Wednesday, December 25, 2019

(၇၂)နှစ်မြောက် တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကျင်းပ




Image may contain: 7 people, people standing, people on stage and outdoor
နေပြည်တော် ဒီဇင်ဘာ ၂၄




ယနေ့ကျရောက်သည့် (၇၂)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
အခမ်းအနားတွင် စစ်ဦးစီး အရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်က စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြပြီး ရေတပ်သင်္ဘောကျင်း ဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာ စစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များ နှင့်ပတ်သက်သော စာရွက်စာတမ်း များကို လွှဲပြောင်းပေးအပ်သည်။
ဂါရဝပြုပေးအပ်
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ် ရေးဦးစီးချုပ်(ရေ)က တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များကို ဂါရဝပြု ပေးအပ်သည်။
ထို့နောက် စစ်ဦးစီးအရာရှိချုပ် (ရေ)က တပ်တော်ဝင်စစ်ရေယာဉ် များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော် အလံလွှင့်တင်ခြင်း၊ တပ်မတော်(ရေ) အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင် အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း (၈)ချက်တီးခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များအား အစီအစဉ် အတိုင်း ဆောင်ရွက်ကြသည်။
ရေယာဉ်များစစ်ဆေး
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တပ်တော်ဝင်စစ်ရေယာဉ် များဖြစ်သော စစ်ရေယာဉ်(မုတ္တမ)၊ ကမ်းရိုးတန်း သယ်ယူပို့ဆောင်ရေး ရေယာဉ်(မြစ်ကြီးနား)၊ ၂၇ မီတာ အမြန်သွား ကင်းလှည့်ရေယာဉ်များ၊ ၂၆ မီတာ ပင်လယ်သွားတွဲ၊ ဆွဲရေယာဉ်များနှင့် ၂၀ မီတာမြစ်တွင်း သွား ကင်းလှည့်ရေယာဉ်များအား ကြည့်ရှုစစ်ဆေးသည်။
ချီတက်အလေးပြု
ထို့နောက် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်သည် ဘက်စုံသုံး ထောက်ပံ့ရေးရေယာဉ် (Multi Purpose Vessel-MPSV) ပေါ်ရှိ အလေးပြုခံစင်မြင့်၌ ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။ ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အား ဖရီးဂိတ်စစ်ရေ ယာဉ်-အောင်ဇေယျ ဦးဆောင်သော ဖရီးဂိတ်စစ်ရေယာဉ်-ကျန်စစ်သား၊ ဖရီးဂိတ်စစ်ရေယာဉ်-ဆင်ဖြူရှင်၊ ကော်ဗက်စစ်ရေယာဉ်-တပင်ရွှေထီး၊ ကော်ဗက်စစ်ရေယာဉ်-ဘုရင့်နောင် နှင့် အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်များက Single Line Formation ပုံစံဖြင့် ပုံပြုမောင်းနှင်ပြီး ချီတက်အလေးပြုကြသည်။
ဂုဏ်ပြုချီးမြှင့်
ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြု ချီတက် အလေးပြုခဲ့ကြသည့် စစ်ရေယာဉ်များနှင့် တပ်တော်ဝင် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည် များအတွက် ဂုဏ်ပြုလက်ဆောင် များကိုလည်းကောင်း၊ တပ်တော်ဝင် ရေယာဉ်များ တည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကိုလည်းကောင်း ပေးအပ်ချီးမြှင့် သည်။
ဂုဏ်ပြုအမှာစကားပြောကြား
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် အမှတ်(၃) ရေတပ်ဆိပ်ခံ တံတားမှ ဧရာဝတီရေတပ်စခန်း ဌာနချုပ်သို့ စစ်ရေယာဉ်ရတနာပုံဖြင့် ထွက်ခွာပြီး ဧရာဝတီရေတပ်စခန်း ဌာနချုပ်ရှိ (၇၂)နှစ်မြောက် တပ်မတော် (ရေ) အထိမ်းအမှတ်ပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အထိမ်း အမှတ်ပြခန်းများနှင့် ရေတပ်စခန်း ဌာနချုပ်အလိုက် ပြခန်းများ အား လှည့်လည်ကြည့်ရှုကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment