Thursday, December 12, 2019

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ခရစ္စမတ်မတိုင်မီတရုတ်နိုင်ငံသို့သွားရောက်မည်
Image may contain: 1 person, suit
တိုကျို ဒီဇင်ဘာ ၁၁
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် တရုတ်၊ တောင်ကိုရီးယားခေါင်းဆောင်များနှင့် ပြုလုပ်မည့် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ယခုလနှောင်းပိုင်းတွင် တရုတ်နိုင်ငံသို့သွားရောက် မည်ဖြစ်သည်။ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ယိုရှီဟီဒဲဆူဂါက ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတရုတ်နိုင်ငံသို့သွားရောက်မည့်အကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
သုံးနိုင်ငံထိပ်သီးအစည်းအဝေးကို စီချွမ်ပြည်နယ်၌ ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပမည်ဟု တရုတ်အစိုးရကကြေညာပြီးနောက် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်မည်ဟု ဆူဂါက ပြောကြားသည်။ ထိပ်သီးအစည်းအဝေးမှာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု နှစ် ၂၀ ပြည့်အထိမ်း အမှတ်ဖြစ်လာမည်ဖြစ်ပြီး ပစ္စုပ္ပန်၊ အနာဂတ်နှင့်သက်ဆိုင်သော နယ်ပယ်အသီးသီးကိုဆွေးနွေး မည်ဟု ၎င်းကဆိုသည်။ အခြားဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များနှင့်အတူ မြောက်ကိုရီးယား နှင့်ပတ်သက်သော မူဝါဒညှိနှိုင်းဆောင်ရွက်မှုကိုလည်း ဖြေရှင်းမည်ဟု ဆူဂါက ပြောသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ထိပ်သီးဆွေးနွေးပွဲပြင်ပတွင် တရုတ်သမ္မတရှီကျင့်ဖျင်၊ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့နှင့် ဆွေးနွေးမှုများပြုလုပ်ရန် အစီအစဉ်များပြုလုပ် နေကြောင်း သူကဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - ကျော်ထိုက်စိုး

No comments:

Post a Comment