Friday, December 13, 2019

ညောင်ဦးမြို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကျင်းပ
Image may contain: 2 people, crowd and outdoor
ညောင်ဦး ဒီဇင်ဘာ ၁၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည် ဆိုင်ရာတရားရုံး(ICJ)တွင် တရားစွဲဆို လျှောက်ထားမှုအား ဦးဆောင် သွားရောက် ဖြေရှင်းသည့်ကိစ္စနှင့် စပ်လျဉ်း၍ လူထုထောက်ခံပွဲကို ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် ညောင်ဦးမြို့နယ်ရှိ အမှတ်(၁)နယ်မြေ ဆုတောင်းပြည့်ဘုရားစုရပ်မှ စတင် ကာလမ်းမတော်လမ်းမကြီးမှ ပြည်သူ အများ စုဝေးချီတက်ခဲ့ကြောင်း သိရသည်။
ထောက်ခံချီတက်
အဆိုပါ ပြည်သူလူထု ထောက်ခံ ချီတက်ခြင်းအား ရွှေစည်းခုံဘုရား တောင်ဘက်ကွင်းပြင်ကျယ်တွင် ပြုလုပ်ခဲ့ သည်။
ထို့နောက် နိုင်ငံတော်၏ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏အကျိုးစီးပွားအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတ္တိနှင့် စိတ်ဓာတ်အား မြန်မာပြည်သူအပေါင်း၏ သွေးစည်းညီညွတ်မှုနှင့် ဘာသာကြီးလေးခုမှ ပုဂ္ဂိုလ်များက ဝန်းရံထောက်ခံခဲ့ကြသည်။
အဆိုပါထောက်ခံပွဲသို့ ညောင်ဦးမြို့နယ် ပြည်သူများ၊ ပုဂံမြို့သစ်မှ ပြည်သူများ၊ ငါ့သရောက်မြို့မှ ပြည်သူများ၊ ကိုယ်ပိုင် ကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကာ လူဦးရေ သုံးသောင်းခွဲခန့် တက်ရောက်ထောက်ခံကြကြောင်း သိရသည်။ ကိုထိန်(ငါ့သရောက်)
မင်းတပ်
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တရား စွဲဆိုလျှောက်ထားမှုကို ဦးဆောင်သွားရောက် ဖြေရှင်းသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူထုထောက်ခံ ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီက မင်းတပ်မြို့ မြို့မစျေးရှေ့၌ ကျင်းပရာ “We Stand with Our Leader’’ ၊ “We Stand with Daw Aung San Suu Kyi- We Stand with State Counsellor of Myanmar” ၊ “နိုင်ငံတော်၏ အကျိုးစီးပွားကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်”၊ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ အသက်ရာကျော်ရှည်ပါစေ” စသည့် ကြွေးကြော်သံများဖြင့် အင်အား ၁၅၀၀၀ ကျော်တို့က မြို့မဘောလုံးကွင်းမှ စတင် ထွက်ခွာပြီး ခွင့်ပြုထားသော မြို့တွင်းလမ်း ကြောင်းအတိုင်း စီတန်းလှည့်လည်၍ သတ်မှတ် ထားသည့်မြို့မစျေးရှေ့အထိ လမ်းလျှောက် ချီတက်ခဲ့ကြသည်။ ခွီးရှိန်း(ခရိုင်ပြန်/ဆက်)
မိုးကောင်း
အလားတူ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှု နှင့်စပ်လျဉ်း၍ သွားရောက်ဖြေရှင်းနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ ရပ်တည်ကြောင်း လူထု ထောက်ခံပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ် မိုးကောင်းမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်တုရှေ့၌ ကျင်းပသည်။
အဆိုပါ လူထုထောက်ခံပွဲသို့ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဒိတ်(ခ)ဦးခင်မောင်မြင့်၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသွေးစံနှင့် မိုးကောင်း မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဟန်း သံဃာများနှင့် သီလရှင်များ၊ ဘာသာပေါင်းစုံမှ အသင်းအဖွဲ့များ၊ တိုင်းရင်းသားပေါင်းစုံနှင့် မိုးကောင်းမြို့နယ်အတွင်းမှ ဒေသခံပြည်သူ ၁၅၀၀ ကျော် တက်ရောက်ပါဝင်ခဲ့ကြကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment