Wednesday, December 25, 2019

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီ၏ Chief Representative နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ




Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဒီဇင်ဘာ ၂၄


 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဂျပန်နိုင်ငံ အထက်လွှတ်တော် အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီ၏ Chief Representa- tive ဖြစ်သူ Mr. Yamaguchi Natsuo နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမလည်း တက်ရောက်သည်။ သတင်းစဉ်

No comments:

Post a Comment