Wednesday, December 25, 2019

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဂျပန်အထက်လွှတ်တော်အမတ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော် ဒီဇင်ဘာ ၂၄



ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ဂျပန်နိုင်ငံ အထက်လွှတ်တော် အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီ၏ Chief Represen-tative ဖြစ်သူ Mr. Yamaguchi Natsuo နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးနှင့် ဂျပန်နိုင်ငံ အထက် လွှတ်တော် အမတ်တို့သည် မြန်မာ-ဂျပန် ပူးပေါင်းတည်ထောင်ထား သော သီလဝါအထူးစီးပွားရေးဇုန် ၏ တိုးတက်အောင်မြင်မှုများအပေါ် ဝမ်းမြောက်ကြပါကြောင်းနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးသည်။ ထို့အတူ မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်တိုးမြှင့်သွားရေး၊ မြန်မာ ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဂျပန်နိုင်ငံမှ ဖွံ့ဖြိုး တိုးတက်မှုအကူအညီများ ဆက်လက် ပံ့ပိုးကူညီသွားရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် များတွင် ဂျပန်နိုင်ငံမှ ဆက်လက် အကူအညီ ပေးအပ်သွားရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။ သတင်းစဉ်

No comments:

Post a Comment