လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပ
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဦးစီးကော်မတီညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန စုဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒေါက်တာ မျိုးသိမ်းကြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာ အောင်မိုးညို၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ကဏ္ဍစုံ ထည့်သွင်းကျင်းပ
အစည်းအဝေးတွင် လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး) ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (ရန်ကုန်)ကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး)ကို ၂၀၁၈ ခုနှစ်တွင် လည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခုလူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး)ကို ပိုမိုကောင်းမွန်စွာ ကျင်းပ သွားနိုင်ရန် ဆောင်ရွက်သွားရမည် ဖြစ်ပြီး လူငယ်များဖွံ့ဖြိုးရေးအတွက် ကဏ္ဍစုံထည့်သွင်းကျင်းပနိုင်ရန်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လူငယ်များဖွံ့ဖြိုးရေးကို ရည်ရွယ် သည့် ကဏ္ဍသစ်များကိုလည်း ထည့်သွင်း ဆောင်ရွက်သွားသင့်ပါ ကြောင်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်များမှရရှိသည့် အတွေ့အကြုံ များသည် လူငယ်များဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေသည့်အပြင် ၎င်း တို့၏ဘဝအတွက် ခွန်အားဖြစ်စေရန် ရည်ရွယ်ပါကြောင်း။
ယနေ့ခေတ် လူငယ်များသည် သတင်းအချက်အလက်နှင့် နည်းပညာ ကဏ္ဍကို စိတ်ဝင်စားမှုများသည့် အတွက် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ အသိပညာပေးမှု များကိုလည်း ပွဲတော်တွင် ထည့်သွင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ နည်းပညာနှင့်ပတ်သက်၍ အသိပညာပေးရာတွင် ယူနီကုတ် ပြောင်းလဲသုံးစွဲမှုနှင့် သက်ဆိုင်သည့် အသိပညာအပြင် ပြောင်းလဲသုံးစွဲလာ သည့် ဒစ်ဂျစ်တယ်နည်းပညာနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ကိုလည်း ထည့်သွင်းဆောင်ရွက်သင့်ပါ ကြောင်း။
ကဏ္ဍသစ်များ ဖော်ထုတ်
ထို့ကြောင့် ဆပ်ကော်မတီအသီး သီးအနေဖြင့် လူငယ်များအတွက် ရည်ရွယ်စဉ်းစားကာ သက်ဆိုင်ရာ ကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပွဲတော်၏ အသိ ပညာပေးပြခန်းများတွင်လည်း လူငယ် များ စိတ်ဝင်စားမှုရှိသည့် လူငယ်များ အတွက် အကျိုးရှိစေမည့် ကဏ္ဍသစ် များကို ဖော်ထုတ်ဆောင်ရွက်သွားစေ လိုပါကြောင်း။
လူငယ်များအတွက် စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပရာတွင်လည်း လူငယ်များ စိတ်ဝင်စားမှုရှိသည့်၊ လူငယ်များကိုယ်တိုင် ပါဝင်ဆွေးနွေး ခွင့်ရှိသည့် စကားဝိုင်းများကို ဆောင် ရွက်သွားစေလိုကြောင်း၊ သို့မှသာ လူငယ်များအတွက် ရည်ရွယ်သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်မှ အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
လူငယ်များအတွက် စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပရာတွင်လည်း လူငယ်များ စိတ်ဝင်စားမှုရှိသည့်၊ လူငယ်များကိုယ်တိုင် ပါဝင်ဆွေးနွေး ခွင့်ရှိသည့် စကားဝိုင်းများကို ဆောင် ရွက်သွားစေလိုကြောင်း၊ သို့မှသာ လူငယ်များအတွက် ရည်ရွယ်သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်မှ အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ပါဝင်ပြသသွားမည်
ထို့နောက် ကျင်းပရေးဦးစီး ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်(မကွေး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ ကျောင်းများအပြင် နည်းပညာနှင့် သက်မွေးပညာ အထက်တန်းကျောင်း များနှင့် စက်မှု လက်မှုသိပ္ပံကျောင်းများ ကလည်း ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ အဆိုပါကျောင်း များက အသိပညာပေးပြခန်းများကို လည်း ပါဝင်ပြသသွားမည်ဖြစ်ပါ ကြောင်း၊ ထို့အတွက် ကြိုတင်စီစဉ်မှု များကို ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ပွဲတော်တွင် စတုတ္ထမြောက် စက်မှုတော်လှန်ရေးနှင့် ပတ်သက် သည့် အသိပညာပေးအစီအစဉ်ကို လည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါကြောင်း၊ နည်းပညာကဏ္ဍနှင့် သက်ဆိုင်သည့် အသိပညာပေးမှုများ အပြင် မူးယစ်ဆေးဝါးအန္တရာယ် ဆိုင်ရာ၊ လူငယ်ကျန်းမာရေးဆိုင်ရာ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ၊ လူငယ်များ အသက်အရွယ် အလိုက် လူနေမှုဘဝဆိုင်ရာနှင့် ဂိမ်း အန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများ ကို ထည့်သွင်းကျင်းပသွားစေလိုပါ ကြောင်း။
ထို့ပြင် နည်းပညာကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံတကာနည်းပညာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် လူငယ်များ၏ အတွေ့အကြုံနှင့် လုပ်ဆောင်ခဲ့မှုများကို မျှဝေပေးသွား မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် နည်းပညာနှင့် သတင်း အချက်အလက်ဆိုင်ရာ ကဏ္ဍနှင့် ပတ်သက်၍လည်း ပါဝင်ပြသသွားမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ပွဲတော်တွင် အသိပညာပေး ပြခန်းများအပြင် လူငယ်နှင့် သက်ဆိုင် သည့် စကားဝိုင်းများကိုလည်း ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ယင်းနောက် ကျင်းပရေးဦးစီး ကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ကော်မတီများဖွဲ့စည်းကာ သက်ဆိုင်ရာ ကဏ္ဍအလိုက် စီစဉ်ဆောင်ရွက် ထားမှုများနှင့် ဆက်လက်ဆောင်ရွက် သွားရမည့်ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီ တွဲဖက် အတွင်းရေးမှူး(၁) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်က လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ထားသည့်ကိစ္စရပ်များ၊ ဆက်လက် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များ ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် တာဝန်ရှိသူ များက ပွဲတော်ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်ထားမှု များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးတင်ပြကြသည်။
နိဂုံးချုပ်အမှာစကားပြောကြား
ထို့နောက် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ် အမှာစကားပြောကြားသည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို မြန်မာလူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးအပါ အဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်ပေးနိုင် ရေးနှင့် အနာဂတ် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအား လူငယ်များ၏ အတွေးအမြင်ကောင်းများဖြင့် တည် ဆောက် အကောင်အထည်ဖော်ရေး အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို မြန်မာလူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးအပါ အဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်ပေးနိုင် ရေးနှင့် အနာဂတ် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအား လူငယ်များ၏ အတွေးအမြင်ကောင်းများဖြင့် တည် ဆောက် အကောင်အထည်ဖော်ရေး အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment