Friday, December 13, 2019

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ကမ္ဘောဒီးယားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
No photo description available.
နေပြည်တော် ဒီဇင်ဘာ ၁၂
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး Mr. Chhouk Bunna အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်အချင်းချင်း ဆက်သွယ်ဆောင်ရွက်မှု ပိုမိုခိုင်မြဲစေရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment