ဖျာပုံ ဒီဇင်ဘာ ၁၀
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုထားမှုကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး သွားရောက်ဖြေရှင်းနေသည့် ကိစ္စနှင့်စပ်လျဉ်းပြီး လူထုလူတန်းစားမျိုးစုံပါဝင်သည့် လူထုထောက်ခံပွဲကို ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ထောက်ခံပွဲတွေ ကျင်းပရခြင်းဖြစ်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက “ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံကို တရားစွဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေပြီးတော့ လည်း ကြေညာချက်တွေ ထုတ်ပြန်ထားတယ်။ ဒီကိစ္စကလည်း ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား၊ ကျွန်တော်တို့နိုင်ငံနဲ့ ပတ်သက်တဲ့ကိစ္စ တွေဖြစ်တဲ့အတွက် ဒီဟာပေါ်မှာ ထောက်ခံပွဲတွေ ကျင်းပရခြင်းဖြစ်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုးကို အခုမှဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက နိုင်ငံအကျိုး ပြည်သူ့အကျိုးကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါ တယ်။ အစိုးရသစ်တာဝန်ယူပြီးနောက်မှာလည်း နိုင်ငံရဲ့ဂုဏ်သိက္ခာမြှင့်တင် နိုင်ရေးအတွက်ကို ဆောင်ရွက်ချက်တွေ မြောက်မြားစွာရှိပါတယ်။ အခုလို ဂမ်ဘီယာနိုင်ငံကနေ တရားစွဲဆိုမှုနဲ့ပတ်သက်လို့လည်း နိုင်ငံသူ နိုင်ငံသားများ ရဲ့အကျိုး၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက်ကို ခေါင်းဆောင်ကောင်းတစ်ယောက် ပီသစွာနဲ့ တာဝန်ယူ တာဝန်ခံမှုရှိစွာနဲ့ သွားရောက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့မေတ္တာ၊ ကျွန်တော်တို့ရဲ့စုစည်းမှု၊ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှု သည် ဒေါ်အောင်ဆန်းစုကြည်အတွက် အားဖြစ်ပါတယ်"ဟု ပြောသည်။
ကြွေးကြော်သံများ
ထောက်ခံပွဲတွင် ဦးဆောင်သူများနှင့် လိုက်ပါသည့် ပြည်သူများက ICJ တွင် နိုင်ငံအကျိုးအတွက် သွားရောက်ဖြေရှင်းသည့်၊ သွားရောက်ရင်ဆိုင်သည့် “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ အောင်မြင် ပါစေ”၊ “နိုင်ငံအကျိုးစီးပွားကို ကာကွယ်ပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံပါသည်”၊ “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ရာကျော်ရှည်ပါစေ”စသည့် ကြွေးကြော်သံများ ကြွေးကြော်ပြီး “အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံ၏အကျိုးစီးပွားအတွက် သွားရောက် ဖြေရှင်းသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြစို့”၊ “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ အမေစုနှင့်အတူ ရပ်တည်ကြစို့”၊ “တို့နိုင်ငံအကျိုးစီးပွားကို ကာကွယ်ဖို့ တို့ခေါင်းဆောင်ကိုဝန်းရံစို့”၊ “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အောင်မြင်ပါစေ” စသည့် စာသားများပါ ဗီနိုင်းဆိုင်းဘုတ်များ၊ နိုင်ငံတော်အလံများ ကိုင်ဆောင် ပြီး စုရပ်နေရာဖြစ်သည့် ဖျာပုံမြို့ ဒုတိယလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့မှ ဧရာဝတီဘောဆိပ်လမ်း၊ ထိုမှခွင့်ပြုထားသည့် သတ်မှတ်လမ်းကြောင်း အတိုင်း ချီတက်ခဲ့ကြသည်။

ထို့နောက် ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ နှင့်အတူ ထောက်ခံပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများသည် နိုင်ငံတော် သီချင်းသီဆိုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ သွေးသစ္စာသီချင်းကို သံပြိုင်ဂုဏ်ပြု သီဆိုခြင်း၊ အဖွဲ့အစည်းအသီးသီးက ပေးပို့လာသည့် သဘောထားကြေညာချက် ဖတ်ကြားခြင်းများ ပြုလုပ်ကြသည်။
အကောင်းဆုံးဖြစ်လာမယ်လို့ မျှော်လင့်
အကောင်းဆုံးဖြစ်လာမယ်လို့ မျှော်လင့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ကိုက “အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ) မှာ သွားရောက်ပြီး တရားရင်ဆိုင်တဲ့ ပုဂ္ဂိုလ်ဟာ ပြည်သူ လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ နိုင်ငံခေါင်းဆောင်ဖြစ်တယ်။ တာဝန် ယူမှု တာဝန်ခံမှုကို ပီပီသသပြလိုက်တယ်လို့ မြင်ပါတယ်။ အမေစုကိုယ်တိုင် ခေါင်းဆောင်ပြီး သွားတဲ့အတွက် အကောင်းဆုံးဖြစ်လာမယ်လို့ မျှော်လင့် ထားပါတယ်”ဟု ပြောသည်။
ထောက်ခံပွဲသို့ တက်ရောက်လာသည့် Pyapon Cycling Group မှ ဦးနိုင်ဝင်းထူးက "ဂမ်ဘီယာကနေ နယ်သာလန်မှာရှိတဲ့ သည်ဟိတ်ဂ်မြို့မှာ တရားစွဲထားတာက လူတစ်ဦးတစ်ယောက်တည်းကို တရားစွဲတာမဟုတ်ဘူး။ ပါတီအတွက်သွားပြီး တရားဆိုင်တာလည်း မဟုတ်ဘူး။ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အတွက်
တရားဆိုင်တာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံကိုစွဲတဲ့အတွက် နိုင်ငံ သားတိုင်းမှာ တာဝန်ရှိတယ်။ ကျွန်တော်တို့မြို့အနေနဲ့ တာဝန်ရှိတယ် လို့ယူဆတဲ့အတွက် အမေစုဘက်က ဝိုင်းဝန်းထောက်ခံပေးတာပါ။ ဒီနေ့ဖျာပုံထောက်ခံပွဲမှာ ကျွန်တော်တို့ညီအစ်ကိုတွေကနေပြီး နိုင်ငံသား တစ်ယောက်အနေနဲ့ ဝိုင်းဝန်းထောက်ခံပေးတာပါ'' ဟု ပြောသည်။

ထောက်ခံပွဲသို့လာရောက်ကြသည့် ပြည်သူများအား စေတနာရှင် ပြည်သူများက စားစရာမုန့်များ၊ ထမင်းဘူးများနှင့် သောက်ရေသန့်ဘူး များကို လမ်းတစ်လျှောက် ဝေငှလှူဒါန်းကြသည်။
ပဲ့တင်သံပရဟိတအသင်းဥက္ကဋ္ဌ ဦးအောင်ခိုင်မြင့်က ''ဒီနေ့ထောက်ခံ ပွဲမှာ ကျွန်တော်တို့က လူမှုအဖွဲ့အစည်းအနေနဲ့ပါဝင်ကူညီတယ်။ ဒီကိစ္စက နိုင်ငံနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ပါဝင်ရခြင်းဖြစ်ပါတယ်။ ICJ ကနေ မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲတယ်။ အဲဒီအတွက် အမေစုကိုယ်တိုင် ခေါင်းဆောင်ပြီး သွားရောက်ဖြေရှင်း တယ်လို့ သိရပါတယ်။ အကောင်းဆုံးအဖြေထွက်လာမယ်လို့ မျှော်လင့် ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ထောက်ခံတာပါ။ ကျွန်တော်တို့ လူမှုကူညီရေးအဖွဲ့တွေဆိုတာ ထောက်ပံ့ကူညီတဲ့အဖွဲ့တွေပါ။ တည်ဆောက်တဲ့အဖွဲ့တွေမဟုတ်ဘူး။ တည်ဆောက်တဲ့လူတွေကို ဝန်းရံမယ်။ ကူညီမယ်။ အားပေးမယ်။ ဖျာပုံမှာဆိုရင် လူမှုကူညီရေးအသင်း တွေ အများကြီးရှိတယ်။ အားလုံးလည်းပါဝင်တယ်။ လမ်းတစ်လျှောက် မှာ ရေသန့်ဘူးဝေတာတွေ၊ မုန့်ဝေတာတွေလုပ်တယ်။ လမ်းတစ်လျှောက် မှာလည်း သန့်ရှင်းရေးလိုက်လုပ်တဲ့အတွက် အမှိုက်တွေ မကျန် သလောက်ပါပဲ'' ဟု ပြောသည်။
အဆိုပါထောက်ခံပွဲသို့ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်မြို့နယ်တို့မှ ရပ်ကွက်နှင့် ကျေးရွာများက ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ ပါဝင်ချီတက်ခဲ့ကြောင်း သိရသည်။
သတင်း - မင်းသစ်(MNA)၊ ဓာတ်ပုံ - ရဲထွဋ်
သတင်း - မင်းသစ်(MNA)၊ ဓာတ်ပုံ - ရဲထွဋ်
No comments:
Post a Comment