Thursday, January 23, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ဦးစီးမှူးများနှင့် တွေ့ဆုံ သတင်းအချက်အလက်များကို စုစည်းသည့်အဆင့်မှ ထူးချွန်သည့် သတင်းမီဒီယာသမားများ ဖြစ်လာစေရန်ကြိုးပမ်း



 Image may contain: 3 people, indoor
နေပြည်တော် ဇန်နဝါရီ ၂၂



ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ဦးစီး မှူးများနှင့် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန စုဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးက မိမိအနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနတွင် စတင်တာဝန် ထမ်းဆောင်စဉ်ကတည်းက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများကို တာဝန်သိပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်တတ် သည့် ဝန်ထမ်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ ပါကြောင်း၊ ထို့ပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုင်ငံအတွက် မရှိမဖြစ် ဌာနအဖြစ် ရပ်တည်နိုင်ရန်နှင့် ဝန်ထမ်းများသည် လည်း ဌာနအတွက် မရှိမဖြစ် လိုအပ် သူများအဖြစ် အရေးပါနေစေရန် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား ခဲ့ပါကြောင်း။
ပြည်သူအတွက် ဝန်ဆောင်မှုပေး
ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူကို တိုက်ရိုက်ဝန်ဆောင်မှု ပေးရသည့် ဌာနတစ်ခုဖြစ်သည့် အတွက် အများအသိအမှတ်ပြု လက်ခံနိုင်ရန် အစဉ်ကြိုးစားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြောင်းလဲ လာသည့် ခေတ်ကာလနှင့်အညီ ပြည်သူအတွက် လိုက်ပါဝန်ဆောင်မှု ပေးနိုင်သည့် ဝန်ထမ်းများဖြစ်စေလို ပါကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် ကလေး စာပေပွဲတော်များကို ဦးဆောင် ကျင်းပလျက် ရှိပါကြောင်း၊ ယခုအခါ အများပြည်သူအားလုံးနှင့် သက်ဆိုင် သည့် ပွဲတော်တစ်ခုအဖြစ် စိတ်ဝင် စားပြီး လက်ခံလာမှုကြောင့် ဒေသ အလိုက် စီစဉ်ကျင်းပမှုများလည်း ရှိလာပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ကလေးစာပေပွဲတော်များ စတင်ကျင်းပခဲ့ရာမှ ယခုအခါ ပြည်သူများ၏ စိတ်ပါဝင်စားမှု၊ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် မြို့နယ်အဆင့်အထိ ကလေးစာပေ ပွဲတော်များ ကျင်းပနေကြပါကြောင်း။
အလားတူ ဦးစီးဌာန၏ ပြည်သူ့ စာကြည့်တိုက်များကို အများပြည်သူ နှင့် သက်ဆိုင်သည့်နေရာ (Comm-unity Centre) အဖြစ် ပေါ်ပေါက် လာစေရန် စီစဉ်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ စာကြည့်တိုက်များမှ တစ်ဆင့် ပြည်သူများ အသိပညာ တိုးတက် ပြန့်ပွားရေးအတွက် လုပ်ဆောင်နေရာမှ ယခုအခါ လူထု အခြေပြု ဗဟိုဌာနများအဖြစ် ပြောင်းလဲ ဖော်ဆောင်လျက်ရှိပါ ကြောင်း၊ အများပြည်သူ ပါဝင် ကိုယ်စားပြုသည့်၊ အများပြည်သူ၏ သဘောထားများကို ဖော်ထုတ်ပေး နိုင်သည့် နေရာများအဖြစ် ပီပြင်လာ စေရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ကြိုးပမ်း လုပ်ဆောင်မှုများအနက် ပြည်သူများ ပါဝင်လုပ်ဆောင်သည့် စာဖတ်ဝိုင်း များနှင့် ပြည်သူ့စကားဝိုင်းများ ကျင်းပမှုများ တွေ့ရှိရပါကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ဖွဲ့စည်းထားသည့် ဌာနတစ်ခုဖြစ်ရာ ဌာနမှ ဝန်ထမ်းများ အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက်တစ်ခုဖြစ်သည့် အများ ပြည်သူကို သတင်းအချက်အလက် ပြန်ကြားပေးသည့် တာဝန်၊ သတင်း အချက်အလက်များ စုစည်းသည့် တာဝန်ကိုလည်း ထမ်းဆောင်နေကြ ပါကြောင်း၊ ထိုသို့ သတင်းအချက် အလက်များကို စုစည်းသည့်အဆင့်မှ ထူးချွန်သည့် သတင်းမီဒီယာသမား များ ဖြစ်လာစေရန် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ယနေ့ခေတ်သည် အွန်လိုင်း မီဒီယာထွန်းကားနေသည့် ကာလ ဖြစ်သည့်အတွက် မြို့နယ်များတွင် တာဝန် ထမ်းဆောင်နေကြသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိမိမြို့နယ်နှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များကို ပြည်သူထံ တင်ပြရင်းဖြင့် ထူးချွန် သည့် သတင်းမီဒီယာသမားများ ဖြစ်လာမည့် အခွင့်အရေးများလည်း ရှိနေပါကြောင်း၊ ထိုကဲ့သို့ တာဝန်များ ကို ကြိုးပမ်းဆောင်ရွက်ရင်း ဝန်ထမ်း များသည် တာဝန်ထမ်းဆောင်ရာ ဒေသအတွက်၊ ဌာနအတွက် မရှိမဖြစ် လိုအပ်သူများ ဖြစ်လာမည်ဖြစ်သလို ဌာနသည်လည်း နိုင်ငံအတွက် မရှိမဖြစ် အရေးပါလာမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက ၂၀၁၉ ခုနှစ် အတွင်း လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ဖြည့်စွက် ရှင်းလင်းပြောကြားပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment