Thursday, December 26, 2019

ရန်ကုန်အားကစားနှင့် ကာယပညာသိပ္ပံကျောင်း အားကစားလေ့ကျင့်နေမှုများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး လေ့လာကြည့်ရှု




Image may contain: 5 people, people standing
ရန်ကုန် ဒီဇင်ဘာ ၂၅ 



ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ဒီဇင်ဘာ ၂၃ ရက်က အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း (ရန်ကုန်) သို့ သွားရောက်၍ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်း ကျောင်းသား ကျောင်းသူများ၏ ရေကူး၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ကရာတေး စသည့် အားကစားနည်းများ လေ့ကျင့်နေမှုများကို ရှောင်တခင် လှည့်လည်ကြည့်ရှုသည်။
လှည့်လည် ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ အားကစားနည်းများ ဖွံ့ဖြိုးတိုးတက် ရေးတွင် အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်ထောက်ပံ့သူ များ၏ အရည်အချင်းနှင့် စွမ်းဆောင် ရည်များပေါ်တွင် များစွာမူတည်နေ ပါကြောင်း၊ ထူးချွန်သော နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာရေးတွင် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း ခြောက်ကျောင်း၏ အခန်းကဏ္ဍမှာ အရေးကြီးဆုံး ဖြစ်ပါကြောင်း၊ နည်းပြများအနေဖြင့် အားကစား သမားများကို သိပ္ပံနည်းကျ လေ့ကျင့် ပေးရန်လိုအပ်ပြီး အားကစားဖွံ့ဖြိုး တိုးတက်နေသော နိုင်ငံများတွင် ကျင့်သုံးနေသော နောက်ဆုံးပေါ် နည်းစနစ်များကိုလည်း အမြဲလေ့လာ ရန် လိုအပ်ပါကြောင်း။
အားကစားသမား တစ်ဦးချင်း စီ၏ ကျန်းမာကြံ့ခိုင်မှုအခြေအနေ၊ လေ့ကျင့်မှုအခြေအနေ၊ စွမ်းဆောင် ရည်တိုးတက်မှုနှင့် စံချိန်တို့ကို တစ်နှစ်ပတ်လုံး စောင့်ကြပ်ကြည့်ရှု ကာ ကွန်ပျူတာဖြင့် စနစ်တကျ မှတ်တမ်းတင်ထားရန် အရေးကြီးပါ ကြောင်း၊ အားကစားသမား တစ်ဦး ချင်းစီ၏ စံချိန်များကို အရှေ့တောင် အာရှစံချိန်၊ အာရှစံချိန်နှင့် ကမ္ဘာ့စံချိန် များနှင့် နှိုင်းယှဉ်လေ့လာရန်လိုအပ် ပါကြောင်း၊ အားကစားပါရမီမြင့်မား သည့် ထူးချွန်အားကစားသမား များကို သီးသန့်လေ့ကျင့် သင်ကြားမှု များဖြင့် လေ့ကျင့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အားကစားအမျိုး အစားအလိုက် လိုအပ်သည့် အာဟာရ ဖွံ့ဖြိုးပြည့်ဝမှု ရှိစေရေးအတွက် အားကစားသမားများကို အစားအစာ များ စနစ်တကျကျွေးမွေးရမည်ဖြစ်ပြီး ဗီတာမင်နှင့် သတ္တုဓာတ်များ ပြည့်ဝ စေရေး ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနမှ အားကစား သမားများ အာဟာရဖွံ့ဖြိုးမှုရှိစေရေး ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အားကစားသမားအနေဖြင့် လည်း ထူးချွန်အောင်မြင်ရမည် ဟူသော ရည်မှန်းချက်ချမှတ်ကာ စိတ်ဓာတ်ခိုင်မာစွာ၊ ဇွဲလုံ့လပြည့်ဝ စွာဖြင့် ကြိုးစားကြစေလိုပါကြောင်း။
တစ်နိုင်ငံလုံးရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ခြောက် ကျောင်း၏ သင်တန်းသား ရွေးချယ်ပုံ နည်းလမ်းနှင့် စံသတ်မှတ်ချက်များ၊ သင်ကြားပုံနည်းစနစ်များ၊ ကျောင်း အလိုက် အထူးပြုသင်ကြားမည့် အားကစားနည်းများ သတ်မှတ်ရေး၊ အားကစားကိုသာ အဓိကလေ့ကျင့် သင်ကြားပေးပြီး အားကစားနှင့် မသက်ဆိုင်သော အခြားဘာသာရပ် စာများကို တတ်နိုင်သမျှ လျှော့ချရေး၊ နည်းပြများ၏ အရည်အချင်းမြှင့်တင် ရေး၊ ထူးချွန်မည့် အလားအလာရှိသော လူငယ် အားကစားသမားကို ထောက်လှမ်းရှာဖွေခြင်း အပါအဝင် ထူးချွန်သော အားကစားသမားများ လေ့ကျင့် မွေးမြူနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများ၊ ဒုတိယ ကျောင်းအုပ်ကြီးများ၊ နည်းပြများနှင့် အားကစားသမားများ ပါဝင်သော ဆွေးနွေးနှီးနှောဖလှယ်ပွဲကြီးတစ်ခု ကို အမြန်ဆုံးခေါ်ယူကျင်းပသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးအား အားကစားနှင့် ကာယ ပညာကျောင်း၊ ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ဒုတိယကျောင်းအုပ်ကြီး နှင့် နည်းပြများက လေ့ကျင့်သင်ကြား နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment