လွှတ်တော်ရေးရာ
=========
=========
တင်ဒါများကိုဖိတ်ခေါ်ရာတွင် သက်ဆိုင်ရာဌာနများ၏ Website များတွင် စတင်ဖိတ်ခေါ်သည်သာမက တင်ဒါအောင်မြင်သွားသည့်
ကုမ္ပဏီများကိုပါ အတူယှဉ်တွဲပြီး တရားဝင်ဖော်ပြပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆို ဆွေးနွေး
ကုမ္ပဏီများကိုပါ အတူယှဉ်တွဲပြီး တရားဝင်ဖော်ပြပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆို ဆွေးနွေး
နေပြည်တော် ဒီဇင်ဘာ ၁၀
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း တစ်ခု တင်သွင်းခြင်း၊ အဆိုတစ်ခုဆွေးနွေးခြင်း၊ နှစ်ပတ် လည်အစီရင်ခံစာနှစ်ခု တင်သွင်းခြင်းနှင့် နှစ်ပတ်လည်အစီ ရင်ခံစာတစ်ခုကို လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ကြသည်။
သနပ်ပင်မြို့နယ်အတွင်းရှိ တာ၀-မြစ်ကျိုးလမ်းပိုင်း၊ သနပ်ပင်-တာ၀လမ်းပိုင်း၏ပျက်စီးနေသောလမ်းပိုင်းများအား ပြုပြင်ဆောင်ရွက်ပေးမည်
အစည်းအဝေးတွင် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ ပဲခူး-စစ်တောင်းတူးမြောင်း တာပေါင်ဂဝံလမ်းအား ပြုပြင် ထိန်းသိမ်းပေးရန်နှင့် ကျောက်လမ်း သို့မဟုတ် ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး- စစ်တောင်းတူးမြောင်း တာပေါင်လမ်းသည် တာ၀-သနပ်မြစ် ကျိုးလမ်းပိုင်းတို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကျေးလက်လမ်းအဖြစ်ဆောက် လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးထားသော ဂဝံလမ်းအမျိုးအစားဖြစ်ပြီး လမ်း အရှည် ၃၅ မိုင်ရှိပါကြောင်း၊ အဆိုပါ လမ်းပိုင်းများမှာ ပြင် ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ပါ သဖြင့် သနပ်ပင်မြို့နယ်အတွင်းရှိ တာ၀-မြစ်ကျိုး လမ်းပိုင်း အား၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ရန်ပုံငွေဖြင့်လည်းကောင်း၊ သနပ်ပင်-တာ၀လမ်း ပိုင်း၏ပျက်စီးနေသော လမ်းပိုင်းများအား၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံ ငွေဖြင့်လည်းကောင်း ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ရှင်းလင်းဖြေကြားသည်။
အစည်းအဝေးတွင် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ ပဲခူး-စစ်တောင်းတူးမြောင်း တာပေါင်ဂဝံလမ်းအား ပြုပြင် ထိန်းသိမ်းပေးရန်နှင့် ကျောက်လမ်း သို့မဟုတ် ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး- စစ်တောင်းတူးမြောင်း တာပေါင်လမ်းသည် တာ၀-သနပ်မြစ် ကျိုးလမ်းပိုင်းတို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကျေးလက်လမ်းအဖြစ်ဆောက် လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးထားသော ဂဝံလမ်းအမျိုးအစားဖြစ်ပြီး လမ်း အရှည် ၃၅ မိုင်ရှိပါကြောင်း၊ အဆိုပါ လမ်းပိုင်းများမှာ ပြင် ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ပါ သဖြင့် သနပ်ပင်မြို့နယ်အတွင်းရှိ တာ၀-မြစ်ကျိုး လမ်းပိုင်း အား၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ရန်ပုံငွေဖြင့်လည်းကောင်း၊ သနပ်ပင်-တာ၀လမ်း ပိုင်း၏ပျက်စီးနေသော လမ်းပိုင်းများအား၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံ ငွေဖြင့်လည်းကောင်း ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ရှင်းလင်းဖြေကြားသည်။
မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ မင်းတပ်မြို့ နယ် ကြာအိမ်နူးကျေးရွာနှင့် ဒါဒိုကျေးရွာအကြားရှိ ချယ် လောင်ချောင်းကိုဖြတ်ပြီး ကြိုးတံတားတစ်စင်း တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးကျော်လင်းက အဆိုပါတံတားသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၂)လမ်း စာရင်းတွင်ပါဝင်သော တံတားဖြစ်ပြီးကျေးရွာ ၁၃ ရွာ အိမ်ခြေ ၅၂၀ လူဦးရေ ၂၈၀ဝ တို့အား တိုက်ရိုက်အကျိုးပြုသော တံတားဖြစ်ပါသဖြင့် အဆင့်မြှင့်တင် တည်ဆောက်ရန် အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိ မှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ မယ်စဲ့မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်း၏ မယ်စဲ့မြို့နယ် ဟိုဂျစ်ကျေးရွာအုပ်စုရှိ ကျိုက်ထီးရိုးစေတီ အနီး၌ သဘာဝအတိုင်း ဖြစ်ပေါ်နေသော မြေနန်းတော်(ခေါ်) နတ်တောင်ကိုခရီးသွားလုပ်ငန်း တွင်တွင်ကျယ်ကျယ်ဖွံ့ဖြိုး တိုးတက်လာနိုင်အောင် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် လှိုင်မဲဆန္ဒ နယ်မှ ဦးအောင်ကျော်ကျော်ဦး၏ တရုတ်ခရီးသွားများ အသုံးပြုသည့် အွန်လိုင်းငွေပေးချေမှုစနစ် (We Chat Pay နှင့် Alipay) ကို တားမြစ်ပိတ်ပင်ရန်နှင့် ဇီးရိုးဘတ်ဂျက် တားဆီးနိုင်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန်အစီ အစဉ် ရှိ၊ မရှိမေးခွန်းတို့နှင့်စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်ကလည်း ကောင်း၊ ဝိုင်းမော်မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၏ ဝိုင်းမော် မြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးလာခြင်းကြောင့် ရေကျော် သော လမ်းမကြီးများနှင့် တံတားတို့ကိုရေမကျော်အောင်ပြန်လည်ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ တန့်ဆည်မဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၏ အစိုးရဌာန အဖွဲ့အစည်းများသည် ကန်ထရိုက်စနစ်ဖြင့် တင်ဒါလုပ်ငန်း များဆောင်ရွက်ရာတွင် တင်ဒါအချို့အား ငြင်းပယ်သည့် အခါ ငြင်းပယ်ရသည့်အကြောင်းအရင်း၊ မရွေးချယ်ရသည့် အကြောင်းအရင်းကို အစီရင်ခံစာတွင် ရှင်းလင်းချက်များနှင့် တိကျစွာဖော်ပြပေးခြင်း ရှိ၊ မရှိနှင့် တင်ဒါမအောင်မြင်သည့် လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအားမရွေးချယ်ရသည့် အကြောင်းအရင်းကို အကြောင်းကြားစာပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့် လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော် မင်း၏ လက်ပံတန်းမြို့နယ် ဝါးရုံပင်ဇင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ (၅)ရွာအသုံးပြုနေသော ငါးပေအကျယ် လူကူးသစ်သားတံတားအစား သံကူကွန်ကရစ် ကုန်ထုတ် တံတားအဖြစ် ပြည်ထောင်စုဘတ်ဂျက်မှ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်းမေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော် လင်းကလည်းကောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီအတွင်းရေးမှူး ဦးတင်ထွန်းနိုင်ကအသေးစားငွေရေးကြေးရေး ဥပဒေကြမ်းကိုတင်သွင်းပြီးဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက အစီရင်ခံစာ ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါကအမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး တင်သွင်းသည့် ပြည်ထောင်စုတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရဌာနအဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်း ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့်ရောင်း