ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရှမ်းပြည်နယ်အတွင်းရှိ
လမ်းနှင့် တံတားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
လမ်းနှင့် တံတားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် ဒီဇင်ဘာ ၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ရှိ တာချီလိတ် - တာလေ - ပါလျှိုး - ကျိုင်းလတ်လမ်း အခြေ အနေကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် မြန်မာ - လာအို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် အဓိကကျသည့် မြန်မာ - လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတားကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာလေ မြို့ရှောင်လမ်း ဖောက်လုပ်နေမှုနှင့် အဆိုပါလမ်းပေါ်တွင် တည်ဆောက်မည့် တံတားလျာထားနေရာတို့ကို ကြည့်ရှု စစ်ဆေးပြီး သော်တာဝင်းဆောက်လုပ်ရေးကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော တာလေ - မိုင်းဖြတ်-ကျိုင်းတုံလမ်းကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေး
သည်။

သတ်မှတ်အချိန်မီ ပြီးစီးရေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့ နယ် ကျိုင်းတုံလေယာဉ်ကွင်းလမ်းပေါ်၌ တံတားဦးစီး ဌာန တံတားအထူးအဖွဲ့(၁၂)မှ တံတားဟောင်းအား တိုးချဲ့တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများကို တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အချိန်မီ ပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေး စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။
သတင်းစဉ်
No comments:
Post a Comment