Wednesday, January 1, 2020

တရုတ်နိုင်ငံမြောက်ပိုင်း၌ တည်ဆောက်ဆဲဥမင်လိုဏ်ခေါင်း
ပြိုကျမှုကြောင့် ခြောက်ဦးသေဆုံး
No photo description available.
တိုင်ယွမ် ဒီဇင်ဘာ ၃၁
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းဇီးပြည်နယ်တွင် တည် ဆောက်ဆဲဥမင်လိုဏ်ခေါင်းတစ်ခု ပြိုကျခဲ့ရာ ယနေ့နံနက် ပိုင်းအထိ လူခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရအာဏာ ပိုင်များက ပြောကြားသည်။
ယခုဖြစ်ရပ်မှာ ကျင်းချန်မြို့တော် အဝေးပြေးလမ်းမ ကြီးပေါ်ရှိ ဥမင်လိုဏ်ခေါင်းတစ်ခု၌ ယမန်နေ့ညနေ ၄ နာရီ ခန့်တွင် ဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လုပ်ကိုင်နေသူ ခြောက်ဦး ပိတ်မိခဲ့သည်ဟု ဒေသန္တရ အာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။ ပိတ်မိသူများအနက်တစ်ဦးကို ကယ်တင်ခဲ့ပြီး အနီးအနား ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ ကယ်ဆယ်ရေးသမားများက ယနေ့ နံနက် ၇ နာရီ မိနစ် ၅၀ တွင် ပြိုကျခဲ့သော ဥမင်လိုဏ်ခေါင်း မှ သေဆုံးသူငါးဦး၏ အလောင်းများကို ဆွဲထုတ်ခဲ့သည်။
ခန့်မှန်းခြေအားဖြင့် ကုဗမီတာ ၂၀၀ ရှိ အပျက်အစီး များက ဥမင်လိုဏ်ခေါင်းကို ပိတ်ဆို့လျက်ရှိပြီး ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ် သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ကျော်ထိုက်စိုး

No comments:

Post a Comment