လွှတ်တော်ရေးရာ
============
============
ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး TV Spot အစီအစဉ် (၄၉) ခုကို နေ့စဉ် အလှည့်ကျ ထုတ်လွှင့်ပေးလျက်ရှိ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ မြန်မာနိုင်ငံသူ နိုင်ငံ သားများ၏ ကျန်းမာရေးနှင့်အားကစားအဆင့် မြင့်မား တိုးတက်စေရေးအတွက် မြန်မာ့ရုပ်မြင်သံကြားလိုင်းမှ ကျန်းမာရေးနှင့် အားကစားရုပ်သံလိုင်း (Health & Sports Channel) တစ်ခု ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများထံသို့ ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ဆိုသည့် ရည်မှန်းချက်များဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ရုပ်မြင်သံကြား (သတင်း)ရုပ်သံလိုင်း၊ လွှတ်တော်ရုပ်သံလိုင်း၊ တိုင်းရင်းသား လူမျိုးများရုပ်သံလိုင်း၊ တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်းနှင့် အားကစားရုပ်သံလိုင်းစသည့် ရုပ်သံလိုင်း ငါးခုကို ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း။
လက်ရှိအခြေအနေတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားအနေဖြင့် ကျန်းမာရေးနှင့် အားကစားရုပ်သံလိုင်း (Health & Sports Channel) သီးသန့်ထားရှိခြင်း မရှိသေး သော်လည်း အားကစားရုပ်သံလိုင်း (Sports Channel) ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှစ၍ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအထိ နေ့စဉ် လေးနာရီကြာ ပုံမှန်ထုတ်လွှင့်ပေး လျက်ရှိပါကြောင်း၊ အဆိုပါ Channel တွင် ဘောလုံးပွဲ သုံးသပ်ချက် (Soccer Review) အစီအစဉ်အား ကြာသပတေးနေ့တိုင်း ညနေ ၄ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်သည့် ဘောလုံးပွဲများသုံးသပ်ချက် (Myanmar National League Review) အစီအစဉ်အား သောကြာနေ့တိုင်း ညနေ ၄ နာရီခွဲတွင်လည်းကောင်း၊ Weekly Sports Information အစီအစဉ်အား သောကြာနေ့တိုင်း ညနေ ၅ နာရီခွဲတွင် လည်းကောင်း ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် Myanmar National League ဘောလုံးပွဲစဉ် အများစုကို ပြိုင်ပွဲကာလအတွင်း တိုက်ရိုက် (Live) ထုတ်လွှင့်ပေးလျက် ရှိပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ဘောလုံးပွဲများ၊ မြန်မာဘောလုံးအသင်းမှ ပြည်ပသို့ သွားရောက်ယှဉ်ပြိုင်သည့် ပွဲစဉ်များနှင့် အခြားအားကစား ပွဲစဉ်များအား အခါအားလျော်စွာ တိုက်ရိုက်ထုတ်လွှင့်ခြင်း နှင့် ပြန်လည်ထုတ်လွှင့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။
ကျန်းမာရေးရုပ်သံလိုင်း (Health Channel)ကို သီးခြားမထားရှိနိုင်သေးသော်လည်း မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များတွင် ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်း အစီ အစဉ်များကို နေ့စဉ်နံနက် ၆ နာရီခွဲတွင် ပုံမှန်ထုတ်လွှင့်ပေး လျက်ရှိပါကြောင်း၊ ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး TV Spot အစီအစဉ် (၄၉) ခုကိုလည်း နေ့စဉ် အလှည့်ကျ ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေး မဂ္ဂဇင်းအစီအစဉ်အား သောကြာနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ထုတ်လွှင့်ပြီး တိုင်းရင်းဆေးပညာအစီအစဉ်အား တနင်္လာနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် အပတ်စဉ်ထုတ်လွှင့် ပေးလျက်ရှိပါကြောင်း။

