Tuesday, December 3, 2019

ဂျပန်ဒုတိယဘဏ္ဍာရေးဝန်ကြီးဟောင်းကို အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌအဖြစ် ရွေးချယ်
Image may contain: 1 person
တိုကျို ဒီဇင်ဘာ ၂
ဂျပန်ဒုတိယဘဏ္ဍာရေးဝန်ကြီးဟောင်း မာဆတ်ဆူဂူအဆာကာဝါကို အာရှ ဖွံ့ဖြိုးရေးဘဏ်(ADB)အား ဦးဆောင်ရန် ရွေးချယ်လိုက်ကြောင်း သိရသည်။ အဖွဲ့ဝင် ၆၈ နိုင်ငံ၏ မဲဆန္ဒပြုရွေးချယ် မှုတွင် ဥက္ကဋ္ဌသစ်အဖြစ် အဆာကာဝါ ကို တညီတညွတ်တည်း ရွေးချယ်ခဲ့ ကြောင်း ADB က ယနေ့ ကြေညာ လိုက်သည်။
အဆိုပါ ရာထူးနေရာအတွက် အခြားမည်သည့် ကိုယ်စားလှယ် လောင်းမျှ ယှဉ်ပြိုင်ခဲ့ခြင်းမရှိဘဲ ဂျပန် အစိုးရက အဆာကာဝါကို အဆိုပြု ခဲ့ခြင်းဖြစ်သည်။ အဆာကာဝါသည် လာမည့်နှစ် ဇန်နဝါရီ ၁၇ ရက်တွင် ဂျပန်နိုင်ငံမှပင်ဖြစ်သူ လက်ရှိဥက္ကဋ္ဌ တာကဲဟီကိုနာကာအို၏ နေရာကို ဆက်ခံမည်ဖြစ်သည်။ အမေရိကန် နိုင်ငံနှင့်အတူ ဂျပန်နိုင်ငံမှာ ADB သို့ ငွေကြေးအကူအညီ အများဆုံး ထည့်ဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်။ ADB ဥက္ကဋ္ဌဟောင်းများကို ဂျပန်နိုင်ငံကသာ ရွေးချယ်ခဲ့ပြီး အဆာကာဝါမှာ ဒသမမြောက်ဥက္ကဋ္ဌ ဖြစ်လာမည်ဖြစ်သည်။
အဆာကာဝါသည် ၁၉၈၁ ခုနှစ် တွင် ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဝင်ရောက်ခဲ့ပြီး ယခုနှစ် ဇူလိုင်လအထိ အပြည်ပြည်ဆိုင်ရာဗျူရို၏ ညွှန်ကြား ရေးမှူးချုပ်နှင့် ထိပ်တန်းနိုင်ငံတကာ ဘဏ္ဍာရေးအရာရှိအဖြစ် လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ အာရှ-ပစိဖိတ်ဒေသတွင် ရန်ပုံငွေများ ကြီးမားစွာ လိုအပ်လာမှု ပြည့်မီစေရန် အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှင့် မကြာခဏဖြစ်ပွားသည့် သဘာဝ ဘေးအန္တရာယ်များကြောင့် မြန်ဆန်စွာ မြို့ပြပုံစံဆန်လာမှုကြောင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးမှုအတွက် ကြိုတင်ပြင်ဆင်ရန် ADB က လုပ်ဆောင် လျက်ရှိသည်။ အာရှတိုက်တွင် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးလာစေရန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံ လိုအပ်ကြောင်း ADB က ပြောသည်။
အဆာကာဝါအနေဖြင့် ချေးငွေ များရယူကာ ပုဂ္ဂလိကရန်ပုံငွေများ အသုံးပြု၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိအောင် လှုံ့ဆော်ပေးရန် လိုအပ် မည်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - ကျော်ထိုက်စိုး

No comments:

Post a Comment