Thursday, December 26, 2019

၂၀၁၉ ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ်ဆုတောင်းပွဲနှင့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်





နေပြည်တော် ဒီဇင်ဘာ ၂၅



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၏ ဖိတ်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် စိန့်မေရီကာသီဒြယ် ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၏ ကျောင်းတိုက်၌ ပြုလုပ်သည့် ၂၀၁၉ ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်း ဆုတောင်းပွဲအခမ်းအနားသို့ တက်ရောက်၍ ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ စိန့်မေရီ ကာသီဒြယ်ဘုရားရှိခိုးကျောင်းသို့ ရောက်ရှိကြရာ ကက်သလစ်ဆရာတော် ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် သင်းအုပ်ဆရာကြီးများက ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် ဘုရားရှိခိုးကျောင်း အစည်းအဝေးခန်းမတွင် ခရစ္စမတ် ဆုတောင်းပွဲကိုကျင်းပရာ ကျောက်တန်းမြို့ စိန့်မေရီကျောင်းမှ ကက်သလစ် လူငယ်အဖွဲ့က ခရစ္စမတ်သီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ခရစ္စမတ်အထိမ်းအမှတ် ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် သည်။
ယင်းနောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် သတင်းကောင်းနှင့် ဆုမွန်စကား ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခရစ္စမတ်နှုတ်ခွန်းဆက် စကား ပြောကြားသည်။
ပေးအပ်လှူဒါန်း
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ်လက်ဆောင်ပေးအပ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာ တော်ကျောင်းတိုက်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ အလှူငွေကျပ်သိန်း ၅၀ ပေးအပ်လှူဒါန်းသည်။
ခရစ္စမတ်ဂုဏ်ပြုနေ့လယ်စာသုံးဆောင်
ယင်းနောက် တက်ရောက်လာကြသူများအား ခရစ္စမတ်လက်ဆောင် များ ပေးအပ်ပြီး ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ လက်ထောက် ဆရာတော်ကြီး ဂျွန်စောယောဟန်က ခရစ္စမတ်ဆုမွန်ကောင်းစကား ပြောကြား၍ ဆုတောင်းမေတ္တာပို့သကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများသည် ခရစ္စမတ်ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment