ဒုတိယသမ္မတ ဦးမြင့်ဆွေ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို
ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား
ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဒီဇင်ဘာ ၁၁
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပရာ ငွေကြေး ခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ ဦးဆောင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူနှင့် ဒေါက်တာ ဆက်အောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro Maruyama၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ပထမဆုံးဆွေးနွေးပွဲဖြစ်
အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ကျင်းပ သည့် အခမ်းအနားသည် ငွေကြေးကဏ္ဍတည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှု လျော့နည်းကျဆင်းစေရန်အတွက် ဦးစားပေးဆောင်ရွက် ရမည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး ( AML/ CFT ) ဦးဆောင် ကော်မတီ၏ ပထမဆုံးဆွေးနွေးပွဲဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများ လျော့နည်း ကင်းစင်အောင် စီးပွားရေးအသိုက်အဝန်းတစ်ရပ်လုံးတွင် ဆက်စပ်ပါဝင်သည့်ဌာနများ၊ အဖွဲ့အစည်းများက ယခု ကဲ့သို့ စုစည်းပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ရန် အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အတွက် အလိုအပ်ဆုံးနှင့်အရေးကြီးဆုံး ဆွေးနွေးပွဲလည်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ အစိုးရအဆက်ဆက်ကလည်း တစ်ကမ္ဘာလုံးက ပြစ်မှုအဖြစ်သတ်မှတ်ထားသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု အား ပြစ်မှုတစ်ရပ်အဖြစ် သတ်မှတ်ပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းကို အရှိန်အဟုန် တိုးမြှင့်သည့်အနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက် တွင် မိမိဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီနှင့်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဆက်အောင် ဦးဆောင်သည့်လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများသည် နိုင်ငံတော်ကချမှတ်ထား သည့် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ”၏ ရည်မှန်းချက် တစ်ရပ်ဖြစ်သည့်အတွက် မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ အစိုးရအဆက်ဆက်ကလည်း တစ်ကမ္ဘာလုံးက ပြစ်မှုအဖြစ်သတ်မှတ်ထားသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု အား ပြစ်မှုတစ်ရပ်အဖြစ် သတ်မှတ်ပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းကို အရှိန်အဟုန် တိုးမြှင့်သည့်အနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက် တွင် မိမိဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီနှင့်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဆက်အောင် ဦးဆောင်သည့်လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများသည် နိုင်ငံတော်ကချမှတ်ထား သည့် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ”၏ ရည်မှန်းချက် တစ်ရပ်ဖြစ်သည့်အတွက် မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုများအား အရေးယူဆောင်ရွက်ခဲ့ရာ “၂၀၀၂ ခုနှစ် တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ” အရ အမှုပေါင်း ၂၁ မှု အရေးယူခဲ့ပြီး တရားမဝင်နည်းလမ်းဖြင့် ရရှိသည့်ငွေကြေး နှင့် ပစ္စည်းစုစုပေါင်းတန်ဖိုးငွေကျပ် ၂၃၁၆၆ ဒသမ ၃၈ သန်းကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပါကြောင်း၊ “၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ” အရ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အမှုပေါင်း ၉၂ မှု စုံစမ်းစစ်ဆေးခဲ့ပြီး တရားစွဲတင်ခဲ့သည့် အမှုပေါင်း ၂၄ မှု၊ တရားစွဲတင်ရန် ဆောင်ရွက်ဆဲ ၃၄ မှုနှင့်ပြစ်ဒဏ်ချမှတ်အရေးယူနိုင်မှု ၁၀ မှုရှိပါကြောင်း၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၀၃၁ သန်းကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ပြီးဖြစ်ပါကြောင်း၊ မူးယစ် ဆေးဝါးမှုခင်းများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများက တရားမဝင်ရရှိသည့် ငွေကြေးများကို တရားဝင်ငွေကြေး အဖြစ် ပြောင်းလဲပြီး မြန်မာနိုင်ငံ၏ ငွေကြေးစနစ်ထဲကို ဝင်ရောက်မလာနိုင်အောင် တားဆီးကာကွယ်ရန်နှင့် တိုက်ဖျက်ရန်အတွက် ဌာနဆိုင်ရာ၊ ပုဂ္ဂလိကအဖွဲ့အစည်း များအားလုံးနှင့် ပြည်သူများပူးပေါင်းပါဝင်ရန် လိုအပ်သလို နိုင်ငံဖြတ်ကျော်မှုခင်းများကို တိုက်ဖျက်ရာတွင် အဓိက ရေသောက်မြစ်ဖြစ်သည့် ပြစ်မှုကျူးလွန်ရာမှရရှိသော တရားမဝင်ငွေကြေး၊ ပစ္စည်းနှင့်အကျိုးအမြတ်များကို