Tuesday, December 3, 2019

တတိယအကြိမ် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်
Image may contain: 1 person, on stage, sitting, child and indoor
နေပြည်တော် ဒီဇင်ဘာ ၂
တတိယအကြိမ်မြောက် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက်စီမံခန့်ခွဲမှု ဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက နှစ်ပေါင်း ၃၀ အတွင်း အထူး သဖြင့် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း စတုတ္ထစက်မှုတော်လှန် ရေးဟုခေါ်သည့် ဒစ်ဂျစ်တယ်နည်းပညာသည် အရှိန်အဟုန် ဖြင့် တိုးတက်လာပါကြောင်း၊ အကျိုးဆက်အနေဖြင့် နယ်ပယ်အားလုံးတွင် များစွာသက်ရောက်မှု ရှိလာခဲ့ပါ ကြောင်း။
ယနေ့ခေတ် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုမှု အရေအတွက်သည် နိုင်ငံလူဦးရေထက်ပင် များပြားပါ ကြောင်း၊ ထို့အတူ ပြည်သူများ၏ ဘဝနေထိုင်မှုပုံစံသည် လည်း များစွာပြောင်းလဲလာပါကြောင်း၊ သတင်းအချက် အလက်များနှင့် ဖျော်ဖြေရေးအစီအစဉ်များကို မိုဘိုင်းဖုန်း များပေါ်တွင် ရယူလာနေကြပြီဖြစ်ပါကြောင်း၊ လူတစ်ဦးနှင့် တစ်ဦး ဆက်သွယ်သည့်ပုံစံနှင့် ပြည်သူအများနှင့် ဆက်သွယ် ဆောင်ရွက်မှုပုံစံသည်လည်း ပြောင်းလဲခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်သူ့ဆက်ဆံရေး( Public Relations ) နှင့် သုတေသန နည်းနာနိဿယများ (Research Methodology) သည်လည်း တိုးတက်ပြောင်းလဲလာပါကြောင်း၊ သတင်းအချက်အလက် ကို မည်သို့ရှာဖွေစုဆောင်းပြီး မည်သို့သုတေသနပြုမည်၊ ရလဒ်များကို မည်သို့ခွဲခြမ်းစိတ်ဖြာပြီး မည်သို့အသုံးချမည် စသည့် သတင်းအချက်အလက်များ စီမံခန့်ခွဲမှုကို ကောင်း စွာနားလည်တတ်ကျွမ်းရန် လိုအပ်ပါကြောင်း၊ စွမ်းရည်မြှင့် တင်ရေး (Capacity Building)သည် ပြီးဆုံးသည်ဟူ၍ မရှိ ဘဲ ပြောင်းလဲနေသည့် ခေတ်စနစ်အခြေအနေနှင့်အညီ လိုက်ပါနိုင်အောင် စဉ်ဆက်မပြတ် ကြိုးစားနေရန် လိုအပ်ပါ ကြောင်း။
ယနေ့ သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များသည် နိုင်ငံ့ဝန်ထမ်းများအတွက် များစွာအဖိုးတန်အသုံးဝင်လှပါ ကြောင်း၊ နောင်နှစ်တွင်လည်း ယခုကဲ့သို့ သင်တန်းများဖွင့် လှစ်နိုင်ရန်နှင့် သင်ကြားမည့်ဘာသာရပ်များကိုလည်း ပိုမို ပြည့်စုံကောင်းမွန်အောင် ကြိုးစားသွားမည်ဖြစ်ပါကြောင်း။
သင်တန်းသားများအနေဖြင့် သင်တန်းတွင် အာရုံစူးစိုက် ကာ နားမလည် မရှင်းလင်းသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းတင်ပြဆွေးနွေးကြစေလိုပါကြောင်း၊ သင်တန်းမှရရှိ လာသည့် အသိပညာ၊ ဗဟုသုတများကိုလည်း ဌာနအတွက်၊ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ထိထိရောက် ရောက်အသုံးချပြီး သင်တန်းတက်ရောက်ခွင့်မရရှိသည့် လုပ်ဖော်ကိုင်ဖက်များကိုလည်း ထပ်ဆင့်မျှဝေစေလိုပါ ကြောင်း ပြောကြားသည်။ ထို့နောက် Konrad Adenauer Stiftung (KAS) ၏ လက်ထောက်စီမံကိန်းမှူး ဒေါ်ခင်သူဇာ ထွန်းက KAS ၏ ဦးတည်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက် များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ Panna Institute မှ ပညာရပ်ဆိုင်ရာ အကြံပေး ဒေါက်တာတင်မောင်မောင်သန်းက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယခု ဖွင့်လှစ်သည့် တတိယအကြိမ် သုတေသနနည်းနာ နိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်သင်တန်းကို ဒီဇင်ဘာ ၆ ရက် အထိ ငါးရက်တာဖွင့်လှစ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်း ၅၁ ဦး တက်ရောက်ကြသည်။
ပထမအကြိမ် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းအချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာအစီအစဉ်သင်တန်းကို ဇွန်လတွင် ဖွင့်လှစ်ခဲ့ပြီး ဒုတိယ အကြိမ် သင်တန်းကို အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment