Thursday, December 12, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့အား ထောက်ခံကြောင်း ဆုတောင်းမေတ္တာပို့သခြင်းနှင့် ဆီမီးပူဇော်ခြင်း အခမ်းအနား ရွှေတိဂုံစေတီတော်၌ ကျင်းပ
No photo description available.
ရန်ကုန် ဒီဇင်ဘာ ၁၁
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုမှုများနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ တုံ့ပြန်ဖြေရှင်းခြင်း ကိစ္စရပ်များ အပေါ် ထောက်ခံကြောင်းနှင့် မှန်ကန် မျှတပြီး တရားနည်းလမ်းကျသော ရလဒ်ကောင်းများ ရရှိစေရေးအတွက် ဆုတောင်းမေတ္တာပို့သခြင်းနှင့် ဆီမီး ပူဇော်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၅ နာရီက ရွှေတိဂုံစေတီတော် ရင်ပြင်အောင်မြေ၌ ကျင်းပသည်။
အဆိုပါ ဆုတောင်းမေတ္တာပို့သခြင်း နှင့် ဆီမီးပူဇော်ခြင်း အခမ်းအနားကို တရားနည်းလမ်းကျပြီး ရလဒ်ကောင်း များ မြန်မာနိုင်ငံ ပြန်လည်ရရှိစေရေး အတွက် ဆုတောင်းမေတ္တာပို့သခြင်း ခေါင်းစဉ်ဖြင့် ဧည့်လမ်းညွှန် ညီအစ်ကို မောင်နှမများက ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်ရှိ စမ်းမြသီတာ သီလရှင်စာသင်တိုက်မှ သီလရှင် အပါး ၂၀၀ တို့က ရွတ်ဖတ် သရဇ္ဈာယ် ဆုတောင်းမေတ္တာပို့သကြ သည်။
"ဒီလို ရွတ်ဖတ်ဆုတောင်းမေတ္တာ ပို့သတာဟာ အစ်မတို့ မြန်မာ လူမျိုးတွေအနေနဲ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ခုနစ်ရက်သားသမီးအပေါင်းကို ရည်ရွယ်တာလည်းဖြစ်သလို ပေးလိုက် ခြင်းအားဖြင့် မေတ္တာဆိုတဲ့သဘောက ရောင်ပြန်ဟပ်တဲ့အတွက် မေတ္တာ တရားကို အားလုံးရစေချင်တာပါ"ဟု ဂျာမန်ဘာသာစကား ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ မအိသူထွဋ်က ပြော သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့အား ထောက်ခံ ရပ်တည်သည့် လူထုထောက်ခံပွဲများ ကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ် အသီးသီး၌ ကျင်းပလျက်ရှိရာ ဧည့်လမ်းညွှန် ညီအစ်ကိုမောင်နှမများ ကလည်း ထောက်ခံရပ်တည်ကြောင်း နှင့် မှန်ကန်မျှတပြီး တရားနည်းလမ်း ကျသော ရလဒ်ကောင်းများ ရရှိစေရေး အတွက် ရည်ရွယ်ကာ ဆုတောင်း မေတ္တာပို့သခြင်းနှင့် ဆီမီးပူဇော်ခြင်း အခမ်းအနားကို ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
သတင်း-အေးမင်းသူ
ဓာတ်ပုံ-မိုးမြင့်မောင်

No comments:

Post a Comment