ဖော်ထုတ်အရေးယူပြီး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ရန် အဓိကကျပါကြောင်း။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် မြန်မာနိုင်ငံသည် ၂ဝဝ၆ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia-Pacific Group on Money Laundering - APG )တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ APG ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည် နှင့်အညီ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force–FATF)၏ငွေကြေးခဝါချမှု နှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအကြံပြုချက်စံနှုန်းအချက် ၄၀ နှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အစဉ်အဆက်ကြိုးစားခဲ့ပါ ကြောင်း၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံပေါင်း ၁၅ နိုင်ငံ နှင့်လည်း နားလည်မှုစာချွန်လွှာများရေးထိုးပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ APG ၏ အဖွဲ့ဝင်နိုင်ငံ အချင်းချင်းအပြန်အလှန်အကဲဖြတ်မှု (Mutual Evaluation- ME) ကို ၂ဝဝ၇ - ၂ဝဝ၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်အကဲဖြတ်ခံခဲ့ပြီး ဒုတိယအကြိမ် APG က “အပြန်အလှန်အကဲဖြတ်ချက် အစီရင်ခံစာ” (Mutual Evaluation Report – MER) ကို ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ အစီရင်ခံစာပါအဓိက တွေ့ရှိချက်များနှင့် ဆောင်ရွက်ရန်အကြံပြုချက်များကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန် သန္နိဋ္ဌာန် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။
မြင်သာထင်ရှားရှိနေ
“ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့ခြင်း အမျိုးသားအဆင့်အန္တရာယ်အကဲဖြတ်ရေးအစီရင်ခံစာ” တွင် မြန်မာနိုင်ငံအတွင်း၌ငွေကြေးခဝါချမှု ခြိမ်းခြောက်မှုများ မြင်သာထင်ရှားရှိနေကြောင်း တွေ့ရှိခဲ့ ရသည့်အတွက် မူးယစ်ဆေးဝါးမှုခင်းများအပါအဝင် အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ သစ်နှင့်ကျောက်မျက် ရတနာများ တရားမဝင်ရောင်းဝယ်မှု၊ အခွန်တိမ်းရှောင်မှုများ ကို ရှာဖွေဖော်ထုတ်ပြီး လျော့နည်းကျဆင်းအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အစိုးရဌာနအဖွဲ့အစည်း များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်သည့် ကဏ္ဍအသီးသီးမှ အဆိုပါမှုခင်းများ လျော့နည်းကျဆင်း အောင် တားမြစ်ပိတ်ဆို့တိုက်ဖျက်သွားရမည်ဖြစ်ပါ ကြောင်း၊ အလားတူ သတင်းပို့အဖွဲ့အစည်းများအနေဖြင့် AML/CFT ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရေး အရာရှိများ သတ်မှတ်ခန့်အပ်ပြီး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ကိုလည်း စွမ်းရည်ပြည့်ဝပြီးလုပ်ငန်းများကို လွတ်လပ် စွာ ဆောင်ရွက်နိုင်အောင် ဖွဲ့စည်းရမှာဖြစ်ပါကြောင်း၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာသတင်းပို့အဖွဲ့အစည်းများနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်း များနှင့်ပူးပေါင်းပြီး AML/CFT မူဘောင်ကိုခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ပါကြောင်း။
တိုက်တွန်းပြောကြားလို
နိုင်ငံတကာစံနှုန်းများနှင့်အညီ “ အမျိုးသားအဆင့် မဟာဗျူဟာ” ရေးဆွဲပြဋ္ဌာန်းပြီး လုပ်ငန်းအစီအမံများ ချမှတ်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရေးဆွဲ ထားသည့် “ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးမဟာဗျူဟာ ” ကို ယခု တက်ရောက်လာကြသည့် ဌာနဆိုင်ရာနှင့်ပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများအားလုံးက မိမိတို့ကဏ္ဍအလိုက် အစီအမံ များချမှတ်ပြီး အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနေဖြင့် “ဥပဒေများ၊နည်းဥပဒေများ၊လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းနှင့်ပြင်ဆင်ခြင်း၊ AML/CFT ဆိုင်ရာမူဝါဒများ ချမှတ်ခြင်း၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ မိမိတို့ဌာနများအလိုက် ဆုံးရှုံး နိုင်ခြေအန္တရာယ်ကို အချိန်အပိုင်းအခြားအလိုက်အကဲ ဖြတ်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ခြင်း၊ ကြီးကြပ်ရေးအာဏာပိုင်များက ကဏ္ဍအလိုက် ကြီးကြပ်ကွပ်ကဲမှုတိုးမြှင့်ခြင်း၊ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များကို ဖော်ဆောင်ခြင်း၊ ဥပဒေရေးရာ ပုဂ္ဂိုလ်နှင့်ဥပဒေရေးရာ စီစဉ်ဆောင်ရွက်မှုများကို အလေးထားစိစစ်ခြင်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများအား စုံစမ်းစစ်ဆေးခြင်း၊ နိုင်ငံ့ ဘဏ္ဍာသိမ်းဆည်းခြင်းနှင့် လူအများအပြားသေကျေ ပျက်စီးစေသော လက်နက်များ ပြန့်ပွားအောင်လုပ်ဆောင် နေမှုများကို ငွေကြေးထောက်ပံ့မှုအား တိုက်ဖျက်ခြင်း” စသည့်အချက်များကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးအသိုက်အဝန်းလုံခြုံစေရန်နှင့် ပြစ်မှုကျူးလွန်ရာ မှရရှိသော တရားမဝင်ငွေကြေး၊ ပစ္စည်းနှင့်အကျိုးအမြတ် များ လျော့နည်းပပျောက်အောင် ဆောင်ရွက်ရန်ဖြစ်ပါ ကြောင်း။
နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် Political Will အပြည့်အဝရှိပြီး ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးကဏ္ဍ မြင့်မားရေးကို အပြည့်အဝ ဦးဆောင်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချမှတ် ထားပါကြောင်း၊ မိမိတို့နိုင်ငံသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများလျော့နည်း ကျဆင်းပြီး နိုင်ငံတကာအဆင့်မီနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဝန်းကျင်များနှင့် တည်ဆောက်ထားသည်ကို ပြသ ရမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် Political Will အပြည့်အဝရှိပြီး ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးကဏ္ဍ မြင့်မားရေးကို အပြည့်အဝ ဦးဆောင်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချမှတ် ထားပါကြောင်း၊ မိမိတို့နိုင်ငံသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများလျော့နည်း ကျဆင်းပြီး နိုင်ငံတကာအဆင့်မီနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဝန်းကျင်များနှင့် တည်ဆောက်ထားသည်ကို ပြသ ရမည်ဖြစ်ပါကြောင်း။
“ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့ခြင်း”များကို ထိထိရောက်ရောက်တိုက်ဖျက်ရန် နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ဥပဒေဆိုင်ရာအမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းအမိန့်တွင် စုံစမ်းစစ်ဆေးမည့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများကို လုပ်ပိုင်ခွင့်များတိုးမြှင့်ပေးအပ်ထားသကဲ့သို့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကိုလည်း လုပ်ငန်းပိုင်းဆိုင်ရာ လွတ်လပ်စွာဆောင်ရွက်ခွင့် များကို ပေးအပ်ထားပါကြောင်း၊ ကြီးကြပ်ရေးအာဏာပိုင် များကိုလည်း လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများ၊ အန္တရာယ်အခြေပြုချဉ်းကပ်ဖြေရှင်းမှုနည်းလမ်းများ၊ မိမိတို့ ကဏ္ဍနှင့်သက်ဆိုင်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်အကဲ ဖြတ်မှုများ၊ ဆောင်ရွက်ရန်တာဝန်များ ခွဲဝေပေးထား သကဲ့သို့ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်လျှင်လည်း ထိရောက်သည့်စီမံခန့်ခွဲမှုဆိုင်ရာအပြစ်ပေးမှုများလုပ်ရန် အသေးစိတ်ရေးသားဖော်ပြထားပါကြောင်း၊ “မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်ငွေကြေး ခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း အန္တရာယ်အကဲဖြတ်ချက်အစီရင်ခံစာ” နှင့် “အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အပြန်အလှန်အကဲဖြတ်ရေးအစီရင်ခံစာ” ပါ အကြံပြုချက်များနှင့်အညီ ပြင်ဆင်ရေးဆွဲထားသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအသစ်ကိုလည်း လွှတ်တော်ကိုတင်ပြပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
ကြိုးပမ်းဆောင်ရွက်
ယနေ့ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်ဌာန၊ အဖွဲ့အစည်းများအား “AML/CFT ဆိုင်ရာရှေ့လုပ်ငန်းစဉ် များ” နှင့် “အမျိုးသားအဆင့်မဟာဗျူဟာ” တို့ကို ချပြပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လုံခြုံ စိတ်ချရသည့် စီးပွားရေးရပ်ဝန်းဖြစ်စေရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေသည် ဆွေးနွေးပွဲ သို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေသည် ဆွေးနွေးပွဲ သို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ဆွေးနွေးပွဲများကို အခမ်းအနားအစီ အစဉ်အတိုင်း ဆက်လက်ကျင်းပရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဆက်အောင်က “ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များ” ကိုလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ်ကျော်ဝင်းသိန်းက “ဥပဒေ၊ ကြိုတင်ကာကွယ်မှုနှင့်ဘဏ်များ၊ အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရမည့် အခြေအနေများ” ကို လည်းကောင်း၊ International Monetary Fund (IMF) မှ Mr. Neil Saker က “The Consequences of Greylisting and Next Steps for Myanmar” ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ “Challenge for Improving AML/CFT in Myanmar” ခေါင်းစဉ်ဖြင့် ဒုတိယဝန်ကြီး ဒေါက်တာ ဆက်အောင်က ဦးဆောင်ဆွေးနွေးပြီး ရဲမှူးချုပ် ကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြား ရေးမှူးချုပ် ဒေါ်သန်းသန်းဆွေ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းမှ ဦးမျိုးညီညီ တို့ကသက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြသည်။
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရ သည်။
သတင်းစဉ်
No comments:
Post a Comment