Saturday, January 4, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံတမန်များ တည်ခင်းဧည့်ခံသည့် နှစ်သစ်ကူးနေ့လယ်စာစားပွဲသို့ တက်ရောက်

Image may contain: 8 people, people smiling, people standing, wedding and indoor

နေပြည်တော် ဇန်နဝါရီ ၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံတမန်များ ကိုယ်စား သံတမန်များအဖွဲ့နာယက တီမော လက်စ်တေ သံအမတ်ကြီး မစ္စတာ ဂျူဝေါင်း ဖရေးတက်စ် ဒေ ကာမာရာက တည်ခင်း ဧည့်ခံသော နှစ်သစ်ကူးအခါသမယနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယကို ကြိုဆိုသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
နှုတ်ခွန်းဆက်ဆုမွန်စကားပြောကြား
နေ့လယ်စာ မသုံးဆောင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သံတမန်များအဖွဲ့နာယက တီမော လက်စ်တေ သံအမတ်ကြီး မစ္စတာ ဂျူဝေါင်း ဖရေးတက်စ် ဒေ ကာမာရာတို့က နှုတ်ခွန်းဆက် ဆုမွန်စကား ပြောကြားကြသည်။
နေ့လယ်စာစားပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ တက်ရောက် ကြသည်။
သတင်းစဉ်

No comments:

Post a Comment