နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ရွှေဘိုမြို့၌ ပြုလုပ်

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုလျှောက်ထားမှုကို သွားရောက်ဖြေရှင်းသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း လူထုထောက်ခံပွဲကို ယနေ့နံနက် ၉ နာရီက စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့၌ ကျင်းပ သည်။
လူထုထောက်ခံပွဲသို့ ရွှေဘိုမြို့မှ ဒေသခံပြည်သူနှစ်သောင်းကျော် ပါဝင် ခဲ့ကြပြီး ရွှေဘိုမြို့ ဗိုလ်ချုပ်ရင်ပြင် ရန်ကြီးအောင်ပန်းခြံတွင် စုရပ်ပြုလုပ် ကာ "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အား ထောက်ခံအားပေးပွဲ"၊ "လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ရပ်တည်ကြစို့”၊ “We Stand With Our Leader” ပိုစတာများ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဖြင့် ထောက်ခံပွဲကို ပြုလုပ်ခဲ့သည်။
အဆိုပါ လူထုထောက်ခံပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းစာရင်းစစ်ချုပ် ဦးစိုးလွင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း များ၊ ဆရာ ဆရာမများ၊ ပရဟိတအသင်း အဖွဲ့များ၊ ဘာသာပေါင်းစုံငြိမ်းချမ်းရေး အစုအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ပါဝင်ခဲ့ကြောင်း သိရသည်။
အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ကျောက်ပန်းတောင်း မြို့တွင်လည်း ပြုလုပ်ခဲ့ပြီး ပြည်သူ လူထုအင်အား လေးသောင်းခန့် တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
မိုးသောက်(ရွှေဘို)
No comments:
Post a Comment