ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်
နောင်ချိုမြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့အခမ်းအနား တက်ရောက်
နောင်ချိုမြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့အခမ်းအနား တက်ရောက်
နေပြည်တော် ဒီဇင်ဘာ ၄
ဒုတိယအကြိမ်မြောက် ဓနုအမျိုးသား နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် နောင်ချိုမြို့ရှိ မြို့မအားကစားကွင်း၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်နှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဓနု တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဓနုတိုင်းရင်းသား တိုင်းရင်းသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ဓနုအမျိုးသား အလံတော်ကို အလေးပြုကြပြီး ဓနု တိုင်းရင်းသား တိုင်းရင်းသူများက ကြိုဆိုပါတယ်ဓနုမြေတေးသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့၏ သဝဏ် လွှာများကို ဓနုအမျိုးသားနေ့ ကျင်းပ ရေး ကော်မတီဝင်များက ဖတ်ကြား ကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်က ဓနုအမျိုးသား ညီလာခံကြီးက နတ်တော်လဆန်း ၈ ရက်နေ့ကို ဓနုအမျိုးသားနေ့ဟူ၍ ဆုံးဖြတ်ခဲ့ခြင်းသည် အနှစ်သာရနှင့် ပြည့်ဝသော လက်တွေ့ကျသည့် မျှော်မှန်းချက်နှင့် ပြည့်စုံသောဆုံးဖြတ် ချက်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ အမျိုးသားနေ့ဟူ၍ သတ်မှတ်ကြသည့် ရည်ရွယ်ချက်များ မှာ မိမိတို့၏ ဇာတိပုညဂုဏ်မာနတို့ကို သေချာစွာသိရှိနားလည်သည်မှာ အညီ အညွတ်ရှိစေရန်၊ လူမျိုး၊ ဘာသာ စကား၊ စာပေယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းအစဉ်အလာတို့ကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် ချစ်ခင်ရင်းနှီး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်ပင် ဆွေးနွေးအကောင်အထည် ဖော်ဆောင် ရန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်က ဓနုအမျိုးသား ညီလာခံကြီးက နတ်တော်လဆန်း ၈ ရက်နေ့ကို ဓနုအမျိုးသားနေ့ဟူ၍ ဆုံးဖြတ်ခဲ့ခြင်းသည် အနှစ်သာရနှင့် ပြည့်ဝသော လက်တွေ့ကျသည့် မျှော်မှန်းချက်နှင့် ပြည့်စုံသောဆုံးဖြတ် ချက်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ အမျိုးသားနေ့ဟူ၍ သတ်မှတ်ကြသည့် ရည်ရွယ်ချက်များ မှာ မိမိတို့၏ ဇာတိပုညဂုဏ်မာနတို့ကို သေချာစွာသိရှိနားလည်သည်မှာ အညီ အညွတ်ရှိစေရန်၊ လူမျိုး၊ ဘာသာ စကား၊ စာပေယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းအစဉ်အလာတို့ကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် ချစ်ခင်ရင်းနှီး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်ပင် ဆွေးနွေးအကောင်အထည် ဖော်ဆောင် ရန်ဖြစ်ကြောင်း ပြောကြားသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နှုတ်ခွန်းဆက် စကားပြောကြားပြီး ပြည်နယ်အစိုးရ အဖွဲ့၏ ပွဲတော်ဖြစ်မြောက်ရေးအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ကျင်းပရေးကော်မတီက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားအခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါပြဋ္ဌန်းချက် များနှင့်အညီ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများကိုလွတ်လပ်စွာကျင်းပခွင့်ရရှိရေး အပါ အဝင် တိုင်းရင်းသားများ၏ အခွင့် အရေးများ နစ်နာဆုံးရှုံးမှုမရှိစေဘဲ တန်းတူရရှိရေး၊ ဘာသာစကား၊ စာပေ၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများထိန်းသိမ်းစောင့်ရှောက်ရေးတို့ကိုဆောင်ရွက်ပေးရန်အတွက် ဓနု တိုင်းရင်းသားများက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြနိုင်ပါ ကြောင်းပြောကြားပြီး ပွဲတော် ဖြစ်မြောက်ရေးအတွက် ထောက်ပံ့ငွေ ကိုပေးအပ်ရာ ကျင်းပရေးကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။
ဆုများပေးအပ်
ထို့နောက် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ်နာယက ဦးစဝ်အောင်မြတ် နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းတို့က ဂုဏ်ပြုအမှာစကား ပြောကြား ကြပြီး ပွဲတော်ဖြစ်မြောက်ရေးနှင့် နေပြည်တော်တွင် ဆောက်လုပ်မည့် ဓနုတိုင်းရင်းသားဓမ္မာရုံအတွက် အလှူ ငွေများကိုပေးအပ်ကြ၍ ဂုဏ်ထူးဆောင် ကျောင်းသား ကျောင်းသူများနှင့် ဓာတ်ပုံဆုရသူများကို ဆုများပေးအပ် ကြသည်။
ယင်းနောက် ဓနုတိုင်းရင်းသား ရေးရာ(ဗဟို)အဖွဲ့ချုပ် အလှည့်ကျ ဥက္ကဋ္ဌ ဦးနေမျိုးကျော်က နှုတ်ခွန်းဆက် စကားပြောကြားပြီး နောင်ချိုမြို့နယ် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညွန့်လှိုင်က ငွေကျပ် ငါးသိန်း နှင့်အထက် အလှူရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်၍ ဓနု အမျိုးသားနေ့ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။
အများဆုံးနေထိုင်
ရှမ်းပြည်နယ်တွင် ဓနုတိုင်းရင်းသား များအပါအဝင် တိုင်းရင်းသားမျိုးနွယ်စု ပေါင်း ၃၃ မျိုးနေထိုင်ကြပြီး ဓနုလူမျိုး တို့သည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယ၊ ပွေးလှ၊ ရေဦး၊ ရွာငံ၊ ဘော်ဆိုင်း၊ ရပ်စောက်၊ ကျောက်ထပ်၊ ကလောနှင့် အောင်ပန်းဒေသများ၌ အများဆုံးနေထိုင်ကြ၍ ပျဉ်းမနား၊ ရမည်းသင်း၊ သာစည်တို့နှင့် ဆက်စပ် နေသော တောင်ကြောဒေသများ၌ အသင့်အတင့်နေထိုင်ကြသည်။
ဓနုအမျိုးသားနေ့သည် ရှမ်းပြည်နယ် အတွင်း ဓနုအမျိုးသားအများစု နေထိုင် ကြသော ၁၀ မြို့နယ်ရှိ ဓနုအမျိုးသားကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံးရှိ ဓနုအမျိုးသား ကိုယ်စားလှယ်များ စုပေါင်းပြီး ပင်းတယမြို့၌ ၁၃၈၀ ပြည့်နှစ် နတ်တော်လဆန်း ၈ ရက်နေ့ တွင် ဓနုအမျိုးသားညီလာခံကို ကျင်းပ၍ ဆုံးဖြတ်ချက်(၅)ရပ်ကို အညီအညွှတ် ချမှတ်နိုင်ခဲ့သော ပထမဆုံးအကြိမ် ညီလာခံကျင်းပသည့် နတ်တော် လဆန်း ၈ ရက်ကို ဓနုအမျိုးသား တစ်ရပ်လုံး ညီညွတ်စေသော နေ့ထူး နေ့မြတ်အဖြစ် သတ်မှတ်ခဲ့ရာမှ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်
No comments:
Post a Comment