ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်
အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့စုံညီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့စုံညီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထုတ်ပြန်ကြေညာခဲ့
ရှေးဦးစွာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုး စီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက မြန်မာနိုင်ငံ၏ အဓိကသီးနှံဖြစ်သည့် ဆန်၊ စပါး ထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုဖြစ်ပေါ်နေသော ပြည်ပ ဝယ်လိုအားကျဆင်းခြင်းကြောင့် အခြေခံရည်ညွှန်း စပါးဈေးနှုန်းထုတ်ပြန်ပေးရန် လိုအပ်ချက်ကြောင့် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြု တင်ပြရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ထုတ်လုပ်မှုကုန်ကျစရိတ် တွက်ချက် သုံးသပ်စေ၍ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာခဲ့ပါကြောင်း။
အဆိုပါ ထုတ်ပြန်ကြေညာချက်အပေါ် အကောင်အထည်ဖော်နိုင်ရေးနှင့် သကြားကဏ္ဍ၊ ငါး၊ ပုစွန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး အတွက် ဦးဆောင်အဖွဲ့ဝင်များမှ ယခုကျင်းပသည့် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားကြရန် ဦးဆောင်အဖွဲ့၏ စုံညီအစည်းအဝေးကို ခေါ်ယူ ခြင်းဖြစ်ပါကြောင်း။
ဦးဆောင်အဖွဲ့အနေဖြင့် ဥပဒေပုဒ်မ (၂၃) အရ ဝယ်ယူမည့် လယ်ယာ ထုတ်ကုန်အမျိုးအစားနှင့် အစီအစဉ်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ခွင့်ပြုချက်ရယူ၍ စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ငွေကျပ် ငါးသိန်းအဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်သည် ဈေးကွက်ပေါက်ဈေးကအခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက်ကို ကျဆင်းနေပါက အခြေခံရည်ညွှန်း စပါးဈေးအတိုင်း ဝယ်ယူပေးခြင်းအားဖြင့် တောင်သူလယ်သမားများ၏ အကျိုး စီးပွားကို မြှင့်တင်နိုင်ရန်ဖြစ်ပါကြောင်း။

တိုက်တွန်းလို
စပါးဝယ်ယူရန်လိုအပ်လာပါက နိုင်ငံတော်မှလှည့်ပတ်ရန်ပုံငွေ ငွေကျပ် ၁၅ ဘီလီယံကို သုံးစွဲခွင့်ပြုထားပေးပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဆန်၊ စပါး၊ ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များအနေဖြင့် မိမိတို့ဒေသအတွင်း စပါးဝယ်ယူရန် လိုအပ်ပါက လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြ ဆောင်ရွက်သွားနိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက ကြီးကြပ်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း။
ထို့ပြင် ပြည်တွင်း၌ စပါးလက်ကျန်များပြားမှုကြောင့် ဈေးနှုန်းကျဆင်း ခြင်းကို ထိန်းကျောင်းနိုင်ရန် လုံးသွယ်အမျိုးအစားစပါးကို စပါးအတိုင်း ပြည်ပသို့ တင်ပို့ရောင်းချခွင့်ကိုလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ တင်ပို့ခွင့်လိုင်စင် ခွင့်ပြုပေးမည်ဖြစ်ပြီး တန်ချိန်နှစ်သိန်းမှ စတင်ခွင့်ပြုမည် ဖြစ်ပါကြောင်း။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်အပြီး တင်ပို့ရန်နှင့် လိုအပ်ပါက တန်ချိန် ငါးသိန်းအထိ တင်ပို့ခွင့်ပြုမည်ဖြစ်ပါကြောင်း၊ လယ်ယာထုတ်ကုန်များ သင့်တင့် မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက်ရရှိရန် ဆောင်ရွက်ရာတွင် ဆန်စပါးအပြင် လက်ရှိဖြစ်ပေါ်နေသည့် သကြားဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှုမရှိခြင်း၊ ဈေးနှုန်းကျဆင်းခြင်းတို့ကြောင့် ကြံစိုက်ပျိုးသူနှင့် သကြားစက်ရုံပိုင်ရှင်တို့ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ညီညွတ်မျှတအောင် စီမံဆောင်ရွက်ပေးနိုင်ရေး လည်း လိုအပ်လျက်ရှိပါကြောင်း၊ သို့မှသာ ကြံစိုက်ပျိုးထုတ်လုပ်မှုမကျဆင်းဘဲ ကြံစိုက်တောင်သူများ၏ အခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွား မြှင့်တင်ရေး ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း။
ပြည်တွင်းသကြားလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည် တိုးမြင့်လာစေရန်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းကျင်းပခဲ့သည့် Sugar Forum မှ တင်ပြချက်အရ Re – export သကြားလက်ကျန်များအားပြည်တွင်းသို့ ပြန်လည်ရောင်းချမှုမရှိစေရေး၊ တရားမဝင်သကြားများ ပြည်တွင်း ဝင်ရောက်မှုမရှိစေရေး၊ ပြည်ပမှတင်သွင်းသည့် Import Sugar တင်သွင်းရာ တွင်လည်း အမှန်တကယ်လိုအပ်ချက်ကိုသာ တင်သွင်းနိုင်ရေး သက်ဆိုင်ရာဌာန ဆိုင်ရာများက စီမံကြီးကြပ်ဆောင်ရွက်သွားနိုင်ရေး အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း။
ညှိနှိုင်းဆောင်ရွက်ပေးရန်
လက်ရှိအခြေအနေအရ သကြားဈေးကျဆင်းနေခြင်း၊ သကြားလက်ကျန် များ ကျန်ရှိနေခြင်းတို့ကြောင့် ယခုကြံကြိတ်ဝါးရာသီတွင် ယခင်နှစ်ကြံဈေးနှုန်း ထက် တစ်တန်လျှင် ငွေကျပ် ၂၀၀၀ မှ ငွေကျပ် ၅၀၀၀ အထိ လျှော့ချဝယ်ယူနေ သည့်အတွက် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ သကြားစက်ရုံပိုင်ရှင်နှင့် တောင်သူများအကြား ညှိနှိုင်းဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း။
မွေးမြူရေးကဏ္ဍတွင် ရေထွက်ပစ္စည်းနှင့် ငါး၊ ပုစွန်မွေးမြူရေးကဏ္ဍ သည် လက်ရှိအခြေအနေတွင် အလားအလာကောင်းများရှိနေပါကြောင်း၊ ရေထွက်ပစ္စည်းများတင်ပို့မှုတွင် တိုးတက်မှုရှိသည်ကို တွေ့ရပါကြောင်း၊ မြန်မာ့ ရေထွက်ပစ္စည်းများကို လက်ရှိတွင် နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့လျက်ရှိပါ ကြောင်း၊ ၂၀၁၉ ခုနှစ်မှစ၍ EU ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခဲ့ရာလက်ရှိကာလ အထိ ငါး၊ ပုစွန်ပြုပြင်စက်ရုံ ၂၅ ရုံမှ ထုတ်လုပ်သော ရေထွက်ပစ္စည်းများကို တင်ပို့လျက်ရှိပါကြောင်း။
အမျိုးသားအဆင့်ဓာတ်ကြွင်းထိန်းချုပ်မှုအစီအမံ (National Residue Monitoring Plan (NRMP)) ကို ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်အကောင်အထည်ဖော် ခဲ့ပြီး (NRMP)တွင် ပါဝင်ဆောင်ရွက်ခဲ့သည့်စက်ရုံ ၁၇ ရုံမှ မွေးမြူရေးရေထွက် ကုန်များကိုလည်း တင်ပို့ခွင့်ရရှိပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာနိုင်ငံများမှ သတ်မှတ်ထားသော စည်းမျဉ်းများနှင့် စံချိန်စံညွှန်းကိုက်ညီစေရေးအတွက် လည်း ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ငါး၊ ပုစွန်ကဏ္ဍဖွံ့ဖြိုးရေးအတွက် သုတေသန လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ပို့ကုန်များကို တန်ဖိုးမြှင့် တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လိုအပ်ပါ ကြောင်း။

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုလျှော့ချနိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) စီမံကိန်းကို ကျေးရွာတစ်ရွာလျှင် ငွေကျပ် သန်း ၃၀ စီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားဖြစ်ထွန်းနိုင်စေရန်နှင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေတွင် ဥပဒေ၏ အားနည်းချက်များကို သုံးသပ်၍ ခေတ်ကာလနှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းနိုင်စေရန် အတွက် ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်ခဲ့ရာ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ လွှတ်တော် နှစ်ရပ်၏ သဘောထားကွဲလွဲမှုရှိသည့် ဥပဒေပုဒ်မပေါင်း ကိုးခုအတွက် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးအတည်ပြုပြီးပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေအား မကြာမီကာလတွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်ပါကြောင်း။
ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ
ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ
ယနေ့ကမ္ဘာတွင် ပြောင်းလဲဖြစ်ပေါ်နေသော ရာသီဥတုဖြစ်စဉ်များအရ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုပုံစံ မမှန်ခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းများကို နှစ်စဉ်စီမံချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ရန်ပုံငွေမှလည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အရေးပေါ်ရန်ပုံငွေမှလည်းကောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ၏ ရည်ရွယ်ချက်တစ်ရပ်ဖြစ်သည့် “သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်နစ်နာမှုများအတွက် ကူညီ ထောက်ပံ့မှုများကို အတတ်နိုင်ဆုံးအထောက်အကူပြုပံ့ပိုးရန်” ဟု ပြဋ္ဌာန်းပါရှိ သည့် အားလျော်စွာ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူလယ်သမားများအား နှစ်စဉ်ပံ့ပိုးကူညီဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း သီးနှံပျက်စီးဧက ၃၇၉၉၆၄ ဒသမ ၁၄ ဧကအတွက် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၇၃၂၂ ဒသမ ၆၈၅၇ သန်းကို တောင်သူ များထံ ပေးအပ်ခဲ့ပြီး သီးနှံပျက်စီးဧက ၃၀၂၃၁၅ ဧကအတွက် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၃၀၂၀ ဒသမ ၁၅၀ သန်းကို တောင်သူများထံသို့ ပေးအပ်နေ ဆဲဖြစ်ပါကြောင်း။
၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှု များကို အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကူညီပေးရန်အတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် တောင်သူလယ်သမားများ၏အကျိုးစီးပွားကို မြှင့်တင် နိုင်ရေးအတွက် နိုင်ငံတော်တစ်ခုတည်းကသာမကဘဲ ဦးဆောင်အဖွဲ့မှ အမိန့် ထုတ်ပြန် ဖွဲ့စည်းပေးပြီးဖြစ်သည့် “လုပ်ငန်းကော်မတီများ”၊ “လုပ်ငန်းအဖွဲ့များ” အနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပါ ပူးပေါင်းပါဝင်စေလျက် ဝိုင်းဝန်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ဦးဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဌာနအလိုက်ဆောင်ရွက်လျက်ရှိသည့် တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအတွက်ရေတိုရေရှည်ဆောင်ရွက်ရန် အကြံပြုချက်များ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အခြေခံရည်ညွှန်းစပါး ဈေးနှုန်းဖြင့် စပါးဝယ်ယူရေးအတွက် စီစဉ်ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ် များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် အထွက်နှုန်းတိုးတက်ရေး၊ ဈေးကောင်းရရှိရေး၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး၊ တားဆီးကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ စီမံချက်များရေးဆွဲဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ ဒေသအလိုက် ဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် အခက်အခဲများကို ဆွေးနွေးတင်ပြကြ သည်။
ထို့နောက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆွေးနွေးတင်ပြချက်နှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်များနှင့် ဆုံးဖြတ်ရန် အချက်များအား ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက်တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ စုံညီအစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်
No comments:
Post a Comment