ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန အဆောက်အဦဖွင့်ပွဲ ကျင်းပ
ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန အဆောက်အဦဖွင့်ပွဲ အခမ်း အနား ဒုတိယပိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်(၁) (ရန်ကုန်)၌ ကျင်းပသည်။
အခမ်းအနား ဒုတိယပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဤဌာန အဆောက်အဦ ဖွင့်လှစ်နိုင်ခြင်းကြောင့် ဆရာဝန်များသာမက သူနာပြုများ၊ ဆေးနှင့် ဆေးနှီးနွှယ် ဘာသာရပ်ဆိုင်ရာ သင်တန်းသား များအတွက် လေ့ကျင့်သင်ကြားမှုပြုရာတွင် ပိုမိုထိရောက် အောင်မြင်လာမည်ဖြစ်ကြောင်း၊ ထို့အပြင် ရောဂါရှာဖွေစမ်းသပ်ကုသပေးသည့် ဓာတ်ခွဲ၊ ဓာတ်မှန် စသည့် စက်ပစ္စည်းကိရိယာ များ၏ အခြေခံသဘောတရားများကို လက်တွေ့ကိုင်တွယ် အသုံးပြုသင်ကြားပေးနိုင် မည်ဖြစ်ကြောင်း၊ ကောင်းမွန်သော သင်ကြား သင်ယူမှု ပတ်ဝန်းကျင်ရှိလာမည့်အပြင် ကျွမ်းကျင်တတ်မြောက်မှုကိုလည်း စစ်ဆေး နိုင်မည်ဖြစ်၍ ဆရာဝန်များ၏ အရည်အချင်း၊ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် လက်တွေ့ ကျွမ်းကျင်မှု အရည်အသွေးများ ပိုမိုမြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း၊ မန္တလေး ဆေးတက္ကသိုလ်နှင့် အထက်မြန်မာပြည်ရှိ ဆေးနှီးနွှယ်တက္ကသိုလ်များအတွက် ယခုကဲ့သို့ ဌာနမျိုးကို မန္တလေးဆေးတက္ကသိုလ်တွင် တည်ထောင်ဖွင့်လှစ်ရန် လိုအပ်ပြီး မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ်က ဦးဆောင်၍ စီမံကိန်းအဆိုပြုလွှာ ရေးဆွဲတင်ပြစေလိုပါ ကြောင်း ပြောကြားသည်။

ယင်းနောက် ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုး က သုတေသနအဆောက်အဦနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနအဆောက် အဦအတွက် ဝိုင်းဝန်းကူညီပေးကြပါသော အလှူရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးတက္ကသိုလ်(၁) ရန်ကုန်ရှိ ဆေးပညာ ကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသန အဆောက်အဦကို ဆေးလက်တွေ့ ကုသမှုများအတွက် လိုအပ်သော ကျွမ်းကျင်မှု များကို လေ့ကျင့်သင်ကြားနိုင်ရေး၊ လူနာများ ဘေးကင်းလုံခြုံမှုပိုမိုရရှိရေး၊ နိုင်ငံတကာ အဆင့်မီ လေ့ကျင့်သင်ကြားရေးဌာန ပေါ်ပေါက်လာရေး၊ ဆေးပညာဆိုင်ရာကျင့်ဝတ် များ၊ ပညာရှင်ပီသသည့် အရည်အသွေးနှင့် ကျွမ်းကျင်မှုများ၊ လူမှုဆက်ဆံရေးများ၊ အသင်း အဖွဲ့နှင့် ဆောင်ရွက်နိုင်မှုများ လေ့ကျင့်နိုင်ရေး၊ ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆေးပညာကျွမ်းကျင် မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသန အဆောက်အဦတွင် Non - Technical Skills သင်တန်းအမျိုးအစား ကိုးမျိုးနှင့် Technical Skill သင်တန်းအမျိုးအစား ၁၆ မျိုးနှင့် ပုံတူပြု လေ့ကျင့်ရေး ငါးမျိုးတို့ကို သင်ကြားပို့ချပေးသွား မည့်အပြင် သုတေသနဆိုင်ရာ ဓာတ်ခွဲခန်း သုံးခု ပါရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment