Tuesday, January 14, 2020

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မဏ္ဍိုင်ပြုပြီး နိုင်ငံရေးဆွေးနွေးမှုများမှတစ်ဆင့် သဘောတူညီချက်များချမှတ်နိုင်ရန် ကြိုးပမ်း


Image may contain: one or more people, crowd and outdoor
နေပြည်တော် ဇန်နဝါရီ ၁၃
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင် တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။
တက်ရောက်
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ငြိမ်း၊ အတွင်း ရေးမှူး ဗိုလ်မှူးကြီးဝဏ္ဏအောင်၊ ဝန်ကြီးဌာန များမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်က အစိုးရဌာန၊ အဖွဲ့ အစည်းများအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်၊ နိုင်ငံတော်က ချမှတ်ထားသည့်မူဝါဒ၊ NCA အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံလုပ်ငန်းစဉ်၊ ပြည်ထောင်စုသဘောတူ စာချုပ်ပါ အခြေခံမူသဘောတူညီချက်များကိုကောင်းမွန်စွာသိရှိနားလည်မှသာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ အစိုးရ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းသည့် အခါ၊ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်သည့် အခါများတွင် အစိုးရ၏ငြိမ်းချမ်းရေးမူဝါဒ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပြည်ထောင်စု သဘောတူစာချုပ်ပါ သဘောတူညီချက်များ နှင့် လိုက်လျောညီထွေဖြစ်နေရန်နှင့် လိုက်ပါ ဖော်ဆောင်ရန် လိုအပ်ပါကြောင်း။
အဓိကပတ်သက်
ထို့ကြောင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် နှင့် အစိုးရ၏ငြိမ်းချမ်းရေးမူဝါဒများ၊ လုပ်ငန်း စဉ်များကို သိရှိနားလည်ရန် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အဓိကပတ်သက် ဆက်နွှယ်သည့် ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူးများကို ဖိတ်ကြားပြီး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ပါကြောင်း။
ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ NCA၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် စောင့်ကြည့် ရေးလုပ်ငန်းစဉ်များ၊ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁)ရာစုပင်လုံနှင့် ပြည်ထောင်စု သဘောတူစာချုပ် စသည့်အကြောင်းအရာ များကို ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အကြောင်းအရာများကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက် နေသည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များက ဦးဆောင်ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း။
ချမှတ်နိုင်ရေး ကြိုးပမ်း
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် တာဝန်ကို လွှဲပြောင်းရယူထမ်းဆောင်စ ကတည်းက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်လျှောက်လှမ်းရန် ကတိပြုခဲ့ပြီးဖြစ်ပါကြောင်း၊ အားလုံးသိကြ သည့်အတိုင်း မိမိတို့နိုင်ငံ၏ နှစ်ပေါင်း (၇၀)ကျော်ကြာမြင့်ပြီဖြစ်သည့် လက်နက်ကိုင် ပဋိ ပက္ခသည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွား လာခဲ့ပြီး အစိုးရအဆက်ဆက်ငြိမ်းချမ်းရေးကို ချဉ်းကပ်မှုပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြပါ ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ၏ဇာစ်မြစ် ဖြစ်သည့် နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် အတွက် အားလုံးသဘောတူလက်ခံနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်ဖြစ် သည်ဆိုသည်ကို လက်ခံယုံကြည်ထားကြပါ ကြောင်း၊ စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရမည်ဆိုသည်ကိုလည်း အားလုံး က လက်ခံထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မဏ္ဍိုင်ပြုပြီး နိုင်ငံရေးဆွေးနွေးမှုများမှတစ်ဆင့် သဘော တူညီချက်များ ချမှတ်နိုင်ရန်ကြိုးပမ်းဆောင် ရွက်နေခြင်းပင်ဖြစ်ပါကြောင်း။
လမ်းညွှန်မှာကြား
အစိုးရအနေဖြင့် ရှေ့ဆက်လျှောက်လှမ်း မည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးရပ်ကို ချမှတ် ထားပါကြောင်း၊ ယင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက် တွင် ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လေးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနား တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှာကြားထားပြီး ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မိမိ အနေဖြင့် ထပ်လောင်းပြောကြားလိုပါကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ပထမဆုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံကို မည်သို့ရှေ့ဆက်သွားမည်ဆိုသည့် ဘုံလုပ်ငန်း စဉ်ဖြစ်ပါကြောင်း၊ NCA ကို အခြေခံပြီး ရှေ့ကို ဆက်လျှောက်လှမ်းရာတွင် အားလုံးသဘောတူ ချမှတ်သည့် လုပ်ငန်းစဉ်တစ်ရပ်ရှိရန် လိုအပ် ပါကြောင်း၊ ထို့ကြောင့် ပထမအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည် ဖော်မှုနှင့်စပ်လျဉ်းပြီး မူဘောင်သဘောတူညီ ချက်များ ရယူမည်ဖြစ်ကြောင်း၊ အဆိုပါမူဘောင် သဘောတူညီချက်များသည် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ်၏ ပထမပိုင်း ဖြစ်လာမည် ဖြစ်ကြောင်း။
