Thursday, January 23, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ




Image may contain: 2 people, people sitting and indoor
နေပြည်တော် ဇန်နဝါရီ ၂၂


 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့တပ်မတော် လေတပ် ဦးစီးချုပ် Colonel Khamlek Sengphachanh အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း နိုင်ငံများဖြစ်ကြပြီး ဆက်ဆံရေးကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ လေတပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန် အလှန် လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များအား ခင်မင် ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment