Tuesday, December 3, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း
ဦးဆောင်သောအဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့
လေ့လာရေးခရီးထွက်ခွာ
No photo description available.
နေပြည်တော် ဒီဇင်ဘာ ၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ရွေးကောက်ပွဲစနစ်များနှင့် စပ်လျဉ်း၍ နားလည်မှုပိုမိုတိုးမြှင့်ရေးဆိုင်ရာ လေ့လာရေးခရီးစဉ်အဖြစ် ယမန်နေ့ ည ၁၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်မှတာဝန်ရှိသူများ လိုက်ပါ သွားကြပြီး ခရီးစဉ်မှာ ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment