Wednesday, December 4, 2019

သမ္မတ ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေး အခမ်းအနားများ၌ ဘလွန်းဘာ့ဂ်သတင်းဌာနကို သတင်းရယူခွင့် ပိတ်ပင်
No photo description available.
ဝါရှင်တန် ဒီဇင်ဘာ ၃
ဘက်လိုက်ရေးသားဖော်ပြမှုများကြောင့် ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲအခမ်းအနားများ၌ ဘလွန်းဘာ့ဂ်သတင်းဌာနမှ သတင်း ထောက်များကို သတင်းရယူခွင့်ပြုမည်မဟုတ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအစီအစဉ်က ကြေညာလိုက်သည်။
ဘလွန်းဘာ့ဂ်သတင်းဌာန တည်ထောင်သူ နယူးယောက်စီးတီး မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘာ့ဂ်က သမ္မတရာထူးအတွက် ဒီမိုကရက်တစ်ပါတီ၏ အဆိုပြုချက်ရရှိရေး ယှဉ်ပြိုင်မည့်သူ၏ရည်မှန်း ချက်ကို ပြီးခဲ့သည့်လက ကြေညာခဲ့သည်။ မိုက်ကယ်ဘလွန်းဘာ့ဂ် သို့မဟုတ် ဒီမိုကရက်တစ်ပါတီ၏ အခြားကိုယ်စားလှယ်လောင်းများကို စုံစမ်းဖော်ထုတ်မည်မဟုတ်သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ၏ လုပ်ရပ်များကို ဆက်လက်၍ စုံစမ်းဖော်ထုတ်မည်ဟု ဘလွန်းဘာ့ဂ် သတင်းဌာနက ပြောကြားခဲ့သည်။
“ဘလွန်းဘာ့ဂ်သတင်းဌာနက ဘက်လိုက်ရေးသားမှုတွေကို ပွင့်ပွင့် လင်းလင်း ကြေညာခဲ့လို့ ဒေါ်နယ်ထရမ့် မဲဆွယ်စည်းရုံးရေးအစီအစဉ်က အဲဒီသတင်းဌာနက သတင်းထောက်တွေကို လူစုဝေးပွဲတွေ ဒါမှမဟုတ် မဲဆွယ်စည်းရုံးပွဲတွေမှာ သတင်းရယူခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ထရမ့် မဲဆွယ်စည်းရုံးရေးအစီအစဉ် မန်နေဂျာ ဘရတ်ပါစကေးလ်က ပြော သည်။ ဘလွန်းဘာ့ဂ်သတင်းဌာနက ယင်း၏ဆုံးဖြတ်ချက်ကို လူသိ ရှင်ကြား ပယ်ဖျက်ချိန်အထိ ဒီလိုသတင်းရယူခွင့်ပိတ်ပင်မှုက ထရမ့် မဲဆွယ်စည်းရုံးရေးအစီအစဉ်ရဲ့ မူဝါဒအဖြစ် ဆက်လက်ရှိနေပါမယ်” ဟု ၎င်းက ဆိုသည်။
ထရမ့်အစိုးရအဖွဲ့၏ လုပ်ရပ်များကို စုံစမ်းဖော်ထုတ်မှု ဆက်လက် လုပ်ဆောင်မည်ဟု ဘလွန်းဘာ့ဂ်သတင်းဌာနမှ စာတည်းမှူးချုပ် ဂျွန်မက်ကယ်ဝိတ်က ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - ကျော်ထိုက်စိုး

No comments:

Post a Comment