အလားတူ မြန်မာ့အသံ (ရေဒီယို)တွင်လည်း ကျန်းမာ ရေးနှင့် အားကစားဆိုင်ရာ အစီအစဉ်များအဖြစ် မြန်မာ့ အားကစားကြယ်ပွင့်များ၊ တစ်ပတ်အတွင်းအားကစား သတင်း၊ ပြည်သူ့အတွက် ကျန်းမာရေးသုတအဖြာဖြာ တိုင်းရင်းဆေးပညာ၊ ရင်သွေးငယ်နှင့် ကျန်းမာရေးအစီ အစဉ်များ စသည်ဖြင့် ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ Beauty & Health အစီအစဉ်များကို တစ်ပတ်လျှင် နှစ်ကြိမ် နှင့် ကျန်းမာရေးအစီအစဉ်ကို နှစ်ပတ်လျှင် တစ်ကြိမ် ထုတ်လွှင့်ပေးလျက်ရှိပြီး ကျန်းမာရေးဆိုင်ရာ နှိုးဆော်ချက် များနှင့် လတ်တလောဖြစ်ပေါ်တတ်သော ရောဂါများ အကြောင်းကို ကျွမ်းကျင်သော ဆရာဝန်များနှင့် ဆွေးနွေး ခန်းများ၊ သတင်းနှင့် တွေ့ဆုံမေးမြန်းခန်းများ၊ ရာသီ အလိုက်ဖြစ်တတ်သော ရောဂါများအကြောင်းကို ရေဒီယို မဂ္ဂဇင်းနှင့် ကျေးလက်ဇာတ်လမ်းကဏ္ဍများမှ စဉ်ဆက် မပြတ် ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ် တင်ပြသွားသည့်အတိုင်း နိုင်ငံသားများ၏ ကျန်းမာရေးနှင့် အားကစားအဆင့် တိုးတက်မြင့်မားရေးသည် နိုင်ငံတစ်ခု၏ တိုးတက်ဖွံ့ဖြိုးရေး အတွက် အမှန်တကယ် လိုအပ်ချက်များဖြစ်သည်ကို အလေးအနက် ထောက်ခံအပ်ပါကြောင်း၊ လက်ရှိအခြေ အနေတွင် လွှတ်တော်ကိုယ်စားလှယ် အကြံပြုထားသည့် အတိုင်း ကျန်းမာရေးနှင့် အားကစားရုပ်သံလိုင်းအသစ် တစ်ခုကို ထုတ်လွှင့်ရန် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ ကြောင်း၊ သို့သော်လည်း လက်ရှိဆောင်ရွက်နေဆဲ ဖြစ်သည့် အားကစားရုပ်သံလိုင်းကို သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားအမျိုးအစားအလိုက် ဖွဲ့စည်းထားသော အားကစားအဖွဲ့ချုပ်များ၊ ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ယခုထက် ပိုမိုကောင်းမွန်သည့် အစီအစဉ်များ တိုးချဲ့ထုတ်လွှင့်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်ကို တင်ပြအပ်ပါကြောင်း။
ယင်းတို့မှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ဆောင်ရွက်နေမှုအခြေအနေကို ဖြေကြားခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ပေးပို့လာသည့် ဖြေကြားချက်ကို အနှစ်ချုပ်ပြီး ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ယခင်ကျန်းမာရေးပညာဌာနကို ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေးဌာနခွဲအမည်ဖြင့် ပြောင်းလဲခဲ့ပြီး ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြင့်မားလာရေးအတွက် အခြေခံကျန်းမာရေးဝန်ထမ်းများမှ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာပေးလုပ်ငန်း များကို အထူးဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ် ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် စတင်ထုတ်ဝေခဲ့ပါ ကြောင်း၊ အဆိုပါ စာအုပ်အပါအဝင် အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်/ တိုက်နယ် ဆရာဝန်များ သိသင့် သိထိုက်သည့် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်း များ၊ စာအုပ်စာတမ်းများ၊ ပြည်သူလူထုအတွင်းကျန်းမာ ရေးအသိပညာမြှင့်တင်ရေး လက်ကမ်းစာစောင်နှင့် ပိုစတာများကိုလည်း ဖြန့်ဝေလျက်ရှိပါကြောင်း၊ ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ Mobile Application များစွာ ထည့်သွင်းထားသည့် Mobile Tablet များကို အခြေခံ ကျန်းမာရေးဝန်ထမ်းများသို့ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ယနေ့အထိ Mobile Tablet ၁၁၁၈၆ လုံးအား ဖြန့်ဝေ ထားပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အလုံးရေ ၁၄၀၀၀ ကို မကြာမီလပိုင်းအတွင်းတွင် ထပ်မံ ဖြန့်ဝေနိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက် နေခြင်းအားဖြင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်း များအတွက် တစ်နိုင်ငံလုံးတစ်ပြေးညီ စံပြုအချက်အလက် များကို မှီငြမ်းကာ မှန်ကန်သော သတင်းအချက်အလက်များ ကို ပြည်သူလူထုအတွင်း ဖြန့်ဝေပေးနိုင်မည် ဖြစ်ပါ ကြောင်း။

ကျန်းမာရေးအသိပညာများရရှိစေရန်နှင့် ကျန်းမာရေး အသိပညာများ မြင့်မားတိုးတက်လာစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ဝန်ကြီး ဌာနအနေဖြင့် တင်ပြပါအတိုင်း ဆောင်ရွက်နေမှုများ ရှိသကဲ့သို့ နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိကရုပ်သံလိုင်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံးများနှင့် ပူးပေါင်း၍လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက် ( Key Messages) များကို ပြုစုကာ ထုတ်လွှင့်ပေးလျက်ရှိပြီး ပုဂ္ဂလိကရုပ်သံလိုင်းဖြစ်သည့် Sky Net ရုပ်သံလိုင်း၏ Health Channel တွင်လည်း ထုတ်လွှင့်ပေးလျက်ရှိသည်ကို အသိပေးတင်ပြလိုပါ ကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အကြံပြုထားသည်မှာ ပြည်သူလူထု၏ ကျန်းမာရေးအသိ ပညာများ ပိုမိုမြင့်မားတိုးတက်လာစေရေးအတွက် မြန်မာ့ ရုပ်မြင်သံကြားလိုင်းမှ Health & Sports Channel တစ်ခု တည်ထောင်မည်ဆိုပါက ကျန်းမာရေးအသိပညာမြှင့်တင် ရေးလုပ်ငန်းများအပြင် အားကစားနှင့် ကာယပညာ ပြန့်ပွား ရေးလုပ်ငန်းများကို ပြည်သူလူထုအကြား ကျယ်ပြန့်စွာ ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက် ခြင်းဖြင့် ပြည်သူများ ကျန်းမာသန်စွမ်းစွာဖြင့် အသက်ရှည် စွာ နေထိုင်လာနိုင်ရေးအတွက် ကြီးမားသော အထောက် အကူတစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာ့ ရုပ်မြင်သံကြားလိုင်းမှ Health & Sports Channel တစ်ခု တည်ထောင်သင့်ပါကြောင်း၊ အဆိုပါ ရုပ်သံလိုင်းမှ တိုင်းရင်းသားဘာသာစကားအသီးသီးဖြင့် တင်ဆက်သည့် တိုင်းရင်းသားကျန်းမာရေးနှင့် အားကစားအစီအစဉ်များဖြင့် ပါဝင်တင်ဆက်နိုင်မည်ဆိုပါက ပိုမိုကျယ်ပြန့်ထိရောက်နိုင် မည်ဖြစ်ပါကြောင်း အကြံပြုထားသည်ကို တင်ပြအပ်ပါ ကြောင်း။
အားကစားလှုပ်ရှားမှု သတင်းများအား အများပြည်သူ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် လစဉ်ထုတ် အားကစားမဂ္ဂဇင်းများနှင့် အားကစား သတင်းလွှာအား ထုတ်လုပ်ဖြန့်ဝေလျက်ရှိ
အလားတူ အားကစားနှင့်ပတ်သက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် အားကစားလှုပ်ရှားမှု သတင်းများအား အများပြည်သူအနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် လစဉ်ထုတ်အားကစား မဂ္ဂဇင်းများနှင့် အားကစားသတင်းလွှာအား ထုတ်လုပ် ဖြန့်ဝေလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အသီးသီးမှ ပြည်တွင်း ပြည်ပ အားကစားပြိုင်ပွဲသတင်းများ၊ ASEAN School Games, ASEAN University Games အပါ အဝင် နိုင်ငံတကာ အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ် ပြိုင်ခြင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများအား အိမ်ရှင် အဖြစ် လက်ခံကျင်းပဆောင်ရွက်နေမှုသတင်းများ၊ ဝန်ကြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲသတင်းများ၊ နွေရာသီ၊ ဆောင်း ရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးနေမှုသတင်းများ၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုသတင်းများ၊ အခြေခံပညာကျောင်းများတွင် အားကစား အသိပညာပေး ဟောပြောခြင်းနှင့် အားကစားသရုပ်ပြပွဲများ ဆောင်ရွက်နေမှုသတင်းများကို ပြည့်ပြည့်စုံစုံထည့်သွင်းဖော်ပြပေးလျက်ရှိပါကြောင်း။

ထို့ပြင် ရုပ်မြင်သံကြားလိုင်းများဖြစ်သည့် MRTV၊ Sky Net နှင့် မြဝတီရုပ်မြင်သံကြားလိုင်းများတွင် အခါအား လျော်စွာ ဖော်ပြထုတ်လွှင့်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အားကစားနှင့် ကာယပညာဦးစီးဌာန၏ Official Website ဖြစ်သည့် spedmyanmar.gov.mm ၊ Social Media Network ဖြစ်သည့် လူထု/ပညာ၊ အားကစားကို ချစ်မြတ်နိုးသူများ၊ Sport and Physical Education Department Facebook Page တို့မှလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေး လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံကိုယ်စားပြု အားကစားအသင်းအဖွဲ့များ ၏ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မှုများ၊ နိုင်ငံတကာအားကစားပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အားကစားပြိုင်ပွဲများနှင့် ပြည်တွင်းအားကစားပြိုင်ပွဲများ ကျင်းပနေမှုကို အများ ပြည်သူ လွယ်လင့်တကူ ကြည့်ရှုအားပေးနိုင်စေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံပိုင်မြန်မာ့အသံနှင့် ရုပ်မြင် သံကြားက