အမေရိကန်၏ လှုပ်ရှားဆောင်ရွက်မှုများကို ဆန့်ကျင်လျက်
တရုတ်နိုင်ငံက ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုဆို
တရုတ်နိုင်ငံက ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုဆို
တရုတ်နိုင်ငံသည် ဟောင်ကောင်အရေးနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံနှင့် တင်းမာမှု များ မြင့်တက်နေစဉ်အတွင်း ဝင်ရောက်စွက် ဖက်လာသော အနောက်နိုင်ငံကို ဆန့်ကျင်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အလေးထားပြောကြားလိုက်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဒီဇင်ဘာ ၂ ရက်က ပေကျင်း၌ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး နီကိုလေပက်ထရူရှက်ဗ်နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်အပါအဝင် အနောက် နိုင်ငံများသည် ယခုနှစ်တွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ပြည်တွင်းရေးရာကိစ္စရပ်များ ကို ဝင်ရောက်စွက်ဖက်မှုများ တိုးမြှင့်လုပ်ဆောင် လျက်ရှိကြောင်းနှင့် တရုတ်နှင့် ရုရှားတို့၏ လုံခြုံရေးနှင့် လွတ်လပ်သော အချုပ်အခြာ အာဏာကို ခြိမ်းခြောက်လျက်ရှိကြောင်း တရုတ်သမ္မတက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ၏ ချဉ်းကပ်မှုများသည် မှားယွင်းနေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ရှုမြင်သုံးသပ်ချက်ကို မိမိအနေဖြင့် သဘောတူပါကြောင်းနှင့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ အဓိကကျသော လုံခြုံရေးနှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးရန် နှစ်နိုင်ငံအကြား နက်ရှိုင်းသည့် ဆက်ဆံရေး များရှိရန် ဆန္ဒရှိပါကြောင်း သမ္မတရှီကျင့်ဖျင် က ပြောကြားခဲ့သည်။
ဟောင်ကောင်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အထောက်အပံ့ဖြစ်စေသည့် ဥပဒေမူကြမ်းနှစ်ခုကို လက်မှတ်ရေးထိုးမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ် ချက်ကိုလည်း တရုတ်အစိုးရက သိသိသာသာ ပြန်လည်တုံ့ပြန်ခဲ့သည်။ ထို့ပြင် ပေကျင်းအနေ ဖြင့် အမေရိကန် အင်န်ဂျီအို(အစိုးရမဟုတ် သောအဖွဲ့အစည်း)များအပေါ် ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်
ဘာသာပြန်-အလင်းသစ်
No comments:
Post a Comment