အကြမ်းဖက်သမားစောင့်ကြည့်ရေးဆောင်ရွက်မှု ဗြိတိန်တိုးမြှင့်
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများအား အကြမ်းဖက်သမားစောင့်ကြည့်ရေးတာဝန်ကို တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ ၎င်းအား ဝေဖန်သူများက လန်ဒန်တံတားအကြမ်းဖက် တိုက်ခိုက်မှုသည် ဂျွန်ဆင်အနေဖြင့် နိုင်ငံရေးအရ အကျိုး အမြတ်ရစေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
တာဝန်ရှိသူများအနေဖြင့် အကျဉ်းထောင်မှ အကြမ်း ဖက်မှုပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသော တရားခံ ၇၄ ဦးအား စိစစ်စစ်ဆေးလျက်ရှိပြီး ၎င်းတို့မှာ လန်ဒန်တံတား တွင် အကြမ်းဖက်မှုကျူးလွန်ခဲ့သော ယူစမန်ခန်းကဲ့သို့ အကျဉ်းထောင်မှ စောစီးစွာလွတ်မြောက်လာသူများဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ ခင်ဗျားတို့ ခန့်မှန်းထားသလိုပဲ လွန်ခဲ့တဲ့ ၄၈ နာရီအတွင်းမှာ လိုအပ်တဲ့အရေးယူမှုတွေ ပြုလုပ်ပြီး သေချာစွာစုံစမ်းစစ်ဆေးနေပါတယ်” ဟု ဂျွန်ဆင် က ဘီဘီစီသတင်းဌာနအား ပြောကြားသည်။
လတ်တလော စုံစမ်းမှုများအရ West midland ရဲတပ်ဖွဲ့က အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို အကြမ်းဖက်မှုဆောင်ရွက်ရန် ကြိုးစားမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရပြီး ၎င်းသည် ယူစမန်ခန်းနှင့် အတူ ၂၀၁၂ ခုနှစ်က လန်ဒန်စတော့အိတ်ချိန်းအား ဗုံးဖောက်ခွဲရန်ကြံစည်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရကြောင်း ဗြိတိန်မီဒီယာများက ပြောကြားသည်။ သို့သော်ယခုဖမ်းဆီး ထားသူသည် လန်ဒန်တံတား အကြမ်းဖက်မှုနှင့် ဆက်စပ် ကြောင်း သက်သေတစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-စိုးသူရ
ဘာသာပြန်-စိုးသူရ
No comments:
Post a Comment