ချခြင်းတို့အတွက် တင်ဒါများကို ဖိတ်ခေါ်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းများ၏ တည်နေရာ၊ Design၊ Drawing နှင့် Estimate (ခန့်မှန်းရန်ပုံငွေများ)ကို ပြည့်စုံစွာဖော်ပြပြီး သက်ဆိုင်ရာ ဌာနများ၏ Website များတွင် စတင်ဖိတ်ခေါ်သည်သာမက တင်ဒါအောင်မြင်သွားသည့် ကုမ္ပဏီများကိုပါ အတူယှဉ်တွဲ ပြီး လုပ်ငန်းပြီးစီးသည်အထိ သက်ဆိုင်ရာဌာန၏ Website များတွင် တရားဝင်ဖော်ပြပေးပါရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။
ဖားဆောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူက မိမိတို့ နိုင်ငံ၏ အဓိကကျသည့် အခြေခံအဆောက်အဦမှစ၍ လမ်းတံတားများ တိုးတက်ပြောင်းလဲစေရန်အတွက် နှစ်စဉ် ဘဏ္ဍာငွေမြောက်မြားစွာသုံးပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်နေသည့်အချိန်တွင် သက်ဆိုင်ရာဌာန အဖွဲ့ အစည်းများအနေဖြင့်လည်း ပြောင်းလဲသင့်သည်ကို ပြောင်း လဲပြီး တင်ဒါနှင့်ပတ်သက်၍ ပြည်သူလူထုပွင့်လင်းမြင်သာမှုရှိစေရန် ပြည်သူများ တာဝန်သိစွာပါဝင်လာနိုင်ရန်အတွက် အဆိုရှင် တင်ပြသကဲ့သို့ တင်ဒါများကို ဖိတ်ခေါ်ရာတွင် သက်ဆိုင်ရာ Website များတွင် တင်ပြထားရန်လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူများက မိမိတို့မြို့နယ်တွင် ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာ ကြည့်၍ အရည်အသွေးစစ်ဆေးရန်အတွက် သက်ဆိုင်ရာက ကွင်းဆင်းမှုမပြုနိုင်မီတွင် ပြည်သူများကကြည့်ရှု၍ သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်လာမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် တင်ဒါ၏ရည်မှန်းချက်ဖြစ်သည့် မှန်ကန် သည့် ကုန်ကျစရိတ်ဖြစ်စေရန်၊ အရည်အသွေးပြည့်ဝေစေရန်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများလေလွင့်ဆုံးရှုံးမှုမဖြစ်စေဘဲအဂတိလိုက်စားမှု၊ မသမာမှုများကို တားဆီးကာကွယ် နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ပြီး တင်ဒါလုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် အဆို အား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
အလားတူ ယင်းအဆိုနှင့်စပ်လျဉ်း၍ ညောင်ရွှေမဲဆန္ဒ နယ်မှ ဦးဝင်းမြင့်ဦး(ခ) ဦးနေမျိုး၊ မိုင်းကိုင်မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်မိုင်း၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဦးလမာနော် အောင်၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်နှင့် လဲချား မဲဆန္ဒနယ်မှ ဦးစိုင်းဥက္ကာတို့က ဆွေးနွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ယခုတင်သွင်းသည့် အဆို သည် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်သည့် တည်ဆောက် ရေးလုပ်ငန်းစိစစ်ရေး ကော်မတီအစည်းအဝေးများတွင် အမြဲမပြတ် မှာကြားနေသည့် လမ်းညွှန်ချက်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် E တင်ဒါစနစ်ဖြင့် မဆောင်ရွက် နိုင်သေးမီကာလတွင် တင်ဒါခေါ်ယူမှုများကို သတင်းစာများ တွင် ကြော်ငြာသကဲ့သို့ Website များတွင် ကြော်ငြာရန်၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကို Website များတွင် တရားဝင်ဖော်ပြရန်တို့ကို တည်ဆောက်ရေးလုပ်ငန်းစိစစ် ရေးကော်မတီ အစည်းအဝေးများတွင် ဝန်ကြီးဌာနအားလုံး နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့အားလုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အကြိမ်ကြိမ် တိုက်တွန်းထားသော်လည်း