Wednesday, January 15, 2020

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံ

Image may contain: 3 people, people sitting, table and indoor

နေပြည်တော် ဇန်နဝါရီ ၁၄
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် တပ်မတော်မှ အသက်မပြည့်စုဆောင်းမှု ဖြင့် ပြန်လည်စေလွှတ်သူများနှင့် တိုင်းရင်းသားနယ်မြေ များရှိ တိုက်ပွဲရှောင်ဒုက္ခသည်စခန်းများမှ မိသားစုနှင့် ကလေးသူငယ်များအား အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် များကို စနစ်တကျ စိစစ်ထုတ်ပေးနေမှုများ၊ မြန်မာနိုင်ငံ အနေဖြင့် ဒုက္ခသည်စခန်းများ ဖျက်သိမ်းရေးကို ဦးစားပေး လုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂနှင့် အလှူရှင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် လုပ်ငန်း များ ပိုမိုတိုးတက်လုပ်ဆောင်လာနိုင်မှုနှင့် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှုများကို အကောင်းဆုံးထိန်းသိမ်းပြီး အမြန်ဆုံး ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင် ကလေး အလုပ်သမားပပျောက်ရေးဥပဒေကို ကုလသမဂ္ဂပြဋ္ဌာန်း ချက်များနှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိပြီး ကလေး အလုပ်သမားပပျောက်ရေးအတွက် (၅)နှစ်စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာန အနေဖြင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ကလေး အလုပ်သမားများ ဝင်ရောက်လုပ်ကိုင်ခွင့် မရှိစေရေးအတွက် လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားရှိပြီး စစ်ဆေးကြပ်မတ်ကြီးကြပ်ဆောင်ရွက်နေမှုများ၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားထူထောင်ထား ရှိမှုများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိပြီးပါက အဆိုပါဒေသများတွင် စီးပွားရေးလုပ်ငန်းများဖော်ဆောင် နိုင်ရေးအတွက် အခြေခံအဆောက်အဦဖြစ်သည့် လမ်း၊ တံတား၊ စာသင်ကျောင်းများ တည်ဆောက်ဆောင်ရွက် လျက်ရှိပြီး ၎င်းတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းအချက်အလက်များ ကိုက်ညီစွာ ထုတ်ပေးနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ လာရောက်လျှောက် ထားရာတွင် လွယ်ကူမြန်ဆန်ရန် လိုအပ်သည့် အချက် အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ အသိ ပညာပေးဖြန့်ဝေ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ကလေး အလုပ်သမားပပျောက်ရေး၊ အဓမ္မခိုင်းစေမှုပပျောက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရေးကိစ္စရပ် များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေ အနေများကို ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment