Thursday, December 12, 2019

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းစည်းဝေး
Image may contain: 7 people, people sitting, table and indoor
နေပြည်တော် ဒီဇင်ဘာ ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၇/၂၀၁၉)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဝိုင်းဝန်းဆောင်ရွက်
အစည်းအဝေးတွင် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယခုအစည်းအဝေး၌ စက်မှုပိုင်းဆိုင်ရာ၊ ငွေရေးကြေးရေးဆိုင်ရာ၊ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပြီးခဲ့သည့် (၆/၂၀၁၉)အစည်းအဝေး မှတ်တမ်း အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများကို ဆွေးနွေးကြမည်ဖြစ်ပါ ကြောင်း၊ အားလုံးသိကြပြီးဖြစ်သည့်အတိုင်း ယခုအခါ မိမိတို့နိုင်ငံအပေါ် နိုင်ငံတကာ အသိုက်အဝန်းက အထူးအာရုံစူးစိုက် စောင့် ကြည့်လျက်ရှိသဖြင့် မိမိတို့ မီဒီယာများအနေ ဖြင့် မိမိတို့၏ အစီအစဉ်များကို ရေးသားထုတ် လွှင့်ဖော်ပြသည့်အခါ မီဒီယာကျင့်ဝတ် လိုက် နာရန်၊ မီဒီယာပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့်အတန်းမြင့်မားရန် အထူးအရေးကြီးပါ ကြောင်း၊ ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း မှာကြားသည်။
ထို့နောက် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများကြီးကြပ်မှုအဖွဲ့ အဖွဲ့ဝင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေး မှူးချုပ် (EIC) ဦးမျိုးမြင့်အောင်က လုပ်ငန်း အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြားမှ ညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေး) ဦးစော မြင့်ဇော်က BGB အစည်းအဝေးအမှတ်စဉ် (၆/၂၀၁၉)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှုကို ဖတ်ကြားတင်ပြပြီး မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား စက်မှုဌာနခွဲနှင့် ဘဏ္ဍာရေးဌာနခွဲမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက် ရောက်လာကြသည့် FM ရေဒီယိုအသံလွှင့် လုပ်ငန်းများနှင့် ရုပ်မြင်သံကြား ထုတ်လွှင့် သည့် ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်

No comments:

Post a Comment