ကမ်မူရီ တိုင်ဖွန်းမုန်တိုင်းကြောင့်
ဖိလစ်ပိုင်၌ လူနှစ်ဦးထက်မနည်း သေဆုံး
ဖိလစ်ပိုင်၌ လူနှစ်ဦးထက်မနည်း သေဆုံး
မနီလာ ဒီဇင်ဘာ ၃
ဒီဇင်ဘာ ၃ ရက်က ဖိလစ်ပိုင်နိုင်ငံ အတွင်း ကမ်မူရီတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူနှစ်ဦး ထက်မနည်း သေဆုံးခဲ့သည်။ အဆိုပါ မုန်တိုင်းကြောင့် လူနေအိမ်ခေါင်မိုး များ ထိခိုက်ပျက်စီးသွားပြီး မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်ပါ ပိတ် ပစ်ခဲ့ရသည်။
ကမ်မူရီတိုင်ဖွန်းမုန်တိုင်းသည် ဒီဇင်ဘာ ၂ ရက် နှောင်းပိုင်းက ဖိလစ်ပိုင်ကမ်းခြေသို့ ဝင်ရောက် ချဉ်းကပ်လာပြီး လူဦးရေ ၁၃ သန်းခန့် နေထိုင်ကာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ ကစားသမား ထောင်နှင့်ချီ နေထိုင်ရာ မနီလာမြို့ကို ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မုန်တိုင်းသည် မနီလာမြို့ မှ ထွက်ခွာစဉ် မင်ဒါနာအိုကျွန်း အလယ်ပိုင်းမှ ကုန်းတွင်းပိုင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်တိုက်ခတ် ခဲ့ပြီး သစ်ပင်ပြိုလဲမှုများ ဖြစ်ပွားကာ ယင်းသစ်ပင်ပြိုလဲမှုကြောင့် လူတစ်ဦး သေဆုံးခဲ့သည်။ ကျန်တစ်ဦးသည် အဆောက်အအုံမှပြိုကျသော သစ်သား ချောင်းတစ်ချောင်းက ၎င်းအား ပိမိ ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

ကမ်မူရီမုန်တိုင်းသည် ဒေသဆိုင် ရာ လေဆိပ်တစ်ခုကို ဆိုးရွားစွာ ထိခိုက်သွားသလို ဓာတ်တိုင်နှင့် လူနေ အိမ်အများအပြားလည်း ထိခိုက်ပျက် စီးခဲ့သည်။ ဒေသဆိုင်ရာ အာဏာပိုင် များသည် မုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်လျက်ရှိ ကြောင်း သိရသည်။
“တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်နေစဉ် သစ်ပင်အများအပြား ပြိုလဲသွားသလို အိမ်ခေါင်မိုး အများ အပြားလည်း ပျက်စီးသွားပါတယ်”ဟု ဒေသဆိုင်ရာ သဘာဝဘေးဒဏ် တုံ့ပြန်ရေးအေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အင်အား ပြင်းထန်သောလေကြောင့် မနီလာမြို့ ရှိ နီနွိုင်းအာကွီနို အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပိတ်ပင်ခဲ့ရကြောင်း လေဆိပ်တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ရာသီဥတု အခြေအနေအပေါ် မူတည်ပြီးမှ လေဆိပ်ကို ပြန်လည် ဖွင့်လှစ်မည်ဟု တာဝန်ရှိသူများက ပြောသည်။ မုန်တိုင်းအန္တရာယ်ကြောင့် ဒေသဆိုင်ရာ လေယာဉ်ခရီးစဉ် ၅၀၀ နီးပါးကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည် များအား လေဆိပ်သို့ မလာကြရန် တာဝန်ရှိသူများက သတိပေးထား သည်။ ဘီကောလ်ဒေသ အလယ်ပိုင်းရှိ ပြည်သူ ၃၄၀၀၀၀ ခန့်တို့သည် မုန်တိုင်းဒဏ်ကြောင့် နေအိမ်စွန့်ခွာ ခဲ့ပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ သည်။
ဖိလစ်ပိုင်နိုင်ငံသည် မုန်တိုင်းနှင့် တိုင်ဖွန်းမုန်တိုင်းဒဏ်ကို တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် အကြိမ် ၂၀ ခန့် ကြုံ တွေ့လျက်ရှိပြီး လူ ရာနှင့်ချီ အသက် ဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိသည်။
ဖိလစ်ပိုင်နိုင်ငံအတွင်း ဝင်ရောက် တိုက်ခတ်သည့် အင်အားအပြင်းထန် ဆုံးမုန်တိုင်းမှာ ၂၀၁၃ ခုနှစ်က ဝင် ရောက်တိုက်ခတ်ခဲ့သည့် ဟိုင်ယန် အမည်ရှိ စူပါတိုင်ဖွန်း မုန်တိုင်းဖြစ်ပြီး ယင်းမုန်တိုင်းကြောင့် လူ ၇၃၀၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ
ဘာသာပြန် - ဂျေတီ
No comments:
Post a Comment