ထုတ်လွှင့်ပြသပေးလျက်ရှိပါကြောင်း ဖြေကြား သည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင် ၏ ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွက် ခေတ်မီအဆင့်မြင့် မီးသတ် ယာဉ်တစ်စီး ခွဲဝေခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရှမ်းပြည်နယ်အတွင်း ဖွဲ့စည်းပုံ ခွင့်ပြုပြီးဖြစ်သော မီးသတ်စခန်းများအတွက် မြေနေရာ ရရှိရေး၊ မီးသတ်စခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ များ ဆောက်လုပ်နိုင်ရေး၊ မီးသတ်ယာဉ်များ ဖြည့်တင်းနိုင် ရေးတို့ကို ဆောင်ရွက်နေရခြင်း၊ အရေးပေါ် မီးလောင်မှုဖြစ် ပွားပါက လောက်ကိုင်မြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ် ၁၁ စီးအပြင် ဟိုပန်ခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် သုံးစီး၊ ကွမ်းလုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် လေးစီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်နိုင် ခြင်း၊ လောက်ကိုင်မြို့နယ်တွင် မီးသတ်စခန်းဖွဲ့စည်းပုံအရ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ မီးသတ်ယာဉ် တစ်စီး စုစုပေါင်း မီးသတ်ယာဉ် လေးစီး ဖြည့်တင်းထားရှိပြီးဖြစ်ခြင်းကြောင့် လောက်ကိုင်မြို့နယ် တွင် အဆင့်မြင့်မီးသတ်ယာဉ် တစ်စီးချထားပေးရန် အစီ အစဉ်မရှိပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၏ အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များတွင် မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် မည်သို့ စီစဉ်ဆောင်ရွက် ထားသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံ မြို့နယ်အပါအဝင် တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အတွက် မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပထမ ဦးစားပေး၊ ဒုတိယဦးစားပေးအဆင့်များ သတ်မှတ်၍ ဆောင်ရွက်နေခြင်း၊ Community Based Policing စနစ် အရ Pilot Project ရွေးချယ်၍ လူထုအခြေပြုအဖွဲ့များ ဖွဲ့စည်းပြီး ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ မှုခင်းသတင်း များရယူခြင်း၊ ဆိုင်ကယ်နှင့် မီးတန်းယာဉ်လှည့်ကင်းများ၊ ရပ်ကင်း/ ဝပ်ကင်းများဖြင့် ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက် နေသည့်အပြင် အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ် ရေး မဟာဗျူဟာကိုလည်း တိုင်းဒေသကြီးအဆင့်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေ ကြားသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆)မှ ဒေါက်တာ ဦးကြွယ်ကြွယ်၏ ပြည်သူလူထု၏ လုံခြုံရေးကိုထိခိုက်သော အခြေအနေတစ်ရပ် ပေါ်ပေါက်ပါ က အလျင်အမြန် တုံ့ပြန်နိုင်ရန် ဖုန်းနံပါတ် ၁၉၉ ကို ဆက်သွယ်ပါက အလျင်အမြန် ချက်ချင်းရောက်လာနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် စီစဉ်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ် တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းတို့အား ပြည်သူ့လွှတ်တော်က ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးကျော်ကျော်က ယာဉ်အန္တရာယ်ကင်းရှင်း ရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံး အဖြတ်ရယူ အတည်ပြုသည်။
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် ကထောက်ခံသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်း အဆိုကို အတည်ပြုရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် ယာဉ်အန္တရာယ်ကင်းရှင်း ရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာ သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကိုကိုနိုင်၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အတွင်းရှိ မြို့နယ်အသီးသီးတွင် အစိုးရအဆက်ဆက် အသုံး ပြုခဲ့သော လက်ရှိအသုံးပြုခြင်းမရှိတော့ဘဲ တဖြည်းဖြည်း ဟောင်းနွမ်းယိုယွင်း