ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး (၁၉)ကြိမ်မြောက် အာရှသိပ္ပံကောင်စီညီလာခံဖွင့်ပွဲ အခမ်းအနားတက်ရောက်
(၁၉)ကြိမ်မြောက် အာရှသိပ္ပံကောင်စီညီလာခံ (Science Council Asia - SCA) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ပင်းယခန်းမ၌ ကျင်းပသည်။
ရည်မှန်းချက်များ ပြည့်မီနိုင်ရန်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာ နိုင်ငံ အပါအဝင် အာရှသိပ္ပံကောင်စီအဖွဲ့ဝင် ၃၂ နိုင်ငံတို့၏ ပူးတွဲသုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရပ်နှင့် အလေ့အကျင့်ကောင်းများ မျှဝေ ဖလှယ်ဆောင်ရွက်နေခြင်းကို အသိအမှတ်ပြုပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များကို ပြည့်မီနိုင်ရန်အတွက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့အနေဖြင့် အာရှသိပ္ပံကောင်စီနှင့် ဆန်းသစ်တီထွင်မှု နယ်ပယ် များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုညီလာခံတွင် ပညာရှင်များက မိမိတို့၏ ပညာရပ်အမြင်များကို ဖလှယ်၍ အာရှဒေသရှိ အဓိက ပြဿနာများကို သိရှိရုံသာမက ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုပါ ရှာဖွေတွေ့ရှိ နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ Dr.Wang Xi ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်၊ အာရှဖွံ့ဖြိုးမှုဘဏ် ဒုတိယဥက္ကဋ္ဌ Dr. Bambang Susantono နှင့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ ပထမဦးဆုံးဥက္ကဋ္ဌ ဖြစ်သော ဒေါက်တာသန်းဦးတို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် ပညာရပ်အလိုက် စာတမ်းဖတ်ပွဲများကို သတ်မှတ်နေရာများ၌ အစီအစဉ်အတိုင်း ဖတ်ကြားကြသည်။
(၁၉)ကြိမ်မြောက် အာရှသိပ္ပံကောင်စီညီလာခံကို ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံ၌ ပင်မခေါင်းစဉ် တစ်ခုနှင့် ခေါင်းစဉ်ခွဲ လေးခု တို့ဖြင့် စာတမ်းပေါင်း ၁၀၈ ခုနှင့် ပူးတွဲသုတေသနပရောဂျက် အလုပ်ရုံဆွေးနွေးပွဲ နှစ်ခုတို့ကို ကျင်းပသွားမည်ဖြစ်သည်။
(၁၉)ကြိမ်မြောက် အာရှသိပ္ပံကောင်စီညီလာခံကို ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံ၌ ပင်မခေါင်းစဉ် တစ်ခုနှင့် ခေါင်းစဉ်ခွဲ လေးခု တို့ဖြင့် စာတမ်းပေါင်း ၁၀၈ ခုနှင့် ပူးတွဲသုတေသနပရောဂျက် အလုပ်ရုံဆွေးနွေးပွဲ နှစ်ခုတို့ကို ကျင်းပသွားမည်ဖြစ်သည်။
အာရှသိပ္ပံကောင်စီကို သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံ ပညာရှင်အဖွဲ့သည် ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်လာ ခဲ့သည်။
သတင်းစဉ်
No comments:
Post a Comment