Tuesday, December 3, 2019

ကမ္ဘာကြီးပူနွေးလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှုများ အရှိန်မြှင့်လုပ်ဆောင်ရေး ကမ္ဘာ့နိုင်ငံများအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆို
Image may contain: 1 person
ကုလသမဂ္ဂ ဒီဇင်ဘာ ၂
ကမ္ဘာကြီးပူနွေးလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှုများ အရှိန်မြှင့်လုပ်ဆောင်ရေးအတွက် ကမ္ဘာတစ်ဝန်းမှ အစိုးရများအား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်းဆိုလိုက်ကြောင်း သိရသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် သည် COP25 ဟုခေါ်သည့် ကုလသမဂ္ဂရာသီ ဥတုပြောင်းလဲမှုဆိုင်ရာကွန်ဖရင့် မကျင်းပမီ ဒီဇင်ဘာ ၁ ရက်က မက်ဒရစ် မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရာသီဥတုနှင့်ဆက်နွှယ်သည့် သဘာဝ ဘေးအန္တရာယ်များသည် မကြာခဏဖြစ်ပွား လာပြီး လူ့အသက်ပေါင်းများစွာဆုံးရှုံးမှုနှင့် ဘဏ္ဍာငွေကုန်ကျမှုများကို ဖြစ်ပေါ်စေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားခဲ့သည်။
လက်ရှိတွင် လူသားများအနေဖြင့် ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတုပြဿနာတစ်ရပ်နှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း၊ ရာသီဥတုပြောင်းလဲမှု ကို ရပ်တန့်ရေး ကမ္ဘာ့လုံးဆိုင်ရာကြိုးပမ်းမှု များ သည် အားနည်းချက်များရှိနေသေးကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ သည်။
ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ဖရင့်မှ ခေါင်းဆောင်မှု၊ တာဝန်နှင့် ကတိ ကဝတ်များ တိုးတက်ရရှိမှုကို ရှင်းလင်း ပြတ်သားစွာ အဖြေထွက်လာရေး မျှော်လင့် ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။
ထို့ပြင် ကွန်ဖရင့်တွင် ပါဝင်လာသည့် နိုင်ငံ များအနေဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ခြင်းကဲ့သို့သော ဆောင်ရွက်ချက် များကို လက်ဆုပ်လက်ကိုင်ပြ ဆောင်ရွက်နိုင် ရန်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့သည်။
ယခုနှစ်၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ဖရင့်သည် ဆွေးနွေးဆဲအဆင့်သာရှိသေး သည့် ပါရီသဘောတူညီချက်ကို အကောင် အထည်ဖော်ရေး စည်းမျဉ်းအချို့အပေါ် သဘော တူညီချက်တစ်ရပ်ရရှိရေးကို ရည်ရွယ်သည်။
အဆိုပါသဘောတူညီချက်သည် ဖြစ်ပေါ် လာမည့် ကမ္ဘာကြီးပူးနွေးလာမှုကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ရည်ရွယ်သည်။ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ဖရင့်ကို ဒီဇင်ဘာ ၁၃ ရက်အထိ ကျင်းပမည်ဖြစ် သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်

No comments:

Post a Comment