ပျက်စီးနေပြီဖြစ်သည့် အဆောက်အဦ များတည်ရှိရာ ဝန်ကြီးဌာနပိုင်မြေများ၊ ကျေးရွာများရှိ စပါး ဒိုင်အဆောက်အဦနှင့် မြေနေရာများအား မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အများပြည်သူအကျိုးဖြစ်ထွန်းသော လုပ်ငန်းများ အကောင် အထည်ဖော်နိုင်ရန် မြို့ပြမြေရှားပါးမှုကို ဖြေရှင်းနိုင်ရန် အတွက်လည်းကောင်း၊ မြို့စီမံခန့်ခွဲခွင့်ရ မြေနေရာများ (City Land) အဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည် စွန့်လွှတ်လွှဲပြောင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာ တင်တင်ဝင်းက မြေအသုံးချမှု၏ ရလဒ်သည် လူသားများကို ထောက်ပံ့ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ထားရန်ဖြစ်ပါကြောင်း၊ အဆိုရှင်တင်ပြခဲ့သည့် City Land သည် အိမ်ရာစီမံကိန်း၊ စက်မှုဇုန်နှင့်တိုးတက်လာသည့် လူဦးရေနှင့်အညီ လူမှုစီးပွားတိုးတက်ရန်ပင် ဖြစ်ပါကြောင်း၊ သို့သော် ခေတ်အဆက်ဆက် မြေယာဥပဒေသည် လက်တွေ့ အကောင်အထည်ဖော်မှု အားနည်းခဲ့သည့်အတွက် ယခု အခါတွင် မြေပြဿနာသည် အကြီးမားဆုံးစိန်ခေါ်မှုဖြစ် နေပါကြောင်း၊ ထို့ကြောင့် အသုံးပြုခြင်းမရှိသည့်မြေများ လူတို့အတွက် အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် အဆိုကို ထောက်ခံအပ်ပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုကို စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးညီညီထွေး (ခ) ဦးကိုကိုလေး၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာ ကျော်သန်းထွန်း(ကန်တုန်) တို့က ဆက်လက်ဆွေးနွေး ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ၏ ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်မှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလပြီးသည့်အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးဇော်လွင်နှင့် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ဦးရှေးရယ်ရှုမောင်တို့က ဆွေးနွေး ကြသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးဇော်လွင် က ဒီဇယ်ဆီသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေ သူများ၏ ရင်းနှီးမြှုပ်နှံမှုကို ရှယ်ယာငွေထည့်ဝင်ပေးခြင်း၊ မတည်ငွေထည့်ဝင်ပေးခြင်း၊ အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးခြင်း၊ စက်သုံးဆီ ဈေးနှုန်းကျဆင်းစေရန် စက်သုံးဆီတင်သွင်းမှု သတ်မှတ်ချက်နှင့် အခွန်နှုန်းထားကို ဖြေလျှော့ပေးခြင်း စသည့်လုပ်ငန်းများသည် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများမှ ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်း များ မဟုတ်သည့်အတွက် ပြည်ထောင်စုအစိုးရနှင့် ဝန်ကြီး ဌာနများမှ လေ့လာသုံးသပ်ပံ့ပိုး ဖြေရှင်းကူညီခြင်းဖြင့် လျှပ်စစ်ဓာတ်အား တစ်ယူနစ် ဈေးနှုန်းလျှော့ချနိုင်မည် ဖြစ်သည်ကို သုံးသပ်တင်ပြအပ်ပါကြောင်း၊ မဟာဓာတ်အား လိုင်း နိုင်ငံတစ်ဝန်းလုံးမရောက်ခင် အခြားစွမ်းအင်အရင်း အမြစ်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်နုတ်အသုံးမပြုနိုင်မီ ပြည်ထောင်စုအစိုးရမှ လိုအပ်သည်များ ပံ့ပိုးဖြေရှင်းကူညီ ပေးနိုင်ရန် လိုအပ်မည်ကို သုံးသပ်တင်ပြအပ်ပါကြောင်း၊ သို့ပါ၍ ကော်မတီ၏အစီရင်ခံစာပါ သုံးသပ်အကြံပြုတင်ပြ ချက်ကို ပြည်သူလူထု အကျိုးအတွက် လေ့လာသုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ဆွေးနွေးတင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့် (ခ) ဆင်မြူ ရယ်က ကော်မတီ၏အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်း အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘော မတူသူမရှိသည့်အတွက် အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကအတည်ပြု ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
အောင်ရဲသွင်(သတင်းစဉ်)
အောင်ရဲသွင်(သတင်းစဉ်)
No comments:
Post a Comment