Thursday, December 26, 2019

တံတားဦးလေဆိပ်တွင် ခရီးသွားအထောက်အကူပြု QR Code များထားရှိခြင်းနှင့် Digital Concierge System-Beta Version တပ်ဆင်ခြင်းအခမ်းအနား ကျင်းပ




Image may contain: 14 people, indoor
မန္တလေး ဒီဇင်ဘာ ၂၅ 



ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနသည် မြန်မာနိုင်ငံ၏ ခရီးသွားလာ ရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက် စေရေးအတွက် Digital နည်းပညာ ကိုအသုံးပြု၍ မြန်မာနိုင်ငံ ခရီးသွား မြှင့်တင်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ခရီးသွားအထောက်အကူပြု QR Code များ ထားရှိခြင်းနှင့် Digital Concierge System-Beta Version တပ်ဆင်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ တံတားဦး လေဆိပ်၌ ကျင်းပသည်။
ခရီးသွားဧည့်သည်များ စတင်အသုံးပြု
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် မန္တလေးတိုင်းဒေသ ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူတို့က မန္တလေးမြို့ တံတားဦးလေဆိပ်ရှိ Information counter တွင် စတင်အသုံးပြုမည့် ခရီးသွားအထောက်အကူပြု QR Code စတင်ထားရှိခြင်းနှင့် Digital Concierge System-Beta Version စနစ် စတင်အသုံးပြုခြင်း အခမ်း အနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး လေဆိပ်အတွင်းရှိ QR Code များ တပ်ဆင်ထားရှိသည့် နေရာများတွင် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ စတင်အသုံးပြုသည့် အခြေအနေများကို လှည့်လည် ကြည့်ရှုကြသည်။
ခရီးသွားအချက်အလက်များရရှိရန်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်း ဒေသကြီး ဒေသဆိုင်ရာ ခရီသွား လုပ်ငန်း ကော်မတီဝင်များ၊ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူ များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ရှင်များနှင့် တွေ့ဆုံဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခုအခါတွင် ခေတ်ရေစီးကြောင်း နှင့်အညီ Digital နည်းပညာကို အသုံးပြု၍ ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများကို ယခုနှစ် ဧပြီလမှ စတင်ကာ ဦးစားပေးကဏ္ဍတစ်ရပ် အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရ နှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ ပိုမို ပူးပေါင်းလက်တွဲ၍ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်မည့် စနစ်တစ်ခု ပေါ်ပေါက်စေရေး၊ ရည်မှန်းထားသည့် ခရီးသွားဈေးကွက် များမှ ခရီးသွားဧည့်သည်များကို ထိရောက်စွာ မြှင့်တင်ကြော်ငြာရေး နှင့် မြန်မာနိုင်ငံ၏ပုံရိပ်ကို ပိုမိုမြှင့်တင် သည့် လုပ်ငန်းများအား Digital နည်းပညာ အသုံးပြုကာ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသို့ လာရောက်သည့် ဧည့်သည်များအနေဖြင့် ခရီးသွား လုပ်ငန်းဆိုင်ရာ သတင်းအချက် အလက်များကို ထိရောက်မြန်ဆန် လွယ်ကူစွာ ရရှိနိုင်ရန်အတွက် QR Code များကို ထားရှိခြင်းဖြင့် ခရီးသွား ဧည့်သည်များသည် ဆောင်ရန် ရှောင်ရန်နှင့် သိရှိထားသင့်သည့် အချက်များ၊ ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များကို ဝန်ကြီးဌာန၏ Website မှတစ်ဆင့် တိုက်ရိုက် ကြည့်ရှုနိုင်ပြီး ခရီးသွားလာမှု လွယ်ကူ အဆင်ပြေစေရေးကို များစွာ အထောက်အကူပြုစေမည် ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဆွဲဆောင်မှုများကို ရည်မှန်းခရီးသွား ဈေးကွက်များမှ ခရီးသွားဧည့်သည် များ ပိုမိုသိရှိနိုင်စေရေးအတွက် နည်းပညာကို အသုံးပြု၍ Online Platforms များမှတစ်ဆင့် မြှင့်တင် ကြော်ငြာရေးလုပ်ငန်းများကို မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်က ဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု ၊ Digital နည်းပညာ ကို အသုံးပြု၍ ခရီးသွားလုပ်ငန်း မြှင့်တင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဟိုတယ်ဧည့်သည် စာရင်းများကို Online အသုံးပြု ပေးပို့ရေးဆောင်ရွက်မှု ၊ ဝန်ကြီးဌာန ၏ E-Government စနစ် အသုံးပြု ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ဝန်ကြီးဌာနကို Green and Services Ministry ဖြစ်စေရေး အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မန္တလေးတိုင်းဒေသ ကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ တိုင်းဒေသ ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ ဟိုတယ်နှင့် တည်းခိုရိပ်သာများ ဆောက်လုပ်ခွင့်ပြုခြင်း၊ လုပ်ငန်း လိုင်စင်ခွင့်ပြုပေးနေမှု၊ ပုဂံဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် တက်ရောက်လာကြ သူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်း ဒေသကြီး ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ နှင့်တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ခရီးသွားဧည့်သည် များ လုံခြုံစိတ်ချစွာ သွားလာလည်ပတ် နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment