Thursday, January 23, 2020

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးဖို့ လူ့ဘဝအစ ရက် ၁၀၀၀ အတွင်း ပူးပေါင်းဆောင်ရွက်ရန်အသိပညာပေးဆက်သွယ်ရေးအထောက်အကူပြုနည်းလမ်းများ ဖော်ထုတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



Image may contain: 12 people, people standing
နေပြည်တော် ဇန်နဝါရီ ၂၂



လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးဖို့ လူ့ဘဝအစ ရက် ၁၀၀၀ အတွင်း ပူးပေါင်း ဆောင်ရွက်ရန် အသိပညာပေး ဆက်သွယ်ရေးအထောက်အကူပြုနည်းလမ်း များ ဖော်ထုတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေ နှင့်ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေပါကြောင်း၊ နိုင်ငံ၏ လိုအပ်ချက်များကို ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါ ကြောင်း၊ နိုင်ငံအတွက်အရေးကြီးသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရန် လူ့ဘဝအစ ရက်ပေါင်း ၁၀၀၀ ကာလသည် အရေးကြီးပါကြောင်း၊ ဤကာလတွင် ကလေးသူငယ်များကို စနစ်တကျပြုစုပျိုးထောင်မှု၊ အာဟာရ ပြည့်ဝစွာ ကျွေးမွေးစောင့်ရှောက်မှု တို့ကို ပြည်သူလူထုအားကျယ်ပြန့် စွာ အသိပေးရန်လိုအပ်ပါကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရန် ရက်ပေါင်း ၁၀၀၀ ကာလအတွင်း ရင်းနှီးမြုပ်နှံ သည့်လုပ်ငန်းသည် အရည်အသွေး ရှိသော လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး အတွက် အလွန်အရေးပါပါကြောင်း၊ ပြုစုစောင့်ရှောက်သူများ အနေဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန် ကိုသိရှိရန်လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရန်မူဝါဒ၊ ဥပဒေ၊ မဟာ ဗျူဟာများချမှတ်ပြီး ရေရှည် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။
အချိန်မီရင်းနှီးမြှုပ်နှံ
အစိုးရ၏ လက်ရှိဆောင်ရွက်ချက် များကို ပြည်သူတစ်ဦးချင်းစီ သိရှိရန် လိုအပ်ကြောင်း၊ ထိုသို့သိရှိရန် မည်သို့ သော နည်းလမ်းများဖြင့် ပူးပေါင်း ဆောင်ရွက်ရမည်ကို ဆွေးနွေး ဖော်ထုတ်သွားရန် လိုအပ်ကြောင်း၊ ကလေးများသည် အနာဂတ်နိုင်ငံ့ တာဝန်ကို လက်ဆင့်ကမ်း တာဝန် ယူမည့်သူများ ဖြစ်သည့်အတွက် ကောင်းမွန်သည့်အမွေများကို လက်ခံ နိုင်ရန်လိုအပ်ပါကြောင်း၊ ကလေး ငယ်များ၏စွမ်းဆောင်ရည်ကို မြှင့်တင် နိုင်ရေးအတွက် ရက်ပေါင်း ၁၀၀၀ အတွင်း အချိန်မီ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကလေးများ ကျောင်းနေအရွယ်သို့ ရောက်ရှိချိန်တွင် ပြုပြင်ပြောင်းလဲ နေသည့် နိုင်ငံတော်၏ပညာရေးစနစ် နှင့် ချိတ်ဆက်မိပြီး သင်ကြားသင်ယူမှု အကောင်းဆုံးအခြေအနေကိုရရှိနိုင်ရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ လူ့ဘဝအစ ရက် ၁၀၀၀ အတွင်း ကောင်းစွာပြုစု စောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင် ခဲ့ပါက ဉာဏ်ရည်ထက်မြက်ပြီး လူမှု ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာ ဖြင့် စွမ်းဆောင်ရည်မြင့်မားသော ပြည်သူများဖြစ်လာစေရန် အထောက် အကူပြုမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် မိဘများ၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင် တို့က ပူးပေါင်းလိုက်ပါဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန သည် ကလေးသူငယ်အခွင့်အရေး လေးရပ်ဖြစ်သည့် အသက်ရှင်သန် ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင် ရွက်ခွင့်တို့ရရှိအောင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် “ကလေး ဘဝရှေ့ဆောင်ရက် ၁၀၀၀’’ ဟူသော ဆောင်ပုဒ်ကို အတည်ပြုခဲ့ပြီး ရေဒီယို ဇာတ်လမ်းအသံလွှင့်ခြင်း၊ ဗီဒီယို ဇာတ်လမ်းတို ရိုက်ကူးထုတ်လွှင့်ခြင်း၊ ကြော်ငြာပါသော အရန်သင့်ကပ်ရန် စာရွက်ဖြန့်ဖြူးခြင်းနှင့် ပိုစတာဒီဇိုင်းများထုတ်လုပ်ခြင်းတို့ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင် ရာ ဌာနများမှ တာဝန်ရှိသူများနှင့် မီဒီယာကဏ္ဍမှပညာရှင်များ၊ ကာတွန်း နှင့် ဒီဇိုင်းပညာရှင်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment