Wednesday, January 15, 2020

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

Image may contain: one or more people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၁၄
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ဆက်လက်ကျင်းပပြီး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တက်ရောက်
အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့သို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)ခင်ဇော်ဦး၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-U) ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်ငြိမ်း၊ ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ JMC-U အလုပ်အမှုဆောင်ညွှန်ကြား ရေးမှူး ဦးအောင်နိုင်ဦး၊ ဝန်ကြီးဌာန များမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ် အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ရှင်းလင်းဆွေးနွေး
ဆွေးနွေးပွဲတွင် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC)ဖွဲ့စည်း ရသည့်အကြောင်းရင်းနှင့် ရည်ရွယ် ချက်၊ ကော်မတီ၏အခြေခံမူ၊ လုပ်ငန်း လမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ JMC တွင်ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၊ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့် JMC များ ဖွဲ့စည်းမှု၊ JMC အစည်းအဝေးများ ကျင်းပနိုင်ခဲ့မှု နှင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့မှု၊ JMC က စောင့်ကြည့်ရမည့်အချက်များ၊ စောင့်ကြည့်ရေးယန္တရားတွင် ပါဝင်သူ များ၊ JMC အနေဖြင့် တိုင်ကြားစာများ လက်ခံရရှိမှုနှင့် ဖြေရှင်းဆောင်ရွက် ပေးနိုင်ခဲ့မှု၊ အသိပညာပေးခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့မှု၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို လည်းကောင်း၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-U) အလုပ် အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက JMC ၏လုပ်ငန်း သဘာဝ၊ လုပ်ငန်းအကောင်အထည် ဖော်မှုဆိုင်ရာအခြေခံမူများ၊ စောင့်ကြည့် ရေး၊ စိစစ်အတည်ပြုရေး၊ ပဋိပက္ခ ဖြေရှင်းရေး၊ JMC အဆင့်ဆင့်သို့ နည်းပညာအထောက်အကူပေးမှုများ၊ နည်းပညာအထောက်အကူပြု ဆောင် ရွက်ရာတွင် တွေ့ကြုံရသော ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အခွင့် အလမ်းများနှင့် စိန်ခေါ်မှုများကို လည်းကောင်း ရှင်းလင်းဆွေးနွေး ကြသည်။
ဆွေးနွေး
ဆက်လက်၍ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ ဦးမောင် မောင်ငြိမ်းက JMC ၏အခန်းကဏ္ဍ နှင့် မဟာဗျူဟာ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ် တွင် အဓိကကျသည့် အချက်များ၊ ယုံကြည်မှုတည်ဆောက်ခြင်း၊ မျက်နှာ ချင်းဆိုင်တွေ့ဆုံဆက်ဆံခြင်း၏ အကျိုး ကျေးဇူးများနှင့် လတ်တလောကြိုးပမ်း ဆောင်ရွက်မှုများကို ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ စတင်ပေါ်ပေါက် လာပုံသမိုင်းအကျဉ်း၊ အစိုးရအဆက် ဆက် ငြိမ်းချမ်းရေးကြိုးပမ်းခဲ့မှု၊ ၁၉၄၇ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ် အကျဉ်း၊ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့မှု နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာမှု၊ NCA တွင်ပါဝင်သည့် သဘောတူညီချက်များ၊ နိုင်ငံရေးဆွေး နွေးပွဲများ၏ အရေးပါမှုနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခဲ့မှု၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲ ကော်မတီ(UPDJC)၊ ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC) ဖွဲ့စည်းမှုနှင့် တာဝန်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပနိုင် ခဲ့မှု၊ ညီလာခံများမှရရှိခဲ့သည့် ပြည်ထောင်စုသဘောတူညီချက်များ၊ စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပ နိုင်ရေးနှင့် ၂၀၂၀ အလွန် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ သဘောတူညီချက်များ ထပ်မံရရှိရေး ဆောင်ရွက်နေမှု၊ ရှေ့လုပ်ငန်းစဉ်များ ဖြစ်သည့် ကြားကာလဆိုင်ရာ အစီအစဉ်များ၊ ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူ များ၊ အမျိုးသားပြန်လည်သင့်မြတ် ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ ဖက်ဒရယ် ကူးပြောင်းရေးနှင့် ပြည်နယ်များ၏ အနာဂတ်မျှော်မှန်းချက်နှင့် NCA တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ လက်မှတ်ရေးထိုးရေးနှင့် စိန်ခေါ်မှုများကို ရှင်းလင်းဆွေးနွေး သည်။
သိရှိလိုသည်များကို မေးမြန်း
ယင်းနောက် ဆွေးနွေးပွဲသို့ တက် ရောက်လာသူများက မြန်မာ့ငြိမ်းချမ်း ရေးဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိလို သည်များကိုမေးမြန်းပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဌာနအလိုက် ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေ အနေများကိုဆွေးနွေးကြရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဆွေးနွေး ကြသည်။
ခြုံငုံသုံးသပ်ဆွေးနွေး
ထို့နောက် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက မေးမြန်းဆွေးနွေး မှုများအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မြန်မာ့ငြိမ်း ချမ်းရေးဖြစ်စဉ်ကို အသေးစိတ်သိရှိ နားလည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် တစ်ဆို့နေမှုများနှင့်စပ်လျဉ်း၍ ကျော်လွှားရမည့် နည်းလမ်းများကို သက်ဆိုင်ရာဌာနများအနေဖြင့် ပေါင်းစပ် ညှိနှိုင်းပြီး လုပ်ပေးသင့်သည့်ကိစ္စရပ် များ၊ ထည့်သွင်းစဉ်းစားဆောင်ရွက်ရ မည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည့်အတွက် ကျေးဇူးတင် ရှိပါကြောင်း ပြောကြားပြီး ညနေပိုင်း တွင် အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်

No comments:

Post a Comment