Wednesday, December 4, 2019

ထရမ့်က နေတိုးအဖွဲ့ အစည်းအဝေးတွင် ပြင်သစ်အား ဝေဖန်
Image may contain: 2 people
လန်ဒန် ဒီဇင်ဘာ ၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့ အစည်းအဝေးတွင် မဟာ မိတ်နိုင်ငံများအပေါ် ပြင်သစ်၏ ဝေဖန်မှုများနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံ များ၏ ဥပဒေမဲ့လုပ်ရပ်များအပေါ် ဝေဖန်ပြောဆိုခဲ့သည်။
သို့သော် ဥရောပမဟာမိတ်နိုင်ငံ များ၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် ဆောင်ရွက်သည့် နေတိုး ၏ အစည်းအဝေးတွင် ပြင်သစ်သမ္မတ မက်ခရွန်၏ ဝေဖန်မှုများအပေါ် ထရမ့် အနေဖြင့် မတားဆီးနိုင်ခဲ့ချေ။
လန်ဒန် တွင် ကျင်းပသော နေတိုးအဖွဲ့၏ ဆွေးနွေးပွဲတွင် အနောက်နိုင်ငံများ၏ မဟာမိတ်ဖြစ်သော နေတိုးအဖွဲ့သည် ဆုံးဖြတ်ချက်များအား ကောင်းမွန်စွာ မချမှတ်နိုင်တော့သော အဖွဲ့အစည်း ဖြစ်သည်ဟု မက်ခရွန်က စွပ်စွဲလိုက် ပြီး ထရမ့်ကလည်း နေတိုးအဖွဲ့အစည်း ထဲမှ ပြင်သစ်နုတ်ထွက်ရနိုင်ကြောင်း ပြောကြားခဲ့သည်။
''နေတိုးအဖွဲ့အနေနဲ့ အလွန် ကြီးကျယ်ကောင်းမွန်စွာ ဆောင်ရွက် ခဲ့ပါတယ်။ မက်ခရွန်ရဲ့ ပြောကြားချက် ဟာ စော်ကားရာရောက်ပြီး အဖွဲ့ဝင် ၂၈ နိုင်ငံစလုံးကို အကျိုးသက်ရောက် ပါတယ်"ဟု ပြောဆိုခဲ့သည်။
ယခုကဲ့သို့ ပြင်သစ်၏ ပြောကြား ချက်သည် အမေရိကန်နှင့် နေတိုး အဖွဲ့၏ ဆက်ဆံရေးကို မထိခိုက်နိုင် ဘဲ ပြင်သစ်သာ နေတိုးအဖွဲ့အတွင်းမှ နုတ်ထွက်သွားသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း ထရမ့်က ပြောဆိုခဲ့သည်။ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် စတော့တင်ဘတ်က နေတိုးအဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ခဲ့ကြောင်း ပြောဆိုခဲ့ခြင်း အား ထရမ့်က ကာကွယ်ပြောဆိုခဲ့ သည်။
"ကျွန်တော့်အနေနဲ့ အစည်းအဝေး ခန်းထဲ ဝင်လာတုန်းက ဒေါသဖြစ်ခဲ့ ပေမယ့် အခုတော့ ကာကွယ်ရေး အသုံးစရိတ်ကို ၁၃၀ ဘီလီယံဒေါ်လာ အထိ မြှင့်တင်လိုက်ပါပြီ"ဟု ထရမ့်က ပြောဆိုခဲ့သည်။
"ဒါပေမယ့် နေတိုးအဖွဲ့ဝင်တွေ ထဲမှာ ဥပဒေမဲ့ဆောင်ရွက်နေတဲ့ နိုင်ငံ တွေ ရှိပါတယ်"ဟု ဂျာမနီနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်လျှော့ချမှု နှင့်ပတ်သက်ပြီးလည်း ထရမ့်က ပြောဆိုခဲ့သည်။ ပဲရစ်တွင်ရှိနေသော တူရကီ ကိုယ်စားလှယ်အဖွဲ့အား ပြင်သစ်က ဆင့်ခေါ်ခဲ့ပြီး တူရကီ၏ ရုရှားထံမှ S-400 လေကြောင်း ကာကွယ်ရေးဒုံးကျည် ဝယ်ယူမှုနှင့် ပတ်သက်ပြီး နေတိုးအဖွဲ့နိုင်ငံများ အနေဖြင့် ကိုင်တွယ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-စိုးသူရ

No comments:

Post a Comment