Thursday, December 12, 2019

တရားရုံးကဆုံးဖြတ်ချက်ချပြီးနောက် သမ္မတဒေါ်နယ်ထရမ့်က လူမှုရေးအသင်းအဖွဲ့များကို နစ်နာကြေး ဒေါ်လာနှစ်သန်းပေးအပ်
Image may contain: 1 person
ဝါရှင်တန် ဒီဇင်ဘာ ၁၁
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယခင်၎င်းပိုင်ဆိုင်ခဲ့ သည့် လူမှုကူညီရေးဖောင်ဒေးရှင်းရန်ပုံငွေများကို ၎င်း၏ နိုင်ငံရေးနှင့် စီးပွားရေးအကျိုးစီးပွားများအတွက် အသုံးပြု ခဲ့သည်ဟု စွဲဆိုချက်များကို ဖြေရှင်းသည့်အနေဖြင့် လူမှုရေး အသင်းအဖွဲ့များကို အင်္ဂါနေ့က နစ်နာကြေးဒေါ်လာနှစ်သန်း ပေးခဲ့သည်။
ဒေါ်နယ်ထရမ့်သည် ဖောင်ဒေးရှင်းရန်ပုံငွေများကို အမှုအခင်းဖြေရှင်းရန်၊ ထရမ့်နာမည်အမှတ်တံဆိပ်အသုံး ပြုထားသည့် ဟိုတယ်များကို ဈေးကွက်မြှင့်တင်ရန်နှင့် ၎င်းပိုင်ဆိုင်သည့် ဂေါက်ကွင်းတစ်ခုတွင် ထားရှိရန်အတွက် ၎င်း၏ ပုံတူရုပ်တုကိုဝယ်ယူခြင်းအပါအဝင် ကိုယ်ရေး ကိုယ်တာကိစ္စများအတွက် အသုံးပြုခဲ့သည်ဟု စွပ်စွဲခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
နယူးယောက်ရှေ့နေချုပ် လက်တီရှာဂျိမ်းစ်၏ ထုတ် ပြန်ချက်အရ နစ်နာကြေးဒေါ်လာနှစ်သန်းကို အမေရိကန် ကပ်ဘေးအထိမ်းအမှတ်ပြတိုက်၊ ယူနိုက်တက်နီဂရိုး ကောလိပ်ရန်ပုံငွေအဖွဲ့၊ ကလေးများ၏ အကူအညီအဖွဲ့ အပါအဝင် လူမှုကူညီရေးအသင်းအဖွဲ့ ရှစ်ဖွဲ့သို့ အညီအမျှ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဂျိမ်းစ်ဆိုသူက ယခင်နှစ် ဇွန်လက ဒေါ်နယ်ထရမ့်ကိုတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ဂျိမ်းစ်က ဒေါ်နယ်ထရမ့်သည် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲအတွင်း ၎င်း၏ မဲဆွယ် စည်းရုံးရေးအဖွဲ့နှင့် ၎င်းပိုင်ဆိုင်သည့် လူမှုကူညီရေးအသင်း အကြား မသင့်တော်သည့် ညှိနှိုင်းဆွေးနွေးမှုများ အပါအဝင် ဥပဒေနှင့်မညီသည့် အပြုအမူကို အစဉ်တစိုက်ပြုလုပ်ခဲ့သည် ဟု စွပ်စွဲခဲ့ခြင်း ဖြစ်သည်။
ဒေါ်နယ်ထရမ့်က ၎င်းပိုင် လူမှုကူညီရေးအသင်းကို ၂၀၁၈ ခုနှစ်တွင် ပိတ်ပစ်ဖို့ သဘောတူညီခဲ့သည်။ သို့သော်လည်း တရားလိုရှေ့နေများက ထိခိုက်နစ်နာမှုအတွက် လျော်ကြေး ဒေါ်လာသန်းချီ၍ လိုချင်သည့်အတွက် ယင်းအမှုကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
ယင်းအမှုသည် လေးနှစ်ကြာနိုင်ငံရေးအရ နှောင့်ယှက် တိုက်ခိုက်မှုဖြစ်ကြောင်း၊ သူတို့ တွေ့ရှိသည့် အရာအားလုံးမှာ ထိရောက်အကျိုးရှိသည့် ပရဟိတအလုပ်နှင့် ဘုတ်အဖွဲ့၏ အစည်းအဝေးမှတ်တမ်းများကို မရေးမှတ်ထားခြင်းကဲ့သို့ သော သေးငယ်သည့် နည်းစနစ်ဆိုင်ရာ ဖောက်ဖျက်မှုများ ဖြစ်ကြောင်း တရားရုံးဆုံးဖြတ်ချက် ထွက်လာပြီးနောက် ဒေါ်နယ်ထရမ့်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကိုးကား-အေအက်ဖ်ပီ၊ ဘာသာပြန် အောင်ဇော်လင်း

No comments:

Post a Comment