ ဗဟို ကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ နှင့် ရှေ့လုပ်ငန်းစဉ်များ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး အစီအမံများကို ပေါင်းစပ်ဆောင်ရွက်နိုင်မှု အခြေ အနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်း ကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မြန်မာ နိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ(၂၀၁၈-၂၀၃၀)နှင့် မြန်မာ နိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈- ၂၀၃၀) များအပေါ် အကောင်အထည် ဖော် ဆောင်ရွက်မည့်အခြေအနေများ နှင့် ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီဝင် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ များဖြစ်ကြသည့် နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရဝန်ကြီးများ ဖြစ်ကြသည့် ဦးလဆိုင်း၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးမန်းဟင်းဒါးလ်၊ ဦးလှထွေး၊ ဒေါက်တာစောညိုဝင်း၊ ဦးမြင့်ဇော်၊ ဦးမျိုးသစ်၊ ဒေါက်တာ မင်းကြည်ဝင်း၊ ဦးကျော်လွင်၊ ဦးဟံ ထွန်းနှင့် ဦးတင်အောင်ဝင်းတို့က ကော်မတီ၏ (၃) နှစ်ခွဲကျော်ကာလ အတွင်း ဆောင်ရွက်ခဲ့သည့် အတွေ့ အကြုံများအပေါ် အခြေခံပြီး ကောင်း မွန်သည့် ပတ်ဝန်းကျင်အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ရှေ့ဆက် လက်ဆောင်ရွက်သင့်သည့် လုပ်ငန်း စဉ်များ ချမှတ်နိုင်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်း လဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း ၍ ချမှတ်ထားသည့် လုပ်ငန်းတာဝန် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ယခင် အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေ များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအရ ကာကွယ်ကြပ်မတ် ဆောင်ရွက်နေမှုများ၊ Chain Saw နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှု၊ အသုံးပြုမှုနှင့် စပ်လျဉ်း၍ ထိန်းချုပ် နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ဖြစ်သူ မြန်မာနိုင်ငံ သစ်တောအသင်း အတွင်းရေးမှူး ဦးတင်အေးနှင့် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက် တို့က အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင် ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင် များ ပိုမိုပူးပေါင်းပါဝင်လာစေရေး အတွက် အသိပညာပေးခြင်းလုပ်ငန်း များအား ယခုထက် ဆောင်ရွက်ပေး နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။
ညှိနှိုင်းဖြေရှင်းပေး
အကြံပြု ဆွေးနွေးတင်ပြချက် များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်း မြင့်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းပေးသည်။
ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးလှမောင်သိန်းက အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ဗဟိုကော်မတီ၏ နဝမ အကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ် ချက်များကို တင်ပြပြီး အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း (၁၇) ချက်ကို အတည်ပြုချမှတ်ခဲ့သည်။
ယင်းနောက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ က နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။ သတင်းစဉ်

No comments:

Post a Comment