e-Government လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ထမ်းတစ်ဦး ချင်းစီ၏ နည်းပညာဆိုင်ရာကျွမ်းကျင်မှု အခက်အခဲနှင့် Capacity Building ဆိုင်ရာ အားနည်းချက်များရှိကြောင်းကို အချို့ဌာနများက တင်ပြလာပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်သည့် တင်ဒါလုပ်ငန်း ခေါ်ဆိုမှုများကို နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာ သကဲ့သို့ဝန်ကြီးဌာန Website နှင့် ဆိုရှယ်မီဒီယာတို့တွင် လည်း ပုံမှန်ထည့်သွင်းကြော်ငြာခြင်း၊ တင်ဒါအောင်မြင်သူများကိုဝန်ကြီးဌာန Website နှင့် ဆိုရှယ်မီဒီယာတို့တွင် ကြော်ငြာခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တင်ဒါ အောင်မြင်ပြီး ဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ဆောင်ရွက်မည့်လုပ်ငန်း၊ တင်ဒါအောင်တန်ဖိုး၊ တာဝန်ခံအင်ဂျင်နီယာ၊ လုပ်ငန်းဆိုင်ရာ အချက်အလက်များအား ပြည့်စုံစွာဖော်ပြစေပြီး ဆက်သွယ် နိုင်မည့်ဌာန၊ ကုမ္ပဏီဖုန်းနံပါတ်များကို တစ်ပါတည်းထည့် သွင်းစိုက်ထူခြင်းများ ဆောင်ရွက်ရန်ညွှန်ကြားချက်များထုတ်ပြန်ထားပြီး ဖြစ်ပါသောကြောင့် အဆိုအားအတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန်အတွက် လွှတ်တော်၏သဘောထားမေးမြန်း ရာ သဘောမတူသူမရှိသဖြင့် အဆိုအားအတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆယ် သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၏နှစ်ပတ် လည်အစီရင်ခံစာအား ကော်မတီအတွင်းရေးမှူး ဒေါ်ယဉ် မင်းလှိုင်က ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းနှစ်ပတ် လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ် တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းနှစ်ပတ် လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ် တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံ ရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာအား ကော်မတီ ဝင် ဦးမျိုးဇော်အောင်က ကော်မတီသည်ကျယ်ပြန့်လှသောကော်မတီ၏ တာဝန်များကိုထမ်းဆောင်ရာတွင် ကော်မတီ ဝင်များနှင့် ကော်မတီဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု များကြောင့် ကော်မတီ၏လုပ်ငန်းများ ချောမွေ့စွာဖြင့် လည်ပတ်လျက်ရှိပါကြောင်းကို အစီရင်ခံစာတင်ပြအပ် ပါကြောင်း၊ ဤအစီရင်ခံစာအပေါ်မူတည်၍ လွှတ်တော် ကိုယ်စားလှယ်များအပါအဝင် ပြည်သူများ၏ သုံးသပ်ဝေဖန် အကြံပြုချက်များကိုလည်း ကြိုဆိုဖိတ်ခေါ်ပါကြောင်း ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို သဘောတူလက်ခံရန် ကော်မတီအတွင်း ရေးမှူး ဒေါက်တာသန်းဝင်းက အဆိုတင်သွင်းသည်။
ထို့နောက် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို သဘောတူလက်ခံရန် ကော်မတီအတွင်း ရေးမှူး ဒေါက်တာသန်းဝင်းက အဆိုတင်သွင်းသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှစ်ပတ်လည် အစီရင်ခံစာကို အတည်ပြုရန်အတွက် လွှတ်တော်၏ သဘောထားမေးမြန်းရာ သဘောတူသဖြင့်အတည်ပြု ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၄) ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
အေးအေးသန့်(သတင်းစဉ်)
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၄) ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
အေးအေးသန့်(သတင်းစဉ်)
No comments:
Post a Comment