အခြေခံမူသဘောတူညီချက်များ
ဒုတိယအနေဖြင့် လက်ရှိဖက်ဒရယ် ဆိုင်ရာအခြေခံမူ ၅၁ ချက် ရရှိပြီးဖြစ်သည့် အတွက် နောက်ထပ်အခြေခံမူများရရှိအောင် ဆွေးနွေးညှိနှိုင်းမည်ဖြစ်ပါကြောင်း၊ နောက်ထပ် ရရှိလာမည့်အခြေခံမူများနှင့် လက်ရှိရရှိထား သည့် ၅၁ ချက်ကို စုပေါင်းပြီး အခြေခံမူ သဘောတူညီချက်များ ရယူမည်ဖြစ်ပါကြောင်း၊ အဆိုပါအခြေခံမူသဘောတူညီချက်များသည် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် တွင် ပါဝင်လာမည်ဖြစ်ပါကြောင်း။
တတိယအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ အလွန် ဆက်လက်ဖော်ဆောင်မည့်အဆင့်လိုက် လုပ်ငန်းစဉ်များ၊ ဦးစားပေးအစီအစဉ်များကိုဘုံသဘောတူညီချက်အဖြစ်ရယူပြီး(၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေးတွင် ချုပ်ဆို မည့် ပြည်ထောင်စုသဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုသွားမည် ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးဒုတိယလုပ်ငန်းစဉ်သည် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်လာရေး ပင်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်အရှိန် မြှင့်လုပ်ဆောင်ပြီး ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းသည့် အခြေအနေတစ်ရပ်ကို တည်ဆောက်နိုင်ရန်၊ နိုင်ငံရေးစားပွဲဝိုင်းတွင် ပါဝင်နိုင်ရန်၊ NCA ထီးရိပ်အောက်တွင် ပါဝင် သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်လာရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အဓိကရရှိခံစားကြရ
ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေးတတိယ လုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေး၏အသီးအပွင့် များကို လူထုရရှိခံစားနိုင်ရေးပင် ဖြစ်ပါ ကြောင်း၊ မငြိမ်းချမ်းသည့်ဒေသများတွင် ပဋိပက္ခ ဒဏ်ကို အဓိကရရှိခံစားကြရသူများသည် အောက်ခြေက ပြည်သူလူထုပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူလူထုအတွက် အခြေခံ အဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာ ရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
ယနေ့ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ ကို တက်ရောက်လာသူများကလည်း နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက်၊ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေး အတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန်၊ ယခုအလုပ်ရုံဆွေးနွေးပွဲက သိမြင်ရရှိလာမည့် အတွေ့အကြုံများ၊ နိုင်ငံတော်၏ငြိမ်းချမ်းရေးမူဝါဒများနှင့် လိုက်လျောညီထွေဖြစ်အောင် မိမိတို့ဌာန၊ အဖွဲ့အစည်းအတွင်း လုပ်ငန်း တာဝန်များကို အောင်မြင်အောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊တပ်မတော်အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု၊ သမ္မတ ဦးသိန်းစိန်အစိုးရကာလငြိမ်းချမ်းရေးကြိုးပမ်းမှု၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်၊ လက်ရှိကာလ ငြိမ်းချမ်းရေးဆောင်ရွက်နေမှု အခြေအနေ၊ မြေပြင်အနေအထား၊ စိန်ခေါ်မှု များနှင့် အခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေး သည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ငြိမ်းချမ်း ရေးရရှိရေးအတွက် ငြိမ်းချမ်းရေးစတင် ဖိတ်ခေါ်သည့်နေ့မှစ၍ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရရှိသည်အထိ ဆောင်ရွက်ခဲ့ရသည့်လုပ်ငန်းစဉ် များနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး သည်။
ယင်းနောက်ဆွေးနွေးပွဲသို့ တက်ရောက် လာသူများက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းပြီး ဌာနအလိုက် လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာသူများက အကြံပြုချက်များ ဆွေးနွေးခြင်းနှင့် သဘော ထားစုစည်းချက်များ ဖော်ထုတ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပြီး ညနေပိုင်းတွင် အလုပ်ရုံ ဆွေးနွေးပွဲကို ရပ်နားလိုက်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအလုပ် ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၄ ရက်အထိ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment