Thursday, December 5, 2019

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တာကော် - မိုင်းပျဉ်း - ကျိုင်းတုံလမ်းအပိုင်းနှင့် ကျိုင်းတုံမြို့ရှောင်လမ်းတို့ကို ကြည့်ရှုစစ်ဆေး
No photo description available.
နေပြည်တော် ဒီဇင်ဘာ ၄
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းပေါ်ရှိ တာကော်- မိုင်းပျဉ်း-ကျိုင်းတုံလမ်းအပိုင်း၌ ကတ္တရာလမ်း ဆောင်ရွက် ထားမှု၊ ကျောက်စီမြေထိန်းနံရံနှင့် ရေမြောင်းများဆောင်ရွက် ထားရှိမှု၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် Guard Rail များ ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး အတက်၊ အဆင်း မတ်စောက်သည့် တောင်ကြောဖြစ်သည့်အတွက် လိုအပ်သည့်နေရာများတွင် လမ်းချဲ့ပေးရန် တာဝန်ရှိသူများကို မှာကြားသည်။
မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းပေါ်ရှိ တာကော် - မိုင်းပျဉ်း - ကျိုင်းတုံလမ်းအပိုင်း ၁၇၉ ဒသမ ၀၄ ကီလိုမီတာကို ကတ္တရာကွန်ကရစ် ၄ ဒသမ ၈ ကီလိုမီတာ၊ ကွန်ကရစ်လမ်း ၆ ဒသမ ၃၁ ကီလိုမီတာနှင့် ကတ္တရာလမ်း ၁၆၇ ဒသမ ၉၃ ကီလိုမီတာ ရှိကြောင်း သိရသည်။
လိုအပ်ချက်များ မှာကြား
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံခရိုင် လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော အရှည် ၄ ဒသမ ၃၆ ကီလိုမီတာရှိ ကျိုင်းတုံမြို့ရှောင်လမ်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များ မှာကြားသည်။
အရှည် ၄ ဒသမ ၃၆ ကီလိုမီတာရှိ ကျိုင်းတုံမြို့ရှောင် လမ်းသည် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းမကြီးမှ ဖြတ်သန်းမောင်းနှင်လာသော ကုန်တင်ယာဉ် ကြီးများနှင့် ခရီးသည်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် မြို့တွင်း၌ မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေ သဖြင့